အပိုင်း ၁၅

532 58 4
                                    

တွေ့ရတာဝမ်းသာပါတယ်..မတ္တရာ..ကိုယ်တို့တွေ သေချာပေါက် ပြန်တွေ့ကြတာပေါ့..။

သူ့ကို ကျောခိုင်းထွက်ခွာသွားပြီဖြစ်တဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း စိတ်ထဲကနေ ဆိုမိသူက ဘုန်းမြတ်နေယံ..။တရွေ့ရွေ့ ထွက်ခွာသွားတဲ့ မိန်းမငယ်လေးက မိုးရာသီရဲ့ အေးစက်စက် အငွေ့အသက်ကြောင့် ထင်ရဲ့ ပါးပြင်ဖွေးဖွေးက ​ပန်းနုရောင် သမ်းနေ၏ ကျော့မော့ ဟန်ရတဲ့ လည်တိုင်မှာ အအေးဓာတ်ခံနိုင်အောင်လား အလှဆင်ထားသည်လားမသိတဲ့ မာဖလာ အဖြူရောင်လေးက ကျကျနန..။

စကားပြောရင် ဗျာတို့ ကျွန်တော်တို့နဲ့ ပြောတယ်ဆိုတော့ မင်းလေးက TOMBOY လေးများလားကွာ..။

"သူရိန်..အဲ့ ကလေးမလေးနောက်ကိုလိုက်”

BOSS ဖြစ်သူရဲ့ စကားကြောင့်..အံသြ သွားသူက သူရိန်ပါပဲ..။အံ့သြဆို..တသက်နဲ့ တကိုယ် ဆရာသမားကိုယ်တိုင် တခုတ်တရနဲ့ လိုက်စုံစမ်းခိုင်းတဲ့ မိန်းကလေး မရှိဖူးဘူးလေ..။

......... ......... ...,. ... .......... ......

"မတ္တရာမြတ်သော......”

ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ သစ္စာ ရဲ့ အော်သံ ကြီးကြောင့်..နားပင်အူသွားတယ်။

"ကျွတ်..ဖြေးဖြေးအော်ပါ..သစ္စာရယ်...ဘာဖြစ်တာလဲဟ”

"အောင်းမား..နင့်အပြစ်နင်မသိဘူးလား..ဟင်..ဘာကိစ္စ ငါ့ကိုတောင်မပြောပဲ ပြန်သွားရတာလဲ..”

"သြော်..မပြန်လာလို့..ငါက အဲ့မှာနေတာမှ မဟုတ်တာ...ငါနင်သိအောင်စာရေးပေးခဲ့တာပဲဟာ”

"ဟဲ့..စာရေးပေးခဲ့တာနဲ့ပဲ..ပြီးရောလား။အခုရော ဘယ်ကမ္ဘာမှာလဲ.. ငါနင့်အိမ်ရှေ့ရောက်နေပြီ”

"အင်းပါ..အင်းပါ..မြို့ထဲ ခနရောက်နေလို့ ..အခုပြန်လာခဲ့မယ်နော်”

"ပြီးရော..ပြီးရော..”

အိမ်မှာ စောင့်နေပြီ ဆိုတော့..အမြန်သာ ပြန်ခဲ့ရတော့တယ် ။တော်ကြာ နောက်ကျရင် ထပ်ဆူနေဦးမယ်။

........ ....... ....... ....... ........
"ကျွတ်..နင်တကယ် ဒီလူ့ကို ခေါ်ထားမှာလား..ငါ အကိုနဲ့တိုင်တော့မှာနော်”

နှောင်တွယ်ရစ်ငင် Where stories live. Discover now