အပိုင်း ၃၈

210 17 2
                                    

"မြတ်သော အစောကြီး သွားရဦးမှာလား...

ဘေးက ထွေးပိုက်ထားတဲ့ ခန္တာကိုယ်သေးသေးလေး ဆီက လှုပ်ရှားမှု့ကြောင့် ဒိုက် အလိုမကျစွာမေးလိုက်မိသည်။ ၅ ရက် ၅ ရက် တိတိရှိပြီ...မြတ်သောက ရူတင်ကြောင့် ဆိုကာ မနက်ဆို အစောကြီး ထသွားကာ ည မိုးချုပ်လုလု မှ အလုပ်က ပြန်လာသည်။ပြန်လာတိုင်းမြင်နေရတဲ့ မြတ်သောရဲ့ နွမ်းဖက်ဖက်ဖျော့တော့တော့ ပုံရိပ်လေးက သူ့နှလုံးသားကို ၃ ၄ ၅ စလောက် ပိုပြီး နွမ်းလျသွားစေတယ်လို့ ဒိုက်ခံစားနေရတယ်။ပြန်လာရင် လဲ..ညစာ စားပြီးပြီဆိုကာ အိပ်ရာ တန်းဝင်ဖို့ပဲ လုပ်တော့သည်။ ခွဲခွာမနေနိုင်တာမို့ တကယ်စိတ်မလွတ်သွားတဲ့ ည ဆိုရင်တောင် သူ မနေ နိုင်စွာ ဟန်ဆောင်ရင်း မြတ်သော နှင့်အတူ ည တိုင်းသွားအိပ် ခဲ့သည်။ဒါပေမဲ့..မြတ်သော ရဲ့ မျက်ဝန်းတွေက သူ အနားမှာရှိနေရတာ မကြိုက်တဲ့ ပုံပေါ်နေတယ်လို့ သူအမြဲ ခံစားနေရသည်။

ဟင့်အင်...မဟုတ်ဖူး..မြတ်သောက ဘာလို့ငါ့ကို မလိုလားရမှာလဲ..ငါစိတ်ထင်နေတာပဲ ဖြစ်မှာပါ။

ဘယ်လိုပဲ သူ့စိတ်ကိုသူပြန်ညာညာ..အချိန်တိုင်း သိစိတ်ထဲ ခံစားမိနေတဲ့ ခံစားချက်ကြီးကြောင့် ဒိုက်ကူကယ်ရာ မဲ့ နေသလို ခံစားလိုက်ရသည်။

ဘာလို့လဲ...ဘာလို့ ဒီလိူဖြစ်နေမှန်းသူမစဥ်းစား တတ်ပေ..။အလုပ်ကို လိုက်ဖို့ ကြံပေမဲ့ မြတ်သောက သူဘယ်လောက်ကြိုးစား ကြိုးစားမခေါ်..။ဒီကြားထဲ အဲလက်စ်ကပါ နေတိုင်း သူ့ကျိုလာခေါျနသေညျမို့..သူ့မှာ ဘယ်လိုမှ ကြံရာမရချေ။
ပြသနာတခုခုရှိနေသလား ဆိုပြီး လက်ထောက်တွေကို စုံစမ်းခိုင်းပေမဲ့ ရလာတဲ့ အဖြေက မြတ်သောရဲ့ အလုပ်က အရာရာ အဆင်ပြေ လွန်းလို့ ခုဆို မြတ်သော ကို မော်ဒယ်လောက တခုလုံးကပင်သိစ ပြုလာပြီ ဟူ၍သာ...။မြတ်သော မှာ ဘာ ပြသနာမှ မရှိရင် ဘာလို့ ဒီလောက်တောင် နွမ်းလျလျ လေး ဖြစ်နေရတာလဲ..။မဖြစ်တော့ဘူး..ဒီနေ့တော့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်
သူလိုက်သွားပြီး အဖြေရှာမှ ဖြစ်တော့မယ်။အရင်ရက်တွေကလို သူ ရေချိုး နေတုန်း မြတ်သော လစ်ထွက်သွားမှာ ကြောက်တာမို့ အကျီပဲ အသဲ အသန်လဲ လိုက်သည်။
မြတ်သော ရေချိုးပြီး အဝတ်လဲ ဖို့ ပြန်လာချိန် မှာတော့ ဒိုက်က အကျီလဲ ပြီး အဆင်သင့် စောင့်နေချေပြီ..။ အကျီ လဲထားတဲ့ သူ့ကို ကြည့်ကာ.....

နှောင်တွယ်ရစ်ငင် Where stories live. Discover now