"အကို.....ကျွန်တော် မြို့လည်က အိမ်မှာ အနားယူဖိူ့ ပြင်ဆင်ခိုင်းထားပြီ ပြီ...အကိုသောက်တာလဲ...တော်တော်များနေပြီဆိုတော့ ကျွန်တော်တို့ သွားကြ
တော့မလား..."အဲလက်စ် စကားကို အသာလက်ခါပြလိုက်ရင်း..မသဲ မကွဲ လေ သံ နဲ့ ပဲ
"မင်း...အောက်မှာစောင့်နေလိုက် ငါတယောက်ထဲ ခနနေချင်တယ်..."
"ဒါ..က..."
အဲလက်စ် တခုခုပြောဖို့ ကြိုးစားပြီးကာမှ..တနေကုန်တင်းမာနေတဲ့..အရှင့်သား မျက်နှာကြောင့် မပြောတော့ပဲ အသာ အခန်းပြင်သာ ထွက်လာလိုက်တော့သည်။တကယ်ဆို တခြားကုမ္ပဏီနဲ့ ပူးပေါင်းဖို့ အစည်းအဝေးလုပ်ဖို့ သွားခေါ်လာတာပါ..ဘာလို့ ဘောစ့်က မနက်ထဲက စိတ်အလိုမကျနေမှန်းမသိ...။အစည်းအဝေးဖြစ်မြောက်တဲ့အထိန်းအမှတ် အရက်တွေ ဆက်တိုက် သောက်ခဲ့ ရတဲ့ အပြင်ကိုမှ အကုန်လုံးပြန်သွားတာတောင် Boss က အရက်ပြင်းတွေ ထပ်မှာပြီး ဆက်သောက်နေခဲ့တာ ဘယ်နှပုလင်းရှိမှန်း ရေပင်မရေနိုင်တော့,
တားမရသည့်အဆုံး..မြတ်သော စိတ်မပူအောင်သာ ဖုန်းခေါ်လိုက်ရတော့သည်..။
တီ...တီ...
"ဟယ်လို..အကိုအဲ့လက်စ် ပြန်ရောက်နေကျပြီလား...ခနနော် ကျွန်တော် အခုပြန်လာတော့မယ်..နောက်နာရီဝက်လောက်ဆိုရောက်မှာပါ..."
"အာ...မဟုတ်ဖူးဗျ...စမ်းသပ်စရာလေးတွေရှိသေးတာမို့....အကို အာရှာ ဒီနေ့တော့ ပြန်မလာဖြစ်တော့ဘူး ခင်မျာ့...အဲ့တာ မြတ်သောစိတ်ပူနေမှာဆိုးလို့ လှမ်းအကြောင်းကြားတာပါ......"
အဲလက်စ် စကားဆုံးသွားတော့ တဖက်က စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီး မှ
"အော်...ဟုတ်ကဲ့ပါ...ကျေးဇူး ပါအကိုအဲလက်စ် ဒါဆို..ဖုန်းချခွင့်ပြုပါ ဦးနော်...ကျွန်တော် နည်းနည်းသိမ်းစရာလေးတွေရှိနေသေးလို့..."
မြတ်သော ဖုန်းချလိုက်ရင်း..သက်ပြင်းငွေ့ငွေ့ချလိုက်မိတယ်..။
ဒီနေ့က စပြီး တယောက်ထဲ ပြန်နေတတ်အောင် ကြိုးစား ရတော့မှာပဲ...
"ဟဲ့..မြတ်သော နင့် အပိုအကျီရော.."
အတွေးများနေရင်း ရုတ်တရက် ထအော်တဲ့ သစ္စာ စကားကြောင့် မြတ်သော စဥ်းစားလိုက်တော့
ဟုတ်တာပေါ့ မနက်က သူစိတ်နဲ့ ကိုယ်နဲ့ မကပ်တာမို့ အဝတ်ထုတ်မယူလာလိုက်မိဖူးပဲ" အာ...ငါမေ့ပြီးမယူလာလိုက်မိဘူး."
သစ္စာက ရယ်လိုက် ကာ
"ဖြစ်ရလေ...ထားတော့ ခုက Design ခိုးတဲ့ ကိစ္စရှင်းရဦးမှာဆိုတေယ့ ငါလဲ အခန်းပြန်ပြီး အဝတ်ယူပေးလို့မရဘူးဟ...ဒါပဲ ဝတ်သွားလိုက်တော့နော်.."
"အင်းပါ..ရပါတယ်ဟ...ဒါဆိုငါသွားတော့မယ်နော်..."
................................................
စိတ်ရှုပ် ထွေးစွာနဲ့...ခေါင်းထူကြည့်မိတော့ ထိုးကိုက်လူတဲ့ခေါင်းကြောင့် သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။အားယူရင်း ဓာတ်လှေကားရှိရာ လျှောက်လာရင်းက..တဖက်ဓာတ်လှေကားကနေ အောက်ဆင်းဖို့ဟန်ပြင်နေသော
ပုံရိပ်လေးကြောင့်...ရုတ်တရက် အမူးပင်ပြေလုလု...။ဒါ.... မြတ်သောပဲ...။မမှီတော့မှာ ဆိုးသည့်စိတ်နဲ့
တဖက်စီ အရှိန်နဲ့ ပြေးလွှားသွားမိရင်း..နီးကပ်လာချိန်မှာတော့...နောက်ကနေ သိမ်းယူပွေ့ဖက်လိုက်မိတော်သည်။"ကိုယ့်ကို ဘာလို့ ရှောင်နေရတာလဲ...ကိုယ့်ကို ဘာလို့ရှောင်နေခဲ့တာလဲဟင်...မင်းမကြိုက်တာ ကိုယ်ဘာလုပ်လိုက်မိလို့လဲ"
ကပ်တချက်မကပ်တချက်အသိနဲ့...တနေကုန်တွေးနေမိတဲ့မေးခွန်းကိုသာ အထပ်ထပ်မေးလိုက်မိပေမဲ့...တဖက်က ပြန်ဖြေလား မဖြေလားတောင်...သေချာ မကြားနိုင်တော့...။
သေးသွယ်သွယ် ခါးလေးကိုသာ..တင်းသထက်တင်းအောင်တိုးဖက်ထားလိုက်ရင်း....ပုခုံးထက်ထဲ ခေါင်းနှစ်ထားလိုက်မိတော့တယ်...။
ဟင်...ဒီ အနံ့က......။
YOU ARE READING
နှောင်တွယ်ရစ်ငင်
Romanceတခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်တာ..လူသားတဦး ဖြစ်လာတဲ့ အခါ...။ .............................................. အတ္တကြီးတယ်လို့ဆိုဆို...