Zawgi 25

154 9 0
                                    

M နိုင်ငံ Ar Shar PRINCE hotel အပေါ်ဆုံးထပ် ဥက္ကဋ္ဌ ရုံးခန်းအတွင်း၌

"ဆရာ..သခင်နဲ့တူတဲ့ သူတယောက်ကို.. K နိုင်ငံက ယုဇန ကျွန်းပေါ်မှာ တှေ့တဲ့လူရျှိပါတယျတဲ့..."

"ဘာ..ဒါဆို အဲ့ကို သွားဖို့ အမြန်စီစဉ်လိုက်တော့..."

"ဒါပေမဲ့..."

တဝက်တပျက်နဲ့ ရပ်သွားတဲ့ လက်ထောက်စကားကြောင့် အဲလက် စိတ်မရှည်ဖြစ်သွားကာ

"ပြောစရာ ရှိမြန်မြန်ပြောစမ်း"

"ဟုတ်ကဲ့..သတင်းရတာက အခု Boss က ဓားဒဏ်ရာ ရယ် ခေါင်းထိထားတဲ့ ဒဏ်ရာ ရယ်နဲ့ ဆေးရုံတတ်နေရတာပါတဲ့.."

"ဒါဆို..Boss ဟုတ်တာပေါ့.."

"မဟုတ်သေးဘူးဆရာ..Boss သာဆို အဲ့ဒဏ်ရာ နဲ့ဆေးရုံ ရောက်သင့်တာ လွန်ခဲ့တဲ့ ၃လ ကျော် လောက်ထဲက ဖြစ်ရမှာလေ..အခုဟာက မနေ့ကမှ ညတွင်းချင်း ရောက်လာတာတဲ့.. "

"ဘယ်လို..တခုခုတော့လွဲနေပြီ..ဒါပေမဲ့..ဟင်း...မတတ်နိုင်ဘူး သွားတော့ကြည့်ရမှာပဲ...ပြင်သာ ပြင်ဆင်ထားလိုက်..သြော်..သိုသိုသိပ်သိပ်လှုပ်ရှားဖို့ မမေ့နဲ့.. ရှေးဦးခေတ် တို့ အရင်ရှာတွေ့သွားရင်..Boss အတွက်အကျိုးမရှိဘူး"

"ဟုတ်ကဲ့ပါဆရာ.."

အခန်းထဲက တပည့်ဖြစ်သူ ထွက်သွားတာ နဲ့ သူပါ လိုလောက်မယ်ထင်တဲ့ စာရွက်စာတမ်းတွေ ထည့်လိုက်တော့သည်။

ကျွန်တော်လာတွေ့ရမဲ့လူကတကယ်ပဲ အကိုဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

.........................................
Royal YuZaNar ( တော်ဝင်ယုဇနာ)ဆေးရုံ

အခန်းနံပက် ၃၆..မနက် ၉ နာရီ

"အား...ကျွတ်ကျွတ် "

ညီးညူသံနဲ့အတူ ကုတင်ပေါ်က လူက လူးလွန့်ရင်း ထ ထိုင်လေသည်။

တရိတ်ရိတ်မူးလာတာမို့ ခေါင်းဆီ လက်လှမ်းဖို့ ပြင်မိတော့လက်က လှုပ်မရတာမို့ ပိတ်လုဆဲဆဲ မျက်လုံးတို့က အသေအချာ ပွင့် လာလေတယ်။

သူ အချုပ်အနှောင် ခံထားရတာလား။

မျက်စိသေချာဖွင့်ပြီး လက်ရှိရာ ကြည့်မိတော့ သူ့လက်ကို သေချာဆုတ်ကိုင်ထားရင်း ကုတင် ပေါ်ပါးအပ် အိပ်နေသူ လေးအား တွေ့လိုက်ရသည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now