အပိုင်း ၉

532 57 0
                                    

ပြတင်းပေါက်ကနေ...မြင်လိုက်ရတဲ့ အနက်ရောင် ဆံပင်ရှည်ကြီးကြောင့်..အိမ်ထဲဝင်လာတဲ့ သစ္စာ ဇဝေဇဝါ ဖြစ်သွားတယ်။

ဘယ်သူပါလိမ့်..ဟိုဆံဖြူလူကြီး..ဆံပင်က အဖြူပါ ကိုယ်လုံးလဲတူဘူးပဲ..။ကိုယ်လုံးက..က...ဟင်..မြတ်သော..။

တအံတသြနဲ့..အိမ်ထဲပြေးဝင်ကာ..ထိုလူကို ဆွဲလှည့်လိုက်တော့...

လှ..လှလိုက်တာ

မိန်းကလေးဖြစ်တဲ့ သူပါ..တခနတော့ ငေးမောမိအောင်လှရက်လွန်းသူက မြတ်သောရယ်..။

"ဟဲ့ နင့် နင့်ဆံပင်တွေက ဘာ ဖြစ်သွားရတာတုန်း”

"ဟဲ..ငါလေ..ဟို လူကြီး..အဲ..ဒိုက်ရဲ့ ဆံပင်တွေကို ကြည့်ပြီး သဘောကျသွားလို့လေ..အာ့နဲ့..မနက်က လူကြီးဖို့ အကျီ်နည်းနည်းသွားဝယ်ရင်းဆံပင်တု ဝယ်ဆွတ်ကြည့်တာ..အရင်က နင်က ငါ့ကို အဝါရောင် အရှည်တွေပဲ ပေးဝတ်ဖူးတာလေ အခု အသစ်အဆန်းလေးများဖြစ်မလားလို့ အမဲ ဝယ်လာတာ ငါနဲ့ လိုက်လားဟင်..”

"လိုက်တာပေါ့ဟာ..လုံးဝ အမေးဇင်းပဲ...ငါက နင် အမြဲ ရွှေရောင်လေးနဲ့နေနေတာ ဆိုတော့ အရှည်ကိုလဲ ရွှေရောင် လေးပဲ ပေးဝတ်မိတာ..အတော်ပဲ..ကတ်သလောက် ထုတ်ဖို့ ရှိနေတာ နင့်ဒီပုံနဲ့ပဲ ရိုက်တော့မယ်..ဒါနဲ့..ငါ့ကို ဘာလို့ခေါ်တာလဲ..”

သစ္စာက ထိုလူကြီးဖို့ယူလာတဲ့ အကျီ်ထုပ်လှမ်းပေးရင်းမေးလာတာမို့..တိုးတိုးတိတ်တိတ် ညက ကိစ္စကို ပြောပြ မိတော့..

"ဘာ..ဟဲ့ ကြည့်လဲ လုပ်ဦး နင့်လူကြီးကလဲ..Normal မဟုတ်ဖူးနော်..အန္တရာယ် တွေ ဘာတွေ ပြုနေဦးမယ်”

"အဲ့လောက်တော့ ဆိုးပုံမရပါဘူးဟာ..နည်းနည်းယဥ်ယဥ်လေးပါဟ..မနက်ကျတော့လဲ မှတ်မိတဲ့ပုံမပေါ်ဘူး..”

"ဒါနဲ့..အခု သူရော..”

"ငါ..ဆေးရုံသွားပြဖို့ ရေချိုးခိုင်းထားတယ်”

"ဟွန်း..နင်ကတော့..တကယ်သပွတ်အူကို အိမ်ခေါ်ထားတာပဲ..”

ငါ့အကို ကို ပြောပြလိုက်ရင် ကောင်းမယ်ထင်တယ်.။တော်ကြာ ပြန်လာရင် ငါ့ကို ထောင်းနေဦးမယ်

နှောင်တွယ်ရစ်ငင် حيث تعيش القصص. اكتشف الآن