အပိုင်း ၃၂

218 21 1
                                    

"လူကြီးပဲ စဥ်းစား ကြည့်ဗျာ....ကျွန်တော်တယောက်ထဲ ဘယ်လိုနေခဲ့ ရမလဲ ဆိုတာ..အဖိုးက..အဖိုးက ရက်စက်တယ်..ဟင့်..."

ဒိုက်..သူ့ရှေ့က မူးမူးနဲ့ ပြောချင်ရာ ပြောနေတဲ့ ငမူးလေး ဆီ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ဖြူလွှလွှ အသားအရည်က အရက်ကြောင့် ပါးမို့လေးတွေ နီမြန်းနေပုံက ခါတိုင်းပါးနီကူထားတာ ထက်ပင် ပိုလှနေသေးသည်။ပါးမို့နဲ့ နှာ ဖျား ရဲရဲလေးက အသားအရောင်နဲ့တွဲဖက်လိုက်တော့ နှင်းတောင်ပေါ် က ချယ်ရီ ပန်းပွင့်လေးတွေလို လိုက်ဖက်လှတာကြောင့် ဒိုက်ယောင်ယမ်းပြီး အသက်အောင့်ထား မိတာ ဘယ်နှမိနှစ်ပင်ကြာပြီလဲမသိ..။သူစိုက်ကြည့်နေမိစဥ်မှာပင်...သောက်နိုင်ဟန်မတူတဲ့ ကောင်ငယ်လေးရဲ့ ခေါင်းက ယိုင်ထိုးကာ သူ့ ရင်ဘက်ပေါ် ပြိုကြလာတော့မှ..သူ သတိ ဝင်လာကာ...

"ဟေ့..ဟေ့...တော်ပြီလေ..မင်းများနေပြီ အချိန်လဲမစောတော့ဘူး..လာ ကိုအခန်းထဲ တွဲပို့ပေးမယ်...ထနော်.."

သူ မြတ်သော ပုခုံး ၂ဖက်ကို ထိန်းကိုင်လိုက်ရင်း ထ ဟန်ပြင်လိုက်သော်လည်း..မြတ်သောက သူ့ လက်မောင်း တဖက်ကို အတင်း တွဲဖက်လာရင်း..သူ့ရင်ခွင် ထဲ ပင် ပိုတိုးဝင်လာကာ..

"မထဘူး..ဒီည...ကျွန်တော်..ကျွန်တော် အမှောက်သောက်မှာ..လူကြီးလဲ...အေ့..ဂုဏ်ပြုတဲ့ အနေ နဲ့ သောက်ရမယ်...ဒါပဲနော်..မသောက် ရင်..အေ့..ကျွန်တော်အလုပ်ရတာ လူကြီး မနာလိုနေလို့လို့ မှတ်လိုက်မှာ..."

ဒိုက် သူ့ရင်ခွင်ထဲက ငမူးလေးကြောင့် ရယ်ချင်လာကာ..ကောင်ငယ်လေး ကို ငုံ့ကြည့်လိုက်မိသည်။

လှလိုက်တာ...

အနီးကပ်မြင်လိုက်ရတဲ့ ပန်းရင့်ရောင် နှုတ်ခမ်းလေးနဲ့..မျက်တောင်စိပ်စိပ်လေးတွေကြောင့်..သူ့ ဝဲဖက်ရင်အုံက ထိန်းမရအောင် အချက်ပေးလာသော်လည်း..သူ ထိုကောင်လေးကို တကယ် မတွန်းလွှတ်လိုက်ချင်ပါ..။သူစိုက်ကြည့် နေတာ ငမူးလေးက သတိထားမိသွားလေသလား မသိ...မှေးမှိတ်နေတဲ့ မျက်လုံးလေးကို ​မရ မက ပြူးပြဲ ဖွင့်လာလေသည်..။

ရင်ခွင်ထဲက ကောင်လေးက သူ့ကို ပြန်လည် ပြူးပြဲ စိုက်ကြည့်လာတာမို့ ဒိုက်နေရခက်စွာ မျက်နှာလှည်လိုက်တယ်..။
သူ့အပြုအမှုကို မြင် တော့ကောင်ငယ်လေးက သူ့ပါးတွေကို လက်၂ဖက်နဲ့ ညှက်ယူ လိုက်ရင်း..သူ့ဆီ အတင်းပြန်ဆွဲ ယူလိုက်သည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now