အပိုင်း ၄

734 65 1
                                    

စောစောစီးစီး မှုန်ကုတ်နေတဲ့ မုန်းမာန် ကြောင့်...

"ကိုကြီး..ဘာဖြစ်လို့လဲဟင်..."

"ဟွန်း..ရတုမြိုင် ကျွန်းရဲ့ နောက်ဖက်ခြမ်း မှာ ညက မုန်တိုင်းပြင်းပြင်းတိုက်လို့ ဒဏ်ရာ ရသူ တော်တော် များတယ်တဲ့.. အဲ့တာ အကိုတို့ ပရဟိတ အဖွဲ့က မဖြစ်မနေလိုက်သွားမှရမှာ..အဲ့တာ ညီ့ကိုဒီမှာ.."

"ဟာ..ကျွန်တော့်ကိုဘာမှ မပူပါနဲ့ စိတ်ချလက်ချသာသွား..ကျွန်တော် တယောက်ထဲနေနေတာ ၅နှစ်တောင်ရှိပါပြီနော်..ဟွန်း.."

မြတ်သောတို့က ၁၀တန်းအထိ မုန်းမာန်တို့ တလမ်းကျော်မှာ အဘိုးနဲ့ နေခဲ့ ပေမဲ့...အဘိုးဆုံးပြီးထဲက ဒီမတ္တရာကျွန်းကနေ K န်ိုင်ငံက  ယုဇနာကျွန်းဆီပြောင်းသွားတာပင်..။

သြော်..ဘိုးဘိုးဆုံးသွားတာ ၅နှစ်တောင်ရှိနေပြီပဲ..။

အကိုမုန်းမာန်ကို ပြောနေရင်းက အဘိုးဖြစ်သူကို သတိရသွားဟန်နဲ့ မြတ်သော မျက်နှာညှိုးသွားသည်မို့

"အင်းပါ..အကို ဟိုက ကိစ္စ တွေပြီးတာနဲ့.​...ပြန်လာမယ်နော်..ဟိူလူလဲ ဒီနေ့တော့ နိုးလောက်ပြီ အကိုမရှိဘူးဆိုတော့..သစ္စာကိုခေါ်လိုက်ပါလား...."

မတော်လို့.. သူမရှိတုန်း..ဟိုလူ ကလေးကိုခုခု လုပ်ရင် ဘယ်နှယ့်လုပ်လဲ။မဖြစ်ပါဘူး..သစ္စာကို ခေါ်ပေးခဲ့မှ ဖြစ်မယ်...။

📱နီယောက်ပြန့်ချန်..ထုံဟွားလီ နီအိုက်တဲ့ နာ့ကဲ့ ထျန်းရှိ 📱

(@ဟိုးဝေးမှာ..နေတဲ့ခါ..မျက်ဝန်းတွေထဲ မင်းပဲ မြင်..သီချင်းရဲ့တရုတ်မူရင်းပါ ထုံဟွာ့ လို့ခေါ်ပါတယ်)

"ဟ ဟားး....ကိုကြီးရေ အသက်ရှည်ဦးမယ်...ပြောတုန်းရှိသေး..မယ်မင်းကြီးမလေးက ဖုန်းခေါ်နေပြီ...ဟယ်လို.."

"ဟဲ့..နင်ဟိုမှာလားဟင်...ညနေကြ ပွဲတပွဲ ရှိနေတာ မော်ဒယ်က ပြန်သွားလို့ငါတိုင်ပက်နေတယ်.. နင်အခုပြန်လာခဲ့ပေးပါလားဟင်..ခု လာရင် ညနေ မှီပါတယ်..ကားက ၃နာရီကျော်ကျော်လေး ပဲ မောင်းရတာကို နော်နော် နော်"

နှောင်တွယ်ရစ်ငင် Where stories live. Discover now