5(Zawgi)

333 10 0
                                    

"အား...ကျွတ်ကျွတ်..

အိပ်ရာပေါ်က ကုန်းရုံးထရင်း နာနေတဲ့ ခေါင်းက တဆစ်ဆစ်..။

"ဘယ်..ဘယ်ရောက်နေတာလဲ..

ကုတင်ပေါ်က ထလိုက်ရင်း ပက်ဝန်းကျင်ကို အကဲ ခတ်တော့ အန္တရာယ်ရှိပုံမရသည်မို့ စိတ်အေးသွားတယ်။ရင်ဘက်က နာကျင်မှု့ကြောင့် ငုံ့ကြည့်မိတော့ ပတ်တီးတွေ က အဖွေးသာ..။

ငါဒဏ်ရာရနေတာလား
ငါ့ကိုကယ်ထားကြတာလား..
ငါဘာဖြစ်ခဲ့ပါလိမ့်...။

စဉ်းသာစဉ်းစားတာ ဘာကိုမှ စဉ်းစားလို့ထွက်မလာ..

အိပ်ရာနံဘေး ချထားတဲ့ အဝတ်တစုံတွေ့တော့ ခုလက်ရှိပုံက အမြင့်မသင့်တာမို့သူ လဲ ဖို့ ပြင်လိုက်တယ်..။

ပြီးမှ ဆက်စဉ်းစားကြတာပေါ့..။

ဘယ်သူမှ မရှိချိန် ဘောင်းဘီချွတ်လိုက်သည့်အချိန်...

ကျွီ...။

တံခါးဖွင့်သံ ကြားလိုက်ပြီး လှည့်ကြည့်မိတော့...ရွှေရောင်ဆံသားတွေနဲ့ မိန်းမလှလေးတဦး..။

ဖြူအု ဝင်းမွတ်နေတဲ့ အသားအရည်က ရွှေရောင် ဆံပင်တွေနဲ့ လိုက်ဖက်လှပြီး ကြောင်အစွာ ကြည့်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေက လှလွန်းလို့ သူ တခန တော့ ငေးမောလိုက်မိတယ်..။

ခန...သူအခု အဝတ်မပါတဲ့ ငါ့ကို ဆိုက်ကြည့်နေတာလား..။

အား....။
အားးးးးး

၂ယောက်သား..အော်ရင်း တဖက်လှည့်လိုက်ကျတာ တပြိုင်ထဲ ။

ဟမ်..မိန်းမလှလေးဆီက အော်သံကြီးက မိန်းကလေးသံနဲ့ သိပ်မတူဘူးလားလို့။

အာ...ငါလဲယောကျာ်းလေးပဲကိုဘာလို့ အော်မိပါလိမ့်..။

ချွတ်လက်စ ဘောင်းဘိ ကြီး ကဗျာကယာ ပြန်ကောက်ဝတ်လိုက်ပြီး..

"အဟမ်း...အ.. အကျီဝတ်ပြီး ပါပြီ

တဖက်က သြရှရှနဲ့ ဆွဲဆောင်မှု့ရှိလှတဲ့အသံကြောင့်..မြတ်သောလဲ

"သြော်..ဟုတ်ကဲ့....

"ဟို..ဒီက မိန်းကလေးကို တောင်းပန်ပါတယ်..ကိုယ်က လူမရှိတာနဲ့...အဝတ်လဲ ပြီးမှ..အခန်းပြင် ထွက်လာ မလို့ပါ...

နှောင်တွယ်ရစ်ငင် Where stories live. Discover now