အပိုင်း ၃၆

295 19 2
                                    

"လူနာရှင်တွေက ဒီမှာ စောင့်ပေးပါ"

ဒီနေ့တော့ ရူတင်နားရက်မို့...လူကြီးတို့ ဆေးရုံ ပြတဲ့ ဆီ မြတ်သောပါ လိုက်လာခဲ့သည်။လူကြီး ပြရတဲ့ ဆေးရုံက သူတို့အိမ်ကနေ ၂နာရီ မျှ ကားမောင်းရတဲ့ S မြို့ မှာ...။မိုးလင်းလင်းချင်း...ကိုအဲလစ်နဲ့ ဒရိုက်ဘာဖြစ်သူက လာခေါ်တာမို့ မြတ်သောကတော့ တလမ်းလုံး လူကြီးပုခုံးပေါ်မှီပြီး အိပ်လိုက်လာရသည်။

"အကို​လေး မြတ်သော...ကျွန်တော်တို့ကို အောက်က မုန့်ဆိုင်မှာသွားစောင့်ပါတဲ့...Boss က "

မနက်က ပါလာတဲ့ ဒရိုက်ဘာဖြစ်သူစကားကြောင့်လိုက်သွားရ နိုးနိုး မလိုက်ရနိုးနိုး ဇဝေဇဝါ ဖြစ်နေတာမို့ ဆရာဝန်နဲ့ စကားပြောနေသည့်လူကြီး ကို လှမ်းကြည့်မိသည်။ဒရိုက်ဘာလို့ ဆိုပေမဲ့ ဒီလူကို မြတ်သော ကိုအဲလစ်လာတိုင်းပါလာတတ်တာမို့ မြင်ဖူးနေကြပင်..။လူကြီးကလဲ သူ့အကြည့်ကို မြင်ဟန်နဲ့ အနား ပြန် လျှောက်လာကာ...

"မနက်စာ မစားရသေးဘူးမှတ်လား..ကိုယ်က ကြာဦးမှာ...သူနဲ့ လိုက်သွားလိုက်နော်....ဒီမှာ စမ်းသပ်လို့ ပြီးရင် ကိုယ်လိုက်လာခဲ့မယ်..."

လူကြီးစကား ဆုံးတော့ ဘေးကပြန်ပါလာတဲ့ အဲလစ်ကပါ

"လိုက်သွားလိုက်ပါ..မြတ်သော..သူက ကျွန်တော့်ရဲ့ လက်ရုံးပါ..အကိုအာရှာ
ရဲ့ ညာလက်ရုံးလဲ ဟုတ်ပါတယ်....နာမည်က ပြည့်စုံ တဲ့..
မြတ်သော တခုခုလိုအပ်တာရှိရင် သူ့ပြောလို့ရပါတယ် အားမနာပါနဲ့ "

အကိုအာရှာ ဆိုတဲ့ အခေါ်အဝေါ်ကြောင့် မြတ်သော နည်းနည်းစိမ်းသက်သလိုခံစား လိုက်ရတယ်။သူ့အတွက်တော့ လူကြီးက သူပေးထားတဲ့ ဒိုက်ဆိုတဲ့ နာမည်နဲ့ပဲ ပို ရင်းနှီးသည်လေ..။

အေးလေ..ဒိုက်ဆိုတာ အစစ်အမှန်မှ မဟုတ်တာ..။သူ့ရဲ့ စိတ်ကူးနဲ့ပေစထားတဲ့ နာမည် သက်သက်ပဲဟာ။အာရှာဆိုတာက မှ လူကြီးရဲ့ အစစ်အမှန်ဘဝပဲလေ။

အတွေးနဲ့ အတူ...မြတ်သော မျက်ဝန်းထဲ မသိမသာ မှိုင်းပြ သွားရသည်။ဘယ်သူမှ မမြင်အောင် ​မျက်လွှာချ ဖုံးကွယ်လိုက်ရင်း...

"အင်း..ဒါဆို မြတ်သော အောက်မှာ စောင့်နေမယ်နော်..."

လူကြီးက ပြုံးကာ ခေါင်းငြိမိ့ပြလိုက်ရင်း...ဆရာဝန်နဲ့ပြန်လိုက်သွားသည်။ လူကြီးနောက်ကနေ အဲလက်စ်ကလဲ အတူပါသွားသည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now