zaw 33

63 3 0
                                    

"အား...ကျွတ်ကျွတ် ခေါင်းကိုက်လိုက်တာ...

နိုးနိုးချင်း ကိုပဲ ထိုးကိုက်နေတဲ့ ခေါင်း ကြောင့် မြတ်သော နှဖူးကို နှိပ်ရင်း ည ည်း ညူ လိုက်မိတယ်..။
ကြည့်ရတာ ညက သူ များသွားပုံ ရတယ်။ အသိကပ်လို့ သတိထားလိုက်မိတော့ အဝတ်အစားတွေက သူညက ဝတ်ထားတာတွေ မ ဟုတ်ပေ..။

အယ်..ငါ့အဝတ်တွေ လူကြီးလဲပေးထားတာလား...။

အတွေးနဲ့ အတူ...ရှက်စိတ်ကြောင့် ပါး ပြင်က ပူရှိန်းလာတော့သည်။

ဒါ..ဒါဆို လူကြီးက သူ့တကိုယ်လုံးကို...မြင်...ဟာ..မဟုတ်နိုင်ပါဘူး
..ငါ့ဘာသာ လဲ ထားတာလဲ ဖြစ်နိုင်တာပဲကို..။စိတ်လျော့ စိတ်လျော့.. ယောကျာ်းချင်းပဲဟာ..ဘာက ထူးဆန်းနေလို့လဲ။လူကြီးက ဘာမှတောင်တွေးဆနမှာမဟုတ်ဖူး...ဒါပေမဲ့...အာ......။

မြတ်သော သူ့ပါးလေးတွေကို သူ့ဘာသာ တဖက်ဖက် နဲ့ အသာပုတ်
လိုက်ရင်း..ဘေးကို မရဲ တရဲ လှည့်ကြည့် မိတော့ လူကြီးက သူ့ဘေးတွင်မရှိတာမို့ စိတ်အနည်းငယ်အေးသွားမိတယ်
..။

ကြည့်ရတာ ညက လာမအိပ်ဖူး ထင်တယ်။ဟူးး..တော်ပါသေးရဲ့
မဟုတ်ရင် အရမ်း ရှက်နေရမှာ...။

"အဟမ်း...မြတ်သော နိုးပြီပဲ..ရော့..ကိုယ် အမူးပြေ ဟင်းရည် လေး ချက်ပေးထားတယ် မြည်း ကြည့်ပါဦး...

ဒိုက်..မသိမသာ မြတ်သော မျက်နှာကို အကဲခတ်မိတော့..ကောင်ငယ်လေးရဲ့ ပါးနဲ့ နားရွက်ဖျားလေးတွေက အနည်းငယ် နီမြန်းနေသယောင်ယောင်....။သူ ကြိတ်ပြုံးလိုက်မိသည်။

ဒါဆို...ကောင်ငယ်လေးက ညက အနမ်းတွေကို မှတ်မိနေတာပေါ့..။ကောင်းသားပဲ..ဒီလိုဆို..ကလေးကို သူအပိုင်သိမ်းထားဖို့ အဆင်ပြေသွားပြီ..။

သူအတွေးထဲ နှစ်မြောကျေနပ်နေတုန်းမှာပဲ..မော့ကြည့်ပြီးမေးလာတဲ့..မြတ်သောစကားကြောင့်သူမျှော်လင့်ချက်တွေ ရေစုံမြောသွားတော့တယ်..။

"ဟို...လူကြီး..ညက ကျွန်တော့်အကျီတွေ လူကြီး လဲပေးထားတာတော့ မဟုတ်ဖူး မှတ်လားဟင်...

မေးနေရင်း မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေပုံရသူလေးကြောင့် ဒိုက် မျက်နှာကြီးမဲမှောင်သွားတော့သည်။ဒါကို မြင်လိုက်တဲ့ မြတ်သော ရဲ့ အတွေးထဲ မှာတော့...

နှောင်တွယ်ရစ်ငင် Where stories live. Discover now