အပိုင်း ၄၁

134 8 1
                                    

အိမ်ပြန်ဖိူ့ အောက်ထပ် ဆင်းဖိူ့ လုပ်နေစဥ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်...ကမ္ဘာကြီးချာချာလည်သွားသလိုပင် ခံစား လိုက်ရတယ်..။ထိုနေရာမှာပင် ကျောက်ရုပ်လို ရပ်နေလိုက်မိတာ...အသက်ပင် ရှုနေမိလား..မရှူနေမိဘူးလား...မြတ်သော..သူ့ကိုသူပင် သေချာမသိတော့...။

ဒီအချိန်သူ့မျက်ဝန်းအိမ်ထဲမှာတော့.. မိနိးကလေးတဦးကို တင်းကြပ်စွာပွေဖက်ထားတဲ့ ဒိုက်ရဲ့ ပုံရိပ်သာ...ရှိနေတော့ တယ်။

ပါးထက်က ပူနွေးနွေး အရာတွေကြောင့် သတိပြန်ဝင်လာကာမှ..အလျှင်အမြန် မျက်လွှာ ချလိုက်ရင်း...မျက်ရည်တွေ သုတ်ပြစ်လိုက်ရသည်။

ဆိုတော့...ဒါ...ဒိုက်ရဲ့ ချစ်ရသူပေါ့။အလုပ်ကိစ္စ မပျက်ဖူး တဲ့လား..Hotel မှာ ကောင်မလေးတယောက်နဲ့ လုပ်စရာဆိုလိူ့ ဘာအလူပ်များ ရှိနိုင်မှာတဲ့လဲ...။
သူ့ကို ဘာလို့များလိမ်ညာရတာလဲ..တကယ်ပဲ နားမလည်နိုင်တော့ပေ....။မဟုတ်မှ...ဒိူက်အပေါ်..ငါတခြားစိတ်ရှိနေတာကို..မြင်နေရလိူ့များလား....။
အမှန်အတိုင်းပြော​ြပရင်ရော..သူက ဘာလုပ်နိုင်မှာမို့လိူ့လဲလေ..။ဘယ်လိုပဲ..မိန်းကလေးရှုံးအောင်လှတယ်လို့ပြောပြော...သူက ယောကျာ်းလေးတယောက်ပဲမှတ်လား...။

တွေးရင်း...တွေးရင်း....မိန်းကလေးအဖြစ်မွေးမလာမိတဲ့အတွက်...နောင်တရသလိုလို..မကျေနပ်သလိုလိုနဲ့....ငိုချင် စိတ်တွေသာ ပိုပြည့်လျှံလာမိတာတောင်...ရင်နာနာနဲ့ ဆက်ကြည့်မိနေဆဲ.... ။တင်းထားတဲ့ ကြားက ပြိုဆင်းလာတဲ့ မျက်ရည်တွေကို အတင်းသုတ်ပြစ်နေချိန်မှာပဲ...တဖက်အခြမ်းမှာ ရပ်နေတဲ့ ဒိုက်က တခုခုကို ခံစားမိလို့လားမသိ ခေါင်းထောင်ကာ မေ့ာကြည့်လာလေသည်။

သူ့က်ိုမြင်တဲ့အချိန်...ဒိုက်ကလဲ အံ သြ သွားဟန် နဲ့ သူ့ဘေးက အမျိုးသမီးလေးဖက်ပြန်လှည့်သွားကာ..ချက်ချင်း သူ့ဆီ အကြည့်ပြန်ရောက်လာပြန်သည်။

ဒီအခြေအနေကို ဘယ်လို ရင်ဆိုင်ရမှန်း မသိတော့တာမို့...ရုတ်တရက် ထူပူပြီး...မြတ်သော အရေးပေါ်လှေကား ရှိရာဘက်ကနေ အပြေးတပိုင်း ပြေးထွက်လာမိတော့တယ်။....

...........................................
ပွေ့ဖက်ထားမိတဲ့ ခန္တာကိုယ်ဆီက ရေမွှေးနံ့ပြင်းပြင်းကြောင့် သူ မျက်မှောင် ကုတ်မိလိုက်ကာ ေခါင်းချက်ချင်းပြန်ထောင်မိချိန်မှာပဲ..တဖက်က မျက်နှာချင်းဆိုင်
လှေကား ဝတွင် ရပ်ကြည့်နေသော မြတ်သောကို တွေ့လိုက်ရတော့သည်။ဘေးက မျက်နှာဆီ လှည့်ကြည့်မိတော့ တဖက်မိန်းကလေးက လဲ တုန်တုန်ယင်ယင်အသံနဲ့ ပြန်မေးလာတယ်။

"ရှင်..ရှင်ဘယ်သူလဲ..ကျွန်မ ရှင့်ကို မသိဘူးနော်"

ကျွတ်...သေစမ်း လူမှားသွားပြီ...။

ချက်ချင်း လွှတ်ပေးလိုက်ရင်း မြတ်သော ရှိရာပြန်ကြည့်ချိန်မှာတော့ လှစ်ခနဲ လှည့်ပြေးသွားတဲ့ ကျောပြင်ငယ်လေးကိုသာ ဖြတ်ခနဲ မြင်လိုက်ရတော့တယ်။

ဘာကြောင့်ရယ်မသိ..ရုတ်တရက် တဟုန်ထိုး မြင့်တတ်လာတဲ့ စိုးရိမ်စိတ်နဲ့ အတူ...ထိုကျောပြင်လေးနောက်အပြေးအလွှား လိုက်ရတော်သည်။

အတွေးထဲ ထူပူနေကာ..အခုသာ လိုက်မမှီခဲ့ရင် ထာဝရဆုံးရှုံးရလိမ့်မယ်လို့ တဦးဦးက အတွေးထဲ လှမ်းပြောနေသလိုလို....အဆောက်အဦးကြီးရဲ့ ဆန့်ကျင်ဖက် နေရာ ၂ခုမို့ မ မှီမှာ ဆိုးတဲ့စိတ်နဲ့ ပြေးနေမိတာ မြေကြီးနဲ့ ခြေထောက် ထိနေရဲ့လားပင် သတိမမူမိတော့ချေ..။

မ..မဟုတ်ဖူး...မြတ်သော...မင်းထင်နေသလို မဟုတ်ပါဘူးကွာ...။
ဘာလို့ ပြေးထွက်သွားမှန်း မသိပေမဲ့..ကိုယ်ရှင်းပြ ပါရစေဦး...။

မြတ်သောဆင်းပြေးသွားတဲ့ လှေကားထစ်တွေအတိုင်း ပြေးလာမိတော့...hotel ရှေ့အရောက်မှာပဲ..သူမြင်လိုက်ရတာက... ကားတစီးထဲ ဝင်ထိုင်လိုက်ရင်း..တခြားယောကျာ်းတယောက်နဲ့အတူ ထွက်သွားတဲ့...ကားပြတင်းပေါက်က ပုံရိပ်လေးသာ...။

တောက်.... ဘုန်းးးး။

အလိုမကျစွာ ဘေးက ကျောက်သား တိုင် ဆီ လက်သီးတလုံးပြစ်သွင်းမိတော့...သွေးကရဲကနဲ..။

ရုတ်တရက် ဖုန်းခေါ်ဖို့သတိရလိုက်ကာ မြတ်သောဆီ ဖုန်းခေါ်တော့လဲ...ဖုန်းဝင်နေပေမဲ့ တဖက်က ကိုင်မလာ...။သူနောက်တခါခေါ်မှ..ဖုန်းကိုင်လာရင်း..သူဘာမှ မပြောမှိမှာပင် တဖက်က ပြောလာသည်။

"ကျွန်တော့်ကို ဖုန်းဆက်မခေါ်ပါနဲ့...ကျွန်တော် ခရီးသွားမှာမို့လို့...လိုက်လဲ မလာပါနဲ့..."

ပြောချင်ရာပြောပြီး ဖုန်းချသွားတာမို့..သူ​ပြန်ခေါ်မိတော့..အဆုံးမှာ...လူကြီးမင်းခေါ်ဆိုသော ဆယ်လူတာဖုန်းမှာ ဆိုတဲ့ အသံသာ ကြားလိုက်ရတော့တယ်...။

ဟာကွာ.....

ဒေါသ တကြီး အော်ဟစ် လိုက်ရင်း ဖုန်းကို ကောက်ပေါက်လိုက်ကာ..သူ့ကားရှိရာသို့ သာ​ ​ခြေ လှမ်းကျဲ ကြီးတွေနဲ့ ဦးတည်လိုက်တော့တယ်..။

"အကို...အကို ဘာဖြစ်တာလဲ.."

အဲလက်စ် ကားပေါ်ကနေ အပြေးအလွှာ သွားနေချိန်မှာပဲ သူ့ဘောစ့်က အနားရောက်လာလေပြီ...

"ဆင်းကဒ်ကောက်လာခဲ့...မြတ်သော ရှိမဲ့နေရာ အခု ချက်ချင်းရှာ...ဘယ်နိုင်ငံမှာရှိနေပစေ ငါနောက်တနာရီ အတွင်းသိချင်တယ်"


နှောင်တွယ်ရစ်ငင် Where stories live. Discover now