အပိုင်း ၃၇

146 14 3
                                    

ဖျော့တော့တော့ ကိုယ်သင်းနံ့ လေး တခု နိုးနိုးချင်းရလိုက်တာကြောင့် ဒိုက် နှုတ်ခမ်းတို့ သိသိသာ သာ တွန့်ချိုး သွားတယ်။မလှုပ်မရှပ်အနေအထားနဲ့ ပဲ မျက်စိ အသာ လှန်ကြည့်မိတော့ ဖြူနုနု မျက်နှာလေးက နီးကပ်စွာ...။ သဘော တကျ ငေးစိုက်မိနေရင်းက မနေ့က အကြောင်း စဥ်းစားမိတော့ တဖန် မျက်မှောင်တို့ တွန့်ချိုးသွားမိပြန်သည်။မနေ့ညနေက ဆေးခန်းက ပြန်လာ တဲ့ တလျှောက်လုံး မြတ်သော က မျက်နှာမကောင်းပေ။အမြဲ နူးညံ သိမ်မွေ့နေတတ်တဲ့ မျက်ဝန်းလှလှတွေထဲမှာ..ဘာလို့ရယ်မသိ ဝမ်းနည်း အထီးကျန် ရိတ်တွေ မြင်နေရသလိုလို ခံစားနေရသည်။ပြန်လာတော့လဲ ညစား နည်းနည်းပဲ စားပြီး အစောကြီး အိပ်ရာဝင် သွားခဲ့တယ်။မေးလဲ ဘာမှ မဖြစ် ပါဘူး လို့သာ ပြောနေတာကြောင့် နောက်ဆုံး မတတ်နိုင်စွာပင်..သူ အတိတ်မေ့ ချင်ယောင် ဆောင်လိုက်ကာ..မြတ်သော ရင်ခွင်သေးသေးလေးထဲ သူ့ကိုယ် မဆန့်မပြဲ ကြီးနဲ့ အတင်း တိုးဝှေ့ အိပ်ပြစ်လိုက်တော့သည်လေ။

မြတ်သော ပုံရိပ်တွေ ပြန်တွေးမိတော့...သူ့စိတ်ထဲ အလိုမကျ သလိုလို ရင်မောနေသလိုလို မနှစ်မြို့ဖွယ် ခံစား ချက်တွေ ပြန်ပေါ်လာပြန်သည်။

တကယ်ပါ...သူလေး ဆီက နည်းနည်းလေး ခပ်ခွာခွာနေနေ တယ်လို့ ခံစားမိရင် ကို ပဲ သူ့စိတ်ထဲ တခုခုကို ထိတ်လန့်နေသလို စိုးရိမ်စိတ်တွေ ပေါ်လာမိတယ်။

ဘာပဲ ဖြစ်ဖြစ်... ကလေးနဲ့ သူ ဝေးဝေးနေ နိုင်ဘူး..။ဟုတ်တယ်...ကလေးကို ဘာကြောင့်နဲ့ မှ သူ့ကို ရှောင်နေခွင့်ပြုနိုင်ဘူး..။
ကလေးနဲ့ နီးစပ် ဖို့ သာဆို...သူ ခုလိုရူးချင်ယောင် ဆောင်ရုံတင်မက
ဒီထက်တောင် ပိုလုပ်နိုင်သေးတယ်အဟမ်း...နည်းနည်းတော့ ရှက်ဖို့ကောင်းပေမဲ့ပေါ့...။

နှောင်တွယ်ရစ်ငင် Where stories live. Discover now