အပိုင်း ၇

587 60 1
                                    

ဝုန်း  ဂျလုံး ကလုံးးးးးး

မုန်တိုင်းရှိသည်မို့..မိုးသံလေသံတို့နဲ့ ပတ်ဝန်းကျင်တခုလုံးက ဆူညံ ပွက်လော ရိုက်လျက်...ရေထသောက် ဖို့ လုပ်ရင်း ဘေးခန်းက ဖြတ်အသွား...

"အကိုတော် အကိုတော်...ညီတော် ညီတော် ကြောက်တယ်..မိုးတွေ မိုးတွေ ချိန်းနေကြတယ်..ကြောက်တယ်..”

သူ့အရွယ်ကြီးနဲ့မှ မလိုက်.. သူ့ထက်   ပိုသေးညှပ်တဲ့ မြတ်သောကို အတင်းဖက်ပြီး ခေါင်းတိုးဝင်နေတာမို့..မြတ်သော နောက်ပြန်မလဲ အောင် မနည်း ထိန်းနေရတယ်...။

ဘာလဲ..ဘာဖြစ်တာလဲဟ..။ခေါ်တာက လဲ အကိုတော်တဲ့ ။ဗုဒ္ဓေါ
။ရူးတာတောင်..မင်းမျိုးမင်းနွယ်ရူးရူးသွားတာလား..။

"အင်းပါ..အင်းပါ..မကြောက်နဲ့နော်...ကျွန်တော်ရှိတယ်...ကျွန်တော်ရှိတယ်..”

နောက်ဆုံးတော့.. သူပဲ..စိတ်အေးအေးထားကာ..ကျောပွတ်ပြီးချော့ပေးလိုက်ရတော့တယ်။

စိတ်ဖောက်ပြန် ပြီးငါ့ကိုတော့သတ်လောက်ဖူးမှတ်လား...။

"အ..အကိုတော်..ညီတော်..ဗိုက်.ဗိုက်အရမ်းဆာတယ်...”

"ဟမ်”

မျက်ရည်လေးဝိုင်းကာ..ရင်ခွင်ထဲကနေ ခေါင်းမော့ ပူဆာသူကြောင့် ကြောင်ပင် ကြောင်သွားသည်။ ခုနေသူတို့ကို သာ ဘေးက ကြည့်နေသူရှိရင် အော်ရယ်မိမှာ အမှန်ပဲ..။ဆံဖြူလူသားက သူ့ထက်အရပ်ရှည်တာမို့ သူ့ရင်ခွင် ထဲ ဝင်တိုးဖို့ အရေးဒူးတွေကို ကွေးထားရတာလေ.။အဲ့လို ကို့ယို့ကားယားအနေ အထားကြီးနဲ့ ကိုမှ ထပ်ပြီး ခေါင်းမော့ မေးနေသေးတယ်။

"အင်းပါ..လာလာ..ထမင်းကျွေးမယ်နော်..မငိုနဲ့နော်တိတ်တိတ်”

မျက်ရည်တွေကို အနားက သူ့အကျီ်အနားစနဲ့ သုတ်ပေးရင်း ထိုလူကြီးကို စေ့စေ့ကြည့်မိတယ်။

ထူနက်နက်မျက်ခုံးတွေ ..မျက်ဝန်းပြာပြာနဲ့..နှာတံ ​မြင့်မြင့် ကြီးက ဖော်ရိန်နာ တယောက်ဖြစ်ကြောင်း သက်သေပြနေတယ်။မေးရိုးတွေ ထင်းထွက်နေကာ..တည်ကြည်ပြတ်သားဟန်ရတဲ့ နှုတ်ခမ်းတွေက...ခပ်ထူထူပြည့်ပြည့်..။

နှောင်တွယ်ရစ်ငင် Where stories live. Discover now