6(Zawgi)

291 9 0
                                    

"လူနာကို စိတ်ငြိမ်ဆေးတော့ ထိုးပေးထားတယ်..ဓာတ်မှန်တွေ အရဆို သူ့အာရုံကျော တချို့က ဆိုးဆိုးဝါးဝါးယောင်ရမ်းနေတယ်...အဲ့ဒိ အာရုံကြောတွေက ယောင်နေတာမို့ တခြားအာရူံကြောတွေကို ဖိထားသလိုမျိုးလဲ ဖြစ်နေတယ်..

"ဒါဆို..သူက ရူးသွားတာလား...

ရုပ်ကြီးချောနေရဲ့နဲ့..ရူးသွားရင်တော့နှမြောစရာပဲ။

"အဲ့လိုလဲ ပြောလို့မရသေးပါဘူး...အာရုံကြောယောင်တာက အချိန်တခူကြာရင် ပျောက်နိုင်ပါတယ်..မုန်းမာန်ပြောတော့..သူက ရေထဲ မြောသွားတာဆို..ဒါဆို ရေထဲ ပြုတ်ကျတုန်းက ဖြစ်ဖြစ် ပင်လယ်ထဲ မှာ လှိုင်းရိုက်လို့ ဖြစ်ဖြစ် ကျောက်ဆောင် နဲ့ တိုက်မိခဲ့လို့ နေမှာ..အင်း..သူ့စိတ်အခြေအနေ ကတော့..ခုနက စမ်းသက်ရတာ ပုံမှန် ဖြစ်သွားလိုက် နည်းနည်းတမျိုးဖြစ်လိုက်ပဲ..ကဲပါ..ဒါက ကျွန်တော့်ဖုန်းနံပက်..တခုခုထူးဆန်းရင် တချက်ပြန်ပြောပေးပါ
မုန်းမာန် ကိုယ်တိုင်မိတ်ဆက်ပေးထားတာပဲ..ကျွန်တော်သေချာကူညီမှာပါ..

"ဟုတ်ကဲ့ဒေါက်တာ..ကျေးဇူး ပါ..ဒါဆို..ကျွန်တော်တို့ ကို ပြန်ခွင့်ပြုပါဦး..

မနက်က အကိုမုန်းမာန်ဆီ ဖုန်းခေါ်တော့..ဒေါက်တာစည်သူဆီ ညွှန်တာမို့ ညပိုင်း
မြတ်သောတို့ ရောက်လာကာ လိုတာတွေစစ်နေကြခြင်းပင်။

ဆေးရုံ အပြန် မုန့်စားဖို့ ကားရပ်လိုက်တော့...

"အယ်..ဟဲ့..နင့်လူကြီး အိပ်နေတယ်ဟ

သစ္စာ စကားကြောင့် နောက်လှည့်ကြည့်မိတော့ ဆံရှည်လူကြီးရယ်လေ..နောက်ခန်းက ဆိုဖာခုံမှာ လှဲ ပြီး အိပ်လို့..။

"ကဲပါ..ငါတို့ပဲ သွားစားတာပေါ့..သူနိုးလာရင် မြင်ရမဲ့ နေရာလောက်မှာ ထိုင်လိုက်မယ်လေ..

"အင်းအင်း..ယူ့သဘော
.......... .......... ............ .........
"ဆိုပါဦး...ဘာက ဘယ်လို ဖြစ်? ..တနေ့ခင်းလုံး ရှိုးနဲ့တိုင်ပက်နေတာနဲ့ မေးကိုမမေးအားဘူး..ခုပြောပြတော့..

မုန့် မှာ ပြီးပြီးချင်း သစ္စာက သူသိချင်တာကို မဆိုင်းမတွမေးလာတော့တယ်။

"ငါ..အပြန် ကမ်းခြေ ဝင်မယ်လို့ပြောတာ နင်သိတယ်မှတ်လား...အဲ့တာဟာ...#(((@!$/#%*&. .. အဲ့တာပဲ

နှောင်တွယ်ရစ်ငင် Donde viven las historias. Descúbrelo ahora