အပိုင်း ၁၁

524 70 2
                                    

"ထ..ထ ကျွန်တော်တို့ သွားကြမယ်"

အိပ်ရာထဲက မထနိုင်သေးတဲ့ အိပ်မှုန်စုတ်ဖွားနဲ့ လူကြီးကို အတင်း ဆွဲထူပြီး နှိုးကာ ခေါ်လာ ရလေတယ်။

မနေ့ညက ဒေါ်သစ္စာက မပြန်မချင်းပွ စိ ပွစိလုပ်နေတာမို့..မနက်အစောကြီး ထပြန်ဖို့ ဆုံးဖြတ်လိုက်ရသည်လေ။သူလက်ရှိနေထိုင်နေတဲ့ ဂျီးနက်ကျွန်းက ဒီ မတ္တရာကျွန်းနဲ့ ၃နာရီခွဲလောက်တော့ကားမောင်းရသည်။

အကိုမုန်းမာန်ကိုတော့ စာတစောင် ရေးပြီး အိမ်ရှေ့ ခုံတန်းက သူတို့ပဲသိတဲ့ အံဝှက်လေးထဲ သော့နဲ့အတူ ထားခဲ့ ပေးလိုက်တယ်။သစ္စာ လာရင် မြင်အောင်လို့ ပြန်သွားပြီ ဖြစ်ကြောင်း..အိမ်တံခါးမှာ စာကပ်ခဲ့သည်။

"ဒိုက်..အိပ်ရေးမဝသေးရင်..နောက်မှာဆက်အိပ်နော်...”

ခုထိ မျက်စိမပွင့် သေးပဲ..ယက်ကန်ယက်ကန်နဲ့ ပါ လာတဲ့ လူကြီးကို ကားနောက်ခန်းထဲ ထည့်ပေးလိုက်ပြီး..သူက ကားမောင်းကာ ပြန်ခဲ့ လိုက်တော့သည်။

လမ်းတဝက်လောက်ရောက်တော့ လူကြီးက နိုးလာကာ..

"ကိုယ်တို့ ဘယ်သွားနေတာလဲ”

"ကျွန်တော့်အိမ် ပြန်နေတာလေ..တကယ်တော့ ကျွန်​ေတာ်က ဒီမှာနေတာ မဟုတ်ဖူးဗျာ့..ဒီကို သစ္စာရဲ့ ရှို့းပွဲ လျှောက်ဖို့ လာတာ..”

"သြော်..ဒါနဲ့လေ..ကိုယ် နည်းနည်း မေးကြည့်လို့ရ မလား..ရိုင်းတယ်တော့ မထင်ပါနဲ့..မဖြေချင်ရင်လဲ ရပါတယ် ”

"အာ..ရပါတယ် ဗျာ..မေးပါ..”

"ဟိုနေ့က..မင်း..အမျိုးသမီးတွေ လိုဝတ်ထားတာလေ..အဲ့တာမင်းက အမျိုးသမီးတွေလို လျှောက်တာလား..”

သူ့အမေးကြောင့် ကားမောင်းနေတဲ့ မြတ်သောက ပြုံးရင်း...

"အဟင်း..ဟုတ်တယ်ဗျာ့..ပြောရ ရင်နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်..တက​ယ်တော့လေ..ကျွန်တော်က အမျိုးသား မော်​ဒယ်ဖြစ်ချင်တာ..ခက်တာက ကျွန်တော့်ကို ကျောင်းတတ်ထဲက ပြဇာတ် က ကျတော့လဲ..အမျိုးသမီးဇာတ်ဆောင်နေရာပဲ လျာထားခံရတယ်..လူကြီးလဲ တွေ့တဲ့အတိုင်း..ကျွန်တော့်ဥပတိရုပ်က ယောကျာ်းမဆန်ဘူးလေ။ပြီးတော့မော်ဒယ်အရပ်ရှိပေမဲ့..ယောကျာ်းလေးမော်ဒယ်တွေလို အရိုးအဆစ်အချိုးအစားကျမရှိပြန်ဘူး..ဟ..ဟ
..အာ့နဲ့ပဲ..ကျွန်တော့် သူငယ်ချင်းက ခုသူ့ရှိုးတွေမှာ ကျွန်တော့်ကို မိန်းကလေးလိုပဲ လျှောက်ခိုင်းနေတော့တာယကျွန်တော်လဲ.ဝါသနာကြီးတော့​ဗျာ
..ဘယ်လိုလေးပဲ လျှောက်ရလျှောက်ရ ကျေနပ်နေတာလေ..”

"သြော်...,ဒါနဲ့...ကိုယ်မင်းအိမ်မှာ..အလကားတော့ မနေပါဘူး..ကိုယ်အလုပ်ရှာ ကြည့်ပါ့မယ်”

သူ့ဘာသာတောင် စိတ်ဖောက်တဲ့ အချိန် စိတ်ဖောက်နေမှန်းမသိတဲ့ လူက အလုပ်ရှာမယ် ကြားတော့ မြတ်သော မျက်လုံးလေး ဝိုင်း ပြီး မျက်ခုံးတွေ ပင့်တတ်သွားကာ..

"နေ..ဒီတိုင်းနေလိူ့ရပါတယ် လူကြီးရဲ့..ကိစ္စ မရှိပါဘူး ကျွန်တော်မှာ ဗီလာ ၂ခုတောင် ပိုင်တာ..ဘိုးဘွားအမွေလေ..အဲ့တာကို ဌားထားပြီး ကျွန်တော်တောင် ထိုင်စားနေတာ..လူကြီး တယောက်လောက်တော့ အေးဆေးတင်ကျွေးထားနိုင်ပါတယ်ဗျာ...ပြီးတော့ အခု ကျွန်တော်က တနေ့ကမှ ေကျာင်းပိတ်သွားတာ..အိမ်မှာတယောက်ထဲရယ်..လူကြီးရှိမှ စကား​ပြောဖော်လေး..ဘာလေးရမှာပေါ့...လူကြီးအလုပ်သွားနေရင်တယောက်ထဲ ပျင်းနေရမှာ...။”

"ဖြစ်..ဖြစ်ပါ့မလား.”

"အာ..သိပ်ဖြစ်တာပေါ့..မပူပါနဲ့ဗျာ..ကျွန်တော့်ကိုသာ အဖော်လုပ်ပေး ဟုတ်ပြီလား..အဖော်လိုချင်လို့ခေါ်လာတာပါဆို..”

သူ့စကားကို လူကြီးက ဟုတ်ရဲ့လား အဆင်ပြေပါ့မလားတွေးပူနေတဲ့ ဟန်နဲ့ပဲ ခေါင်းငြိမ့်ပြ ရှာတယ်..။

"ကဲ..ရောက်ပါပြီခင့်ဗျာ့..”

မြတ်သော အသံ အဆုံး နဲ့ အတူ ခြံလေးထဲ ကွေ့ဝင်လိုက်တော့ ​တွေ့ရသည်ကတထပ် တိုက်ပုဖွေးဖွေးလေး..ခြံလေးက အတန်ငယ် ​ကျယ်ဝန်းပြီး ခြံ ကြမ်းပြင်ကို ကားလမ်းတလျှောက်မှ လွဲ ပြီး ကြွေပြားတွေ ခင်းထားသည်။

ခြံ တောင့်လေးတနေရာ မှာ ဂိုထောင်လို အဆောက်အအုံလေးတခုရှိနေပြီး..အဲ့အရှေ့ မှာ တော့ လှောင်အိမ် ဆိုဒ် ဆုံ ချထားသည်။အတွင်းမှာတော့ ဘာအကောင်မှ မရှိတာမို့ သူ တခန စိုက်ကြည့်ရင်း စဥ်းစားနေမိတော့..မြတ်သောက မြင်သွားပြီး

"သြော်..လှောင်အိမ်တွေကိုကြည့်နေတာလား..အဲ့တာက..ဒီအိမ်နောက်နား မှာ တောအုပ်လေးရှိတယ်လေ..မကြာခန ဒဏ်ရာ ရ နေတဲ့ တိလေးတွေ ရှိတော့..သူတို့ကို ခေါ်ခေါ်လာပြီး ကုပေးတာ..အဲ့အချိန်ခနထားတဲ့လှောင်အိမ်တွေပါ..အော်..ဒါနဲ့ မပြောပြရသေးဘူးထင်တယ်..ကျွန်တော်က တိမွေးကု First year လေ”

#ဖတ်ပြီး Vote ေလးပေးခဲ့ပေးကြပါနော် ရေးရတာ အားရှိအာင်လို့

နှောင်တွယ်ရစ်ငင် Where stories live. Discover now