အပိုင်း ၁၃

467 66 2
                                    

အဝတ်လဲ ပြီးတော့ဟန်ကိုယ့်ဖို့ ဆိုတဲ့ အတိုင်း ဘာမှ မဖြစ်သလိုသာ ဟန်ဆောင်ပြီးပြန်ထွက်လာရတာ..ရှက်စိတ်ကတော့ မပြေသေး။ရှောင်နေလို့လဲ မဖြစ်သေးတာမို့..ပြန်ထွက် လာတော့..လူကြီးက မီးဖိုချောင် ထဲက လှမ်းခေါ်လေသည်။

"ကောင်လေးရေ...ဒီမှာ..ကိုယ့်လက်ရာလေး လာမြည်းကြည်ပါဦး”

မြတ်သော လဲ ခုနက ထူပူနေရတာနဲ့ မမြင်လိုက်မိတဲ့ ဟင်းပွဲ တွေကို ကြည့်ရင်း..မျက်စိ အပြူးသား..။

"ဟင်...ဒါတွေ လူကြီးချက်ထားတာလား...။ဘယ်ကဟာတွေနဲ့ ချက်ထားတာလဲ..”

"ရေခဲသေတ္တာထဲမှာ တွေ့သမျှနဲ့တော့ အဆင်ပြေအောင်ချက်ထားတာပဲ..ကောင်းပါ့မလားတော့ မသိဘူး_”

ရေခဲသေတ္တာထဲမှာ ဒီပုဇွန်နဲ့ အသားတွေရှိပေမဲ့.. သူချက်တတ်လွန်းလို့ဝယ်ထားတာမျိုးတော့မဟုတ်။ခေါက်ဆွဲ ပြုတ်ထဲ ထည့်စားလိုက်..တချို့ညတွေ ရုပ်ရှင်ကြည့်ရင်း အသားလေး ကင်စားလိုက် လုပ်တတ်တာမို့ဝယ်ထားခြင်းသာ။

"အယ်..ဒါနဲ့..ဟင်းချက်နည်းကြတော့ မှတ်မိတာလား”

သူပြောမှ လူကြီးက သတိထားမိဟန်နဲ့

"ဟုတ်သားပဲ..ရေခဲရေရှာရင်းနဲ့..ဒါတွေ မြင်မိတော့ စိတ်ထဲသူ့ဘာသာပေါ်လာတာ..ကိုယ်တောင် အ မှတ်တမဲ့ပဲ...,”

"အွန်း..ကြည့်ရတာ..လူကြီးက အရင်က ချက်လေ့ချက်ထ ရှိလို့နေမှာ...”

သူ့စကားကြောင့်..လူကြီးက တခုခု စဥ်းစားနေဟန်နဲ့ မို့..မြတ်သောလဲ ခန ငြိမ်ကြည့်နေမိတော့..

"အ...အားးးး”

ခေါင်းကို လက်နဲ့ ဖိရင်း...ဆောင့်ကြောင့် ထိုင်ချလိုက်သူက.. လူကြီး ရယ်လေ..။

မျက်စိတွေ အတင်းဖိမှိတ်ထားပြီး..နာကျင်မှု့ကြောင့် ထင်ရဲ့.မျက်မှောင်တွေလဲ တွန့်ချိုးနေတာမို​့..​မြတ်သောစိတ်ပူသွားရကာ..

"စိတ်လျော့..မတွေးနဲ့..မတွေးနဲ့..အသက်ကို ဖိရှူ..ကျွန်တော့်ကို ကြည့်..လူကြီး ကျွန်တော်ပြောတာကြားလား..ကျွန်တော့်ကိုကြည့်”

ခေါင်းကိုဖိနှိပ်နေတဲ့ လက်တွေကို အတင်းဆွဲဖယ်ပြစ်လိုက်ရင်း..မေးစေ့ ကနေ မျက်နှာကို ပင့် ယူလိုက်မှ..လူကြီးက မျက်စိ ဖွင့်ကြည့်လာလေသည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now