အပိုင်း ၈

569 48 0
                                    

ကျွန်းဒေသမို့ မိုးရာသီရဲ့ ရာသီဥတုက မြေပြန့်ထက် တော့ အအေးပိုကဲလေတယ်။လေက လဲ ပြင်းလှသည်မို့..နွေးနွေးထွေးထွေး နေကြရသည်။ ခက်တာက..အကို မုန်းမာန် ရော..သူ့သူငယ်ချင်းဝနရောက... ဆံရှည်ကိုယ်တော်လောက် ကြွက်သားတွေ ဖုထစ်မို့မောက်မနေတာမို့ က်ုယ်တော်လေးဖို့က တော်တဲ့ အကျီ်က မရှိ..။ဘာ ဗလ မှ ပြစရာမရှိတဲ့ သူ့ အကျီ်တွေနဲ့သာဆို..ပြီးပါလေရော။အခုဝတ်ပေးထားတဲ့..အကိုမုန်းမာန်ရဲ့ အကျီတွေက ပင် ထိုလူကြီး အတွက်ကျ ကြပ်ကြပ်ထုပ်ထုပ် တိုနှံ့နှံ့လေးတွေရယ်..။

အင်း..မတတ်နိုင်ဘူး..သစ္စာ ကိုယ်တိုင်းယူသွားတာမို့..မနက်ဖြန်တော့သူ့ဖို့အဝတ်လောက်ပါရဲ့..။

အတွေးများနေစဥ်...အတင်းလာဖက်ပြီး လက်မောင်းပေါ်ခေါင်းလာအုံးသူကြောင့်...အလန့်တကြား လှည့်ကြည့်မိတော့..ကိုယ်တော်ချောက အိပ်ပျော်လျက်နဲ့ လာဖက်နေတာမို့...သက်ပြင်းချလိုက်မိတယ်။

အသာ ပြန်တွန်းဖယ်လိုက်သော်လည်း...ပို တိုးဖက်လာတာမို့..နေရတာ စိတ်ကသိကအောက် ဖြစ်နေမိတယ်..။

သူကြောက်နေလို့လား..ချမ်းနေတာလား...။ကဲပါလေ..အိပ်ပါစေတော့..။

အတွေးနဲ့အတူ..လွတ်နေတဲ့ လက်တဖက်နဲ့ စောင်သာ ခြုံပေးလိုက်တော့တယ်။

.... .... ...... ....... ...... ...... ...... ...

"အား...ကျွတ်ကျွတ် "

မနက်စာပြင်ရင်း လက်မောင်တဖက်က နာကျင်မှု့ကြောင့် အသံထွက် ပြီး ညီးညူ လိုက်မိတယ်။
မနာခံနိုင် ရိုးလား..။ဝါးခြမ်းပြားသာသာ သူ့လက်မောင်းကို ဆံဖြူကိုယ်တော်ရဲ့ ပုတ်လောက်ရှိတဲ့ ခေါင်းကြီးနဲ့ တည လုံး ခေါင်းအုံးအိပ့ထားတာကို..။သူကလဲ..အရင်ထဲက..သူ့ကြောင့် သူများနိုးသွားမှာ အားနာတတ်သူမို့ မ နိုးအောင်နေပေးလိုက်မိတယ်။ကိုယ်တော်လေးက ညက သူစိတ်လွတ်သွားတာ သတိရဟန်မပေါ်။

အဲ့ကိစ္စဆရာဝန်ဆီ..ပြောပြရမယ်
င့်..နာလိုက်တာ

လက်မောင်းကို နှိပ်ရင်း ယောင်ရမ်းပြီး နှုတ်ခမ်းဆူမိတော့..ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းလေးက ​ပန်းဖူးလေးသဖွယ်..ဆူထွက်လာတယ်။

"ဟင်..ဘာလိုလို့လဲ...အကို..စားလေ..။"

ပန်းရောင် နှင်းဆီဖူးလေးကို..သတိလက်လွတ်စိုက်ကြည့်မိနေတုန်း..ကောင်လေးက ပြောလာတာမို့..

"အာ..မ..မလိုပါဘူး..ဒါနဲ့..ကိုယ်က ကိုယ့်ကိုကိုယ် ဘယ်သူမှန်း မသိတော့..ဘယ်..ဘယ်ပြန်ရမှန်းလဲ မသိဘူး.."

ပြောနေရင်း..စိုးရိမ်ပူပန်ဟန်နဲ့..မျက်နှာငယ်ကာ ပြောနေသူကို ကြည့်ရင်း. မြတ်သော မနေတတ်စွာ..

"ရပါတယ်..ဆရာဝန်ကပြောတယ်..ခင်များ အတိတ်မေ့နေတာက ယာယီပဲတဲ့..
ယာယိတော့..ကျွန်တော်နဲ့ပဲ လိုက်နေပေါ့လေ..။ ကျွန်တော်က တယောက်ထဲနေတာ..အဖော်ရတာပေါ့ဗျာ..”

"ဖြစ်..ဖြစ်ပါ့မလား..ကိုယ့်ကိုလဲ မင်းမသိဘူးဆို..။ပြီးတော့..ကိုယ့်မှာက ဒဏ်ရာ တွေလဲ ပါလာတော့..မတော်လို့ ကိုယ်က လူကောင်းတယောက် မဟုတ်ဖူးဆိုရင်..မင်းကိုပါ အန္တရယ်ထဲ ဆွဲသွင်းမိသလို ဖြစ်နေပါ့မယ်,. ..”

သူ့စကားကြောင့်..ကောင်လေးက သွားဖွေးဖွေးလေးတွေ လှစ်ခနဲ ပေါ်လာတဲ ထိပြုံးရင်း...

"ကျွန်တော်တော့..ခင်များက လူဆိုးလို့ မထင်ပါဘူး..အွန်း..ရုပ်ရှင်တွေ ကြည့်ဖူးတယ်မှတ်လား..မင်းသားကို မကောင်းတဲ့ ကောင်တွေက လုပ်ကြံ လို့ အတိတ်မေ့သွားတာမျိုးလေ..ခစ်ခစ်.. ခင်များလဲ အဲ့လို ဖြစ်ချင်ဖြစ်မှာပေါ့..။”

ဘာကို..ယုံပြီး..စိတ်ချနေမှန်းမသိတဲ့ကောင်လေးရဲ့ အပြုံးတွေကို မြင်တော့.သူပင်ဘာဆက်ပြောရမှန်းမသိ..။

အွန်း..လူတကာကို ဒီလိုပဲ လူကောင်းလို့ ယုံပေးနေတတ်တာလား.။ဒီကလေးလေးက ဖြူစင်လွန်းတာလား။အ​န္တရာယ်ကိုမမြင်တတ်တာလား။အေးလေ..လောလောဆယ်ငါ့မှာလဲ..ဘယ်သွားမယ်မှန်းမှသိတာ

"အွန်း..လောလော ဆယ်တော့ အကို့ကို.. ဒိုက် လို့ ခေါ်မယ်နော်..နာမည်ပြန် မ မှတ်မိသေးဘူးဆိုတော့..”

”

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
နှောင်တွယ်ရစ်ငင် Where stories live. Discover now