အပိုင်း ၃၁

179 25 0
                                    

"မြတ်သော...အခုက စပြီး ကျွန်တော် boss ကို ဆေးရုံပြဖို့ မကြာခန လာခေါ် ရမှာမို့...အဲ့ဒါ..”

အိမ်ကို ပြန်ရောက်တော့...လူကြီးရဲ့ညီဆိုသူနဲ့ ဆရာဝန်တွေကလဲ ပြန်တော့မဲ့ ဟန်နဲ့ တံခါးဝရောက်လာကြသည်။ မြတ်သောကိုတွေ့တော့
အဲလက်စ်ပြောလာတဲ့စကားကြောင့် မြတ်သော စိတ်ထင့်သွားရကာ...

"ဟင်..အကို ဖြစ်ပါ့မလားဗျ လူကြီးက..”

သူ့စကားပင်မဆုံးလိုက်...လူကြီးက သူ့လက်တဖက်ကို လှမ်းကိုင်လာကာ...

"ခွင့်ပြုပေးပါ မြတ်သော..ဆရာဝန်တွေက ပြောတယ်.. ကိုယ့်ကိုစမ်းသပ်ဖို့ တချို့ကရိယာတွေက ယူလာဖို့ အဆင်မပြေလို့တဲ့လေ..။”

"လူ..လူကြီးကရော လိုက်သွားဖို့ အဆင်ပြေရဲ့လား”

"အွန်း...စိတ်မပူပါနဲ့ ကိုအဆင်ပြေ ပါတယ်...”

ခေါင်းအသာငြိမ့်ပြရင်း ဆိုလာတာကြောင့်..မြတ်သော သက်ပြင်းသာ ခိုးချလိုက်ရင်း

"ဟုတ်ကဲ့..လူကြီးအဆင်ပြေတယ်ဆိုတော့..လိုအပ်တဲ့ရက် လာခေါ်လိုက်ပါ အကိုအဲ့လက်စ် ”

"ဟုတ်ကဲ့..ဒါဆို..အကိုတို့ပြန်လိုက်ဦးမယ်နော် မြတ်သော..”

"ဟုတ်ကဲ့ အကို...”

အဲ့လက်စ်တို့ ကားထွက်သွားပြီးတော့ ဒိုက် မြတ်သောဘက်လှည့်လိုက်ရင်း...

"ဘယ်လိုလဲမြတ်သော..ရိုက်ကွင်းစတူဒီယို က လှရဲ့လား...”

သူ့အမေးကိုကြားတော့ မြတ်သော မျက်လုံးထဲက တောက်ပလာပြီး

"အရမ်းမိုက်တာလူကြီးရယ်..တချို့ နေရာတွေဆို ဥယျာဥ် အတု လုပ်ထားတာများ... တကယ်အစစ်လိုပဲ...​သြော်..ပြီးတော့လေ..လူကြီးမှတ်မိလား..ဟိုတခါ ရှော့ပင်းမော မှာဝင်တိုက်တဲ့ ဘော်ဒီဂတ်တွေနဲ့ အကိုလေ...တိုက်တိုက်ဆိုင်ဆိုင်ဗျာ
အဲ့အကိုက အဲ့နေရာရဲ့ ပိုင်ရှင်တဲ့ဗျာ..ပြီးတော့လေ သစ္စာက ​ပြောတယ် အဲ့အကိုက လုံးဝ ဒိတ်ဒိတ်ကြဲ တဲ့... ။ဒီမြို့မှာ တ တိယ မြောက် အချမ်းသာဆုံး.. .အဲ...ပြီးတော့ ဒီနိုင်ငံရဲ့ ၆ယောက်မြောက် အချမ်းသာဆုံး ဆိုပဲ..”

ဝမ်းသာအားရ ပြောနေတဲ့ မြတ်သော မျက်နှာကို ကြည့်ရင်း ဒိုက် မျက်ခုံးတို့က တွန့်ချိုး သတဲ့ တွန့်ချိုးလာတော့သည်။အတွေးထဲမှာတော့ အလိုမကျ​ြခ​င်း များစွာ နဲ့
မနှစ်မြို့သည့် ခံစားချက်တို့ကြောင့်
မှိုင်းပြ နေတဲ့  မျက်နှာက ဟန်ဆောင်ဖုံးဖိလို့ပင်မရ..။

အခု...မြတ်သောက ပျော်နေတာ လား...။ဘာလို့လဲ..အဲ့လူ နဲ့တွေ့ခဲ့ရလို့လား...။အဲ့လူကို သဘောကျနေတာလား..။ဒီမြို့ကတတိယ အချမ်းသာဆုံး...။ဟမ့်..အဲ့လောက်လေးက ဘာများဂုဏ်ယူစရာ ရှိလို့လဲ..။ဒိုက်ဆိုတဲ့ သူက ဒီနိုင်ငံရဲ့ လူချမ်းသာစာရင်းထဲမှာ top 1 လေ... ။မြတ်သော ​ပြောတဲ့ အဲ့လူကို သူ သိပ်မှတ်မိတာပေါ့..။ထိုနေ့က သူစိတ်ပုံမှန်မဟုတ်တဲ့ အခြေအနေမှာတောင်မှ ထိုလူ မြတ်သောကို ကြည့်တဲ့ အကြည့်တွေကို မနှစ်မြို့နိုင်ခဲ့ ပေ..။

"သြော..ပြီးတော့ ဒီည လူကြီး ဗိုက်ခွေးနမ်းဖို့ ပြင်ထား...မြတ်သော အလုပ်ရခဲ့တယ်..သိလား...ဂုဏ်ပြုပွဲလေး လုပ်ကြတာပေါ့..ဒီည အမှောက်သောက်ကြမယ်..”

"အလုပ်..ဘာအလုပ်လဲမြတ်သော။ဘယ်မှာလုပ်ရမှာလဲ..အဲ့နေရာမှာလား”

"အွန်း..အဲ့အကိုနေယံက သူ့အလှကုန်ကုမ္ပဏီသစ်အတွက် မြတ်သောကို မော်ဒယ် ငှားလိုက်တာလေ...”

"ဘာ....”

လူကြီး က မှူန်ကုပ်ကုပ်မျက်နှာတည်ကြီးနဲ့ ရုတ်တရက် ထအော် တာကြောင့် မြတ်သော ကိုယ်လေးပင် တုန်တတ်သွားသည်။

"ဘာ..ဘာဖြစ်လို့ လဲ လူကြီးရဲ့..ဖြေးဖြေးပြောပါ...”

မြတ်သော အမေးကို သူတခုခု ဖြေမလို့ လုပ်ပြီးသွားကာမှ မြတ်သောက ပျော်ရွှင် နေပုံရတာမို့ ခန ငြိမ်သွားမိသည်။

"ဟင်း...မင်းကလုပ်ချင်လိုလား...”

လွယ်အိပ်ကို ခုံပေါ်တင်လိုက်ရင်း နောက်ဖေးဖက် ခြေလှမ်းပြင်နေတဲ့
မြတ်သောက ပြုံးရင်း ခေါင်းငြိမ့်ပြကာ...
"ဒါပေါ့...ခုဆို မြတ်သောက တရားဝင်မော်ဒယ် ဖြစ်ချင်ဖြစ်လာတော့မှာ..သြော်..မြတ်သောမှာ ဒီနေ့ပဲ အင်စတာဂရမ်အကောင့် ရှိလာပြီ...သစ္စာ ကခုထဲက စပြီးပုံတွေ တင်ထားရမယ်တဲ့..လူသိများလာအောင်လို့လေ...,$#@@&*. ://=*"

စကားတပြော​ပြောနဲ့ မြတ်သောက နောက်ဖေးဖက် ဝင်သွားလေ ပြီ...။

သူလဲ နောက်က ကပ်လိုက်လာပေမဲ့...နောက်ဆက်တွဲ မြတ်သော ပြောတဲ့ စကားတွေကိုတော့ သူမကြားလိုက်နိုင်တော့ပေ...။

တကယ်ဆို သူလဲ ချမ်းသာတာပဲ ဟာ..မြတ်သောမော်ဒယ်ဘုပ်လို့ရမဲ့ အလုပ်တခုခုလုပ်လိုက်ရင်ကောင်းမလား။ခက်တာက သု့အလုပ်တွေက ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း။ကျောက်မြတ်ရတနာလုပ်ငန်းနဲ့..စက်မှု့လုပ်ငန်းတွေကြီးပဲ ဖြစ်နေသည်။

သူ့စိတ်ထဲ ဒီအချိန်တွေးနေတာ တခုပဲ ရှိသည်။

သူရော...အလှကုန်ကုမ္ပဏီ ဖြစ်ဖြစ်..Fashion ကုမ္ပဏီ ဖြစ်ဖြစ် ထောင်လိုက်ရင် ကောင်းလား....ဆိုတာပင်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now