Zawgi (16)

205 9 0
                                    

"လူကြီး ခင်များရဲ့ လက်ရာက စားဖိုမှုးအတိုင်းပဲဗျာ..တကယ်ရှယ်ပဲ...ဒီတိုင်းသာဆို. .ကျွန်တော့်တော့ ဝလာတော့မယ်ထင်တယ်

သူ့စကားအဆုံး..လူကြီးက

"ဟင်...ဒါဆို...နည်းနည်းပဲ စားလေ..မင်းလေးက မော်ဒယ်ဆို..မော်ဒယ်က ဝလို့မဖြစ်ဖူး မှတ်လား...

"ဟဟား...မြတ်သောရဲ့ စူပါ ပါဝါ က ဘာလဲ သိလား...ဘယ်လောက်စားစား မဝတာပဲ..လူကြီးလဲ မြင်မှာပေါ့...မြတ်သော ပါးစပ် နဲ့ မုန့်နဲ့ ဘယ်တုန်းက များ ပျက်ဖူးလို့လဲ...

မြတ်သောစကား ကြားမှ..လူကြီးဆီက စိုးရိမ်တကြီး မျက်နှာက ပြေလျော့သွားတာမို့...

"ဟဟား...ဘာလို့လဲ..မြတ်သော မော်ဒယ်လုပ်လို့မရတော့ရင်..လူကြီးကို ထမင်းရှာမကျွေးနိုင်တော့မှာ ပူလို့လား...

"ဟာ..မဟုတ်ပါဘူး..မင်းလေးပြောတော့..မော်ဒယ်လုပ်ရတာကို အရမ်းဝါသနာ ပါတယ် ဆို..ဝသွားလို့ မော်ဒယ်မလုပ်ရတော့ရင်..မင်းလေးဝမ်းနည်းနေမှာဆိုးလို့ပါ

ဒုတ်..ဒုတ်..ဒုတ်..ဒုတ်

ဘာ..ဘာသံလဲ...အခု ရင်ခုန်နေတာလား။

စိုက်ကြည့်ရင်း..ပြောလာတဲ့ မျက်လုံးပြာပြာတွေကို ငေးနလေိုကျမိတာ..ဝဲဘက်ရင်အုံဆီက နှလုံးခုံသံကို ပြန်ကြားရမှ သတိဝင်လာတော့သည်။

..သူ့စကားတွေကြောင့် စိတ်တောင်လှုပ်ရှားမိသွားတာပဲ..။ဒီလောက်လေးနဲ့စိတ်လှုပ်ရှားရတယ်လို့..။
.

"ဒါနဲ့..ခုနထဲက ဘာလို့..မြတ်သောကို မင်းလေး..မင်းလေးလို့ ခေါ်နေရတာလဲ..

တကယ်..အဲ့အခေါ်အဝေါ်က နှစ်လိုဖွယ်ကောင်းတယ်ဆိုပေမဲ့..နည်းနည်းတမျိုးကြီး ဖြစ်နေသလိုပဲ။

"အာ...ကိုယ်လဲ သတိသိပ်မထားလိုက်မိဘူး..အဲ့လိုခေါ်မိတာလား...မင်းလေး..အဲ့..မြတ်သော မကြိုက်ရင်..ကိုယ်ပြင်ပါ့မယ်

"မကြိုက်တာတော့မဟုတ်ပါဘူး. ထားပါတော့..အကိုအဆင်ပြေသလိုသာ ခေါ်ပါ..ဒါနဲ့..မြတ်သော သစ်တောလေးဖက်လမ်းလျှောက်မလို့... အကို လိုက်ခဲ့နော်

လိုက်မလားလို့ မေးမနေဘဲ တခါထဲ ခေါ်လိုက်တော့သည်။ဘယ်အချိန်စိတ်ဖောက်မလဲ..မသိတဲ့လူကို ဒီတိုင်းကြီးထားပြစ်ခဲ့လို့မှမရတာကိုး။

နှောင်တွယ်ရစ်ငင် Where stories live. Discover now