အပိုင်း ၁၂

463 62 0
                                    

"အာ..လူကြီး ကျွန်တော် ခန ပြန်အိပ်ဦးမယ်နော်...အစောကြီးထလာတော့ အိပ်ရေးမဝသေးလို့”

အိမ်ရောက်တာနဲ့...လူကြီးကို တဖက် ခန်းမှာ နေရာ ချထားပေးပြီး... သူ အခန်းထဲ ပြန်ဝင်အိပ်လိုက်တော့သည်..။

........ .......... ........ ............
၃နာရီ ခန့် ကြာသော်....

ဘယ်အိမ်က ပြန့်လွှင့်လာတဲ့ အနံ မှန်းမသိ..။မွှေးနေတဲ့ ဟင်းနံ့ကြောင့်..  ဗိုက်က ဆန္ဒပြလာတော့တာမို့..မထချင်လဲ ထရတော့တယ်။

ရေချိုးပြီး   မြို့ထဲသွားမယ်ကွာ..။

မုန့်ဆိုင်တွေက မြို့လယ်ခေါင်မှာပဲ ရှိတာဖြစ်ပြီး
သူ့အိမ်ကတော့ မြို့ပြင် မှာ ကိုး..။မနက်ဖြစ်ဖြစ် ည ဖြစ် ဖြစ် အိပ်ရာ နိုးရင် ရေမိုးချိုးပြီး မြို့ ထဲ သွားတာ သူ့အကျင့်ပင်။

ရေကတော့ မချိုးလို့မဖြစ်။ဘာလို့ဆို..မြတ်သောမှာအကျင့်ဆိုးကြီးတခုရှိသည်..။အဲ့တာက.. အိပ်ရာ နိုးပြီး ရေမချိုး မချင်း စိတ်နဲ့ ကိုယ်နဲ့ မကပ်တာပင်...။

ခုလဲ အိပ်ရာက ကုန်ရုန်း ထ ထိုင်လိုက်ပြီး..မျက်စိ မပွင့်တပွင့်နဲ့..အကျီ် နဲ့ ဘောင်းဘီ ကို အနိုင်နိုင်ချွတ်ပြီး..အတွင်းခံ လေးတထည်နဲ့
အိမ်နောက်ဖေးရေချိုးခန်းရှိရာ မီးဖိုချောင်ဆီကို လျှောက်သွားတော့သည်။

မြတ်သောက သာရေချိုးခန်းထဲ ဝင်သွားတာ..။မီးဖိုချောင်က ထမင်းစားပွဲ ပေါ် ဟင်းတွေ ပြင်ဆင်ပြီး တင်နေတဲ့...လူကြီး ခင်မျာ.. လက်လှမ်းလျှက်သား...ကျောက်ရုပ် ဖြစ် ကျန်ရစ်ခဲ့သည်။

ငါ..ငါဘာမြင်လိုက်ရတာလဲ..။

ဖြူဖွေး သွယ်ပျောင်းတဲ့ ကိုယ်ခန္တာ
လေးမှာမှ အတွင်းဝတ်လေး တထည်သာရှိတာကို မြင်လိုက်ရတာမို့..စိတ်တွေက ကယောက်ကယက် နဲ့ ရင်တုန်နေတာက ခုထိ မပြေနိုင်။

မြတ်သော ကြည့်ရတာ..သူရှိနေတာကို မေ့ပြီး..အရင်ကတယောက်ထဲ နေ သလိုနေမိပုံရသည်မို့...ရှက်သွားမှာ စိုးရိမ်ကာ
ကဗျာကယာ မီးဖိုခန်းအ
ပြင် ထွက်ရတော့တယ်..။

ထိုအချိန် ရေချိုး ပြီးသွားတဲ့ မြတ်သော မှာလဲ...

ခုနက ဒီ..ဒီတိုင်းကြီး ထွက်လာတာလား။သေရော..လူကြီးမြင်သွားပြီလားမသိဘူး..ရှက်လိုက်တာကွာ...

နှောင်တွယ်ရစ်ငင် Where stories live. Discover now