အပိုင်း ၂

1K 79 1
                                    

တွန့်ဆုတ်တွန့်ဆုတ် နဲ့ အနားကပ်သွားတော့...မြင်လိုက်ရတာက ငွေမျှင်ရောင် ဆံသားတွေနဲ့ တည်ကြည်ခန့်ညားတဲ့ ဥပတိရုပ်ပိုင်ရှင်တဦး...။
အွန်း..ချောတော့ချောပေမဲ့..ကာလာအနေအထားကတော့ ပြာနမ်းနမ်း နဲနဲတော့ ဖြစ်နေတာပေါ့...။ရေနူးလာတာမို့လား။

ရင်ဘက်က ဓားမြှောင်တန်းလန်း ကြီးကို မြင်တော့..မြတ်သော မျက်လုံးတွေ ဝိုင်းသွားရဲ့။

ဘုရား..လူဆိုးများလားဒါမဲ့..သူ့ရုပ်က လူဆိုးဖြစ်ဖို့ ကြတော့လဲ ကောင်းလွန်းအားကြီးလွန်းတယ်မသကာ..မင်းသား ဆိုဟုတ်တုတ်တုတ်ဘာနေနေပါလေ..ချောတယ်ဆိုတော့လဲ...ကယ်ကောင်းပါတယ်

ဟာ..ငါကလဲ...အသက်ရှူရှုစမ်းမှာကို...ရုပ်ချောချောရပ်ကြည့်နေမိပြန်ပြီ...။

အသာလေး တိုးကပ်ပြီး နှာခေါင်းနား လက်ချောင်းတွေ ထိကြည့်မိတော့..အသက်ငွေ့ရေးရေးလေးရလိုက်တာမို့...စိတ်တော့အေးသွားမိတယ်..။

ဟူး...တော်ပါသေးရဲ့.အသက်တော့ရှိသေးတယ်ဒါနဲ့
.ဓားက တန်လန်းကြီး..ဘယ်လိုသယ်ရင်ကောင်းလဲ..။မသိတော့ဘူး..သယ်တတ်သလိုပဲ..သယ်မှာပဲ..။

ဓားဒဏ်ရာ ကို မထိအောင် နိုင်သလောက် သယ်ကြည့်ရတာ လွယ်တာတော့မဟုတ်..။လူကောင်က ကွာဟ လွန်းရတဲ့ အထဲ အရပ်ကြီးက လဲ မိုးထိုးနေတာမို့ ၂ လှမ်းလောက် လှမ်းပြီးတာနဲ့..ခြေခေါက်လှဲတော့တယ်..။

ကျွတ်..ငါလုပ်တာနဲ့..တကယ်သေတော့မှာပဲ..။ ကဲ...မတတ်နိုင်တော့ဘူး

ဓားဒဏ်ရာက အရှေ့ ရင်ဘက်မှာ ပဲ မို့..ပိုတော့ဆိုးသွားလောက်ပါဘူး..။

အကြံ ကုန်တဲ့ အဆုံး တရွတ်တိုက်ဆွဲရင်းသာ..အပြေးအလွှာ ကားပေါ်တင်ရတော့သည်။ပြီးတာနဲ့..ကားလေးရဲ့ ဦးတည်ရာက သူငယ်ချင်းတယောက်ရဲ့ အကို ဖြစ်သူဆီသို့..။
...... ..... ..... ...... ...။

နှောင်တွယ်ရစ်ငင် Where stories live. Discover now