အပိုင်း၂၈

315 37 4
                                    

"အကိုတော် အကိုတော်...”

ရေချိုးပြီးလို့ ရေသုတ်နေတုန်း အခန်းထဲ ပြေးဝင်လာသူကြောင့်
မြတ်သော မျက်လုံးပြူးသွားသည်။ပြူးဆို ရေချိုးခန်းဝတ်တဲ့ အဝတ်တွေ မေ့ပြီး အကုန်လျှော်လိုက်မိတာမို့ ခုတော့ သူ့ တကိုယ်လုံးမှာခါးကိုပက်ထားတဲ့သဘက်တခုပဲ ရှိတာကိုး။

လူကြီးလဲ ပြေးဝင်လာရင်းကနေမှ သူ့ပုံမြင်တော့ အထူးအဆန်းဖြစ်သွားပုံရကာ အခန်းဝ မှာ ကြောင်ငေးနေလေသည်။

လူကြီးအပေါ် မရိုးသားတော့တာ ကြောင့်များလား ။ရှက်စိတ်က ထိန်းမနိုင် သိမ်းမရ ရုန်းကြွလာတာနဲ့ အတူ စိုက်ကြည့်နေတဲ့ လူကြီးကြောင့် တကိုယ်လုံး ရဲတတ်လာတော့သည်။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနေရာကနေ သတိဝင်လာမှ ကုတင်က စောင်ကို အတင်းဆွဲယူ အုပ်လိုက်ရကာ

"လူ လူကြီး ဘာကိစ္စ ရှိလို့လဲ  အပြင်ခန ထွက်နေ..”

ခုထိ ငေးကောင်းနေသူကြီးကို အတင်းပြန်တွန်းလွှတ်ရင်း တံခါးပိတ်ကာအဝတ်အစား လဲလိုက်ရသည်။

မြတ်သော..စိတ်မလှုပ်ရှားနဲ့။လူကြီးက ခုချိန်မှာ ကလေးစိတ်ပဲရှိတာ..သူသတိပြန်ဝင်သွားလဲ..သူမြင်ခဲ့တာ မှတ်မိမှာမဟုတ်ဖူး ။စိတ်ကိုအေးအေးထားစမ်း ။

လှုပ်ရှားနေတဲ့ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင် ထားကာ အသက်ဝ ဝ ရှူပြီး တံခါးပြန် ဖွင့်လိုက်တော့
လူကြီးက တံခါးဝမှာငုတ်တုတ်လေး..။

"အကိုတော်..ကျွန်တော်ကြောက်တယ်..ဟိုနေ့က လူကြီး လာခေါ်မှာ ကြောက်တယ်..”

သူ့ကိုမြင်မြင်ချင်း ရင်ခွင်ထဲ ကိုယ်ကိုတတ်နိုင်သမျှ ကျုံကာ ဝင်လာသူကြီးကြောင့် မြတ်သော ချွေးပါပျံလာသည်။

ခုတလော..အရင်ကခနခနဘသတိမလွတ်တော့လို့နေကောင်းလာပြီလို  ထင်နေတာ ။ခုတော့ကောင်းရော။

"ဟို..အင်းပါ..အင်းပါ..မြတ်သောရှိတယ်မကြောက်နဲ့ နော်။”

"ဟုတ်..အကိုတော်..ညီတော် ဒီည အကိုတော်နဲ့ဖက်အိပ်မယ်လေနော်..ညီတော်ကြောက်လို့ပါ”

ပြောပြောဆိုဆိုနဲ့ သူ့ကုတင်ပေါ် ပြေးတတ်ကာ လှဲချလိုက် တာမို့ မြတ်သော ဘာဆက်ပြောရမလဲ မသိဖြစ်သွားသည်။

ဒုက္ခပဲ... သံယောဇဉ် ဖြတ်ဖိူ့ နည်းနည်းစီ စ ရှောင်နေပါတယ်ဆိုမှ..ကုတင်ပေါ်ထိ တန်းတန်းမက်မက်ရောက်လာတယ်တဲ့လား..။

"ဟို..ညီတော်ရယ်..ညီတော်က ယောကျာ်းလေ ယောကျာ်းဆိုတာသတ္တိရှိရတယ်လေ..သတ္တိရှိတဲ့လူဆိုတာ တယောက်ထဲ အိပ်ရတယ်လေ..”

"ဟွန် ဒါမဲ့..ညီတော်က ခုထိကလေးပဲ ရှိသေးတာကို...ဘာလဲ အကိုတော်က ညီတော့်ကို ညီတော့်ကို မချစ် ဟင့်ဟင့်”

ပြောနေရင်း အသံတွေ တုန်လာကာ မျက်နှာအုပ်ပြီး ငိုချလိုက်တာမို့ မြတ်သော ​မျက်လုံးပြူးသွားသည်။

အာ..မျက်လုံးတွေ အတင်းပွတ်နေပြန်ပါပြီ ဒီလူကြီးကတော့ ။

လက်ကို အတင်းဆွဲယူလိုက်ရင်း

"တိတ်တိတ်...မဟုတ်တာတွေ..ဘယ်သူက မချစ်ရမှာလဲ..”

"ဒါဆို ချစ်တာလား..”

အငိုတိတ်ကျသွားပြီး စိုက်ကြည့်ရင်း မေးလာသူကြောင့်..မြတ်သော ကြောင်အမ်းကာ ပြန်စိုက်ကြည့်လိုက်မိသည်။

ဒီနားလည်ရခက်တဲ့ စူးရဲရဲမျက်ဝန်းတွေက ဘာပါလိမ့်..။

အကြည့်စုံတာ ကြာလာလေ ကဆုန်ပေါက်ခုန်လာတဲ့ ရင်တစုံနဲ့အတူ ဒိုက်လက်ကို မြန်မြန်လွှတ်လိုက်သော်လည်း ဒိုက်က သူခါးတွေကို သိုင်းဖက်လာတော့သည်။ထို့နောက် ဒိုက်က သူ့ပုခုံးပေါ် မျက်နှာမှောက်ချလိုက်ရင်း

"အကိုတော်မဖြေနိုင်ဘူးလား..ညီတော့်ကို ချစ်လားလို့ဆို ”

"အမ်း...ချစ်..ချစ်ပါတယ်”

လူက စိတ်လှုပ်ရှားရလွန်းလို့ တောင့်တင်းကာ ချွေးစ တို့ပင် စို့စ ပြုနေလေပြီ..။လူကြီးရဲ့အမေးကို သူ ဘယ်လိုဖြေလိုက်မိလဲ သူကိုယ်တိုင်လဲ မသိ။

အေးစက်လာတဲ့ လက်ဖျားခြေဖျားတွေကြောင့် သတိပြန်ကပ်လာရ ကာ လူကြီးကို အသာတွန်းလိုက်ရင်း

"အိပ်..အိပ်တော့နော်..ဒီမှာပဲ..အိပ်”

"အကိုတော်နေမကောင်းဘူးလား..ဘာလို့ အသံတွေတုန်နေတာလဲဟင်”

ရှက်စိတ်နဲ့ရင်ခုန်သံတို့ကြောင့် လူက တုန်ယင်နေ ပါတယ် ဆိုကာမှမျက်နှာကို အတင်း လိုက် ကြည့်ရင်း မေးနေသူကြောင့် အာခေါင်တွေပင် ခြောက်ချင်ချင်..။

"ဘာမှ မဖြစ်ပါဘူး  အိပ်တော့အိပ်တော့”

လူကြီး အိပ်လာမအိပ်လား သူဂရုမစိုက်အားတော့..။တဖက်လှည့်ကာ လှဲအိပ်လိုက်ရင်း နီရဲနေတဲ့ မျက်နှာ ကို လူမမြင်အောင် စောင်သာ ခေါင်းမြှီးခြုံ အိပ်လိုက်မိတော့တယ်။

တဘဝလုံး ဒီလိုလေး..ခင်များအနားမှာနေခွင့်ရ ရင်တော့ကောင်းတာပေါ့လူကြီးရယ်...ဒါပေမဲ့...။

နှောင်တွယ်ရစ်ငင် Where stories live. Discover now