1(Zawgyi)

849 14 0
                                    

အနန္တစကြာင်္ဝဠာ ထဲမှာ အပြိုင် စကြာင်္ဝဠာတွေ တည်ရှိကြတယ်တဲ့...

တခြား စကြာင်္ဝဠာ တခု ဟာလဲ ဒီကမ္ဘာနဲ့ အနီး စပ် ဆုံး တူညီတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ် ။

ဒီကမ္ဘာ ရဲ့ မြန်မာ နိုင်ငံဟာ
အပြိုင်ကမ္ဘာမှာ M နိုင်ငံ ဖြစ်တယ်..။

ဒါဆို..ဇာတ်လမ်းလေးကို စလိုက်ကြမလား...။
.........
ဒီကမ္ဘာ မဟုတ်တဲ့ တခြားအပြိုင်ကမ္ဘာမှာပေါ့....မတ္တရာ ဆိုတဲ့ ကမ်းခြေ မြို့လေး တခု ရှိတယ်။ဒီကမ္ဘာရဲ့ ပတ္တရာ ကမ်းခြေ လိုပဲ သိပ်လှပပြီး ခရီးသွားတွေ အများဆုံးလာကြတယ်။နေဝင်ချိန်နဲ့ နေကျချိန်တွေက မတ္တရာ မှာ အလှဆုံးပဲလေ....။လှပလွန်းလို့
အချစ်ရဲ့ နယ်မြေလို့ သတ်မှတ် ကြပြီး.. မဂ်လာပွဲ တွေကလဲ အများအပြား...။ပါးစပ်ပုံပြင်တွေအရတော့...မတ္တရာ ကျွန်းမှာ ကိုယ့်ရဲ့နောက်ထပ်တခြမ်းကို ရှာတွေ့နိုင်ကြတယ်ဆိုပဲ..။

.... .... .... ...... ...... ....... ...
ကမ်းခြေ ဆီသွားရာ...ဟိုင်းဝေးလမ်းမကြီးဘေးက သောင်ပြင်မှာ ကားငယ်လေး၂ စီး ထိုး ရပ်ထားလေသည်။ကားငယ်လေး ၁စီး
ရဲ့ အပေါ် မှာ တော့ လူသား ၂ဦး ယှည်တွဲ ထိုင်နေကြတယ်..။

"မြတ်သောရာ.. နေထွက်ချိန်ကြည့်ချင်တာကို..ကမ်းခြေမှာ မကြည့်ပဲ ဒီကိုလာကြည်ရလား...ဒီက လူပြတ်တယ်..မင်းအန္တာရယ် များတယ်လေ..

သူ့စကားကို တဖက်က ဆံပင် ဝါလေးတွေနဲ့ ကောင်လေးက ပြုံးကာ..

"ကိုခန့်သိလား...ဒီနေရာလေးက အမေနဲ့ အဖေ စတွေ့ကြတဲ့ နေရာလေးလေ..ဒါကြောင့် ကျွန်တော့်နာမည်က မတ္တရာမြတ်သော ဖြစ်နေတာ
ဟဟ..ပြောလို့ရမလားကျွန်တော်လဲ မပြန်ခင်လေး ဖူးစာဖက်နဲ့ တွေ့ချင်တွေ့အောင် ဒီနေရာ အထိ တမင်လာတာပေါ့..ပြီးတော့ ကျွန်တော်က ယောကျာ်းလေးပဲဟာ..တော်ရုံ ဘယ်သူက ရန်စရဲမှာလဲ

ခန့်မြဲကြည်သာ သူ့ကိုသူ ယောကျာ်းပါလို့ ပြောနေတဲ့
သူ့ရှေ့က ကောင်လေးကို ဆိုက်ကြည့်မိတော့တယ်။

ဆံပင် ဝါဝါလေးတွေနဲ့ သဘာဝ အတိုင်းဖြစ်နေတဲ့ ဇင်ယော်တောင်မျက်ခုံးလေး....ထူထူစိပ်စိပ်ပေါက်နေတဲ့ မျက်တောင်တို့က ခဲရောင်မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို ဝန်းရံ ခစားနေကြသေးတယ်။ခပ်သေးသေးပန်းရောင် နှုတ်ခမ်းလေးက ဖူးဖူးလေး မို့ ပန်းရောင်နှင်းဆီဖူးလေး တင်ထားသလိုလို...။နှာတံ မြင့်မြင့်လေးက ဘေးတိုက်ကြည့်မိတော့ သွယ်စင်းစင်းမေးရိုးလေးနဲ့ လိုက်ဖက်နေပြန်တယ်။ဝတ်ထားတဲ့ ဆွယ်တာ အသားရောင် အောက်က ကိုယ်ခန္တာအချိုး အဆစ်က ဘယ်မှာလဲ ယောကျာ်းလေး တယောက်ရဲ့ အဖုအထစ်တွေ..။ဝင်းဖန့်စင်ကြယ်နေတဲ့အသားအေရေက အမွှေးအမျှင် မရှိတာမို့ သွေးကြောစိမ်းတွေက ယှက်ဖျာ အလှဆင်တယ်..။ဘုရားစူး..ယောကျာ်းလေး....။
သေချာကြည့်မှ ရေးရေးမြင်နိုင်တဲ့ အာဒံ ပန်းသီးလေး ကယ်နေလို့သာ ယောကျာ်းလေးပါလို့ယုံရမယ်..ဒါလေးကို မြင်ရင် ဘယ်သူက ယောကျာ်းထင်မှာလဲ..ယောကျာ်း ဆိုရင်တောင် မိန်းကလေးတွေထက် အပုံကြီးလှနိုင်သူလေးကို အလွတ်ပေးကြဖို့ မသေချာ..။

ကျွတ်...အဲ့ဒိ..ယောကျာ်းပါဆိုတဲ့ဟာလေးကပဲ..ဘယ်သူမှမမြင်အောင်ဖွက်ထားချင်စရာကောင်းနေတာရောသိရဲ့လား။ဖူးစာရှင်နဲ့ တွေချင်တာထက်..ခုမင်းဘေးမှာရှိတဲ့ကောင်ကိုပဲ..ဖူးစာဖက်လို့ သတ်မှတ်ပေးရင်..ရူးခါနေအောင်ပျော်မိတော့မှာ..။

"တီတိတီ

အတွေးထဲ နစ်နေတုန်း ဝင်လာတဲ့ ဖုန်းကို ကြည့်ရင်း ခန့်မြဲ စိတ်တိုနေမိတယ်..။တကယ်ဆို သူက အားတာမဟုတ်..။ဒီလိုနေရာကြီးမှာမှ မပြန်ခင် နေထွက်ချိန်ဝင်ကြည့်ဦးမှာ လို့ ပြောလာသူလေးကို စိတ်မချလွန်းလို့ အလုပ်ခနပြစ်ပြီး လိုက်ပို့ရတာပင်။

"အင်း..နောက်နာရီဝကိမှ လာခဲ့မယ်..မတတ်နိုင်ဘူး..စောင့်ခိုင်းထားလိုက်...ကျွတ်

ဖုန်းပြောနေသူစကားကြောင့်.. မြတ်သော မျက်လုံးလေး ဝိုင်းကာ.
ဖုန်းချသွားတာနဲ့..

"သွားတော့... မြတ်သောလဲ ပြန်တော့မယ်..အလုပ်က အရေးကြီးတယ်ဆို..

"မင်းကို မှ..ဒီမှာ တယောက်ထဲ ထားခဲ့လို့မရတာကို

"အင်းပါ..အခုကိုကို ပြန်သွားပြီးတာနဲ့ ပြန်မှာ..ကတိကတိ

ကတိတွေ အတင်းပေးရင်း အတင်ူတွန်းတင်တော့ မသွားချင်သွားချင်နဲ့ ပြန်သွားလေရဲ့..။

အင်း..ဒီပေါက်ပေါက် ကုန်ရင် ပြန်တော့မယ်။

တကယ်တော့သူက ဒီမြို့မှာ နေတာမဟုတ်..ခန့်မြဲကြည်သာ ရဲ့ ညီမဖြစ်သူ ခန့်မြဲသစ္စာရဲ့ ပွဲ အတွက် မော်ဒယ်ခနလာလျှောက်ပေးရုံသာ..။

ကားဘောနက်ပေါ် က ပေါက်ပေါက်ထုတ်ကြီး ယူကာ ကမ်းစပ်နားသွားလိုက်ကာ..ဖိနပ်ချွတ်ပြီး ရေ ဆော့နေလိုက်တယ်။

"ဟင်...ဟိုကဘာကြီးမျောလာပါလိမ့်

ဘုတ်

"အားးးးအလောင်းကြီး..

ကြောက်အားလန့်အားနဲ့ မုန့်ထုပ်ကြီး ပြစ်ချကာ ကားနားပြန်ပြေးလာချိန် မွောလာတာကွီးက လှိုင်းပုတ်လိုက် လို့ သောင်ပေါ်လာတင် နေပြီ..။

ဒီလိုအခြေအနေ မှာ ဘာလုပ်ရမှန်းသူတကယ်ကိုမသိတာမို့..ထူထူပူပူ..။

ရဲ..ရဲစခန်းကိုအကြောင်းကြားရမှာလား။.မဟုတ်သေးဘူး။.ဒီနေရာက လူပြတ်နေတာ..တော်ကြာငါသတ်ပြီးလာပြစ်တာလို့ ထင်ရင် ဒုက္ခ။
သေတာဟုတ်ချင်မှလဲ ဟုတ်မှာပါ. ခုနက မြင်မိတာ..ရေချိုးခန်း သုံးဝတ်စုံကြီးနဲ့...ကမ်းခြေက နေသတိလစ်ပြီးများ..မျောလာတာလား။

နှောင်တွယ်ရစ်ငင် Where stories live. Discover now