အပိုင်း ၃၉

339 24 2
                                    

ဒေါက်ဒေါက်...

ရုတ်တရက်ဝင်လာတဲ့တံခါးခေါက်သံကြောင့်.. မြတ်သော လူကြီး ရဲ့လက်တွေ ကို အသာ ဖယ်လိုက်ရင်းတံခါးသွားဖွင့်ပေးလိုက်သည်။တံခါးဝမှာ အဲလက်စ်က မျက်နှာသိပ်မကောင်း စွာဝင်လာရင်း...

"အာ...မြတ်သော..ကျွန်တော် အကို့ကို ဒီနေ့လဲ ခေါ်သွားရဦးမယ်...ချိန်းရ ခက်တဲ့ ဆရာဝန် တယောက် ရောက်လာလို့လေ..ဒီနေ့ တရက်ပဲ ပြလို့ရမှာမို့ ခေါ်သွားမယ်နော်...”

အဲလက်စ်စကားကြောင့်..မြတ်သော အသာ ခေါင်းညိတ်ပြမိသည်။

ဖြေးဖြေး နဲ့ခွဲခွာမဲ့အချိန်က နီးကပ်လာပြီပဲ...

မျက်လုံးထဲက အရည်လဲ့ တွေ မြင်သွားမှာ ဆိုးတာကြောင့် အလျင်အမြန်ပဲ ခေါင်းငုံ့ကာ အခန်းထဲသွက်သွက်လျှောက်လာ မိတယ်။အခန်းတံခါးကို ပိတ်ချလိုက်ရင်း အားလျော့စွာ ကျောမှီရပ်နေမိတာ ဘယ်လောက်ကြာသွားမှန်း မသိ.. ။သူ လက်ဆွဲအိတ် ယူပြီး ပြန်ထွက်လာတော့ လူကြီးနဲ့ အဲလက်စ်က တခုခုကို တီးတိုး တိုင်ပင်နေပုံရပြီး..လူကြီး မျက်နှာကလဲ တင်းမာနေပုံရတယ်လို့ ခံစားလိုက်ရတယ်။

မဟုတ်သေးပါဘူး...လူကြီးက စိတ်လွတ်နေတာ မဟုတ်ဖူးလား..။

သူ..ဇဝေဇဝါ ဖြစ်နေစဥ်မှာပင်..အဲလက်စ်က မြင်သွားပုံရကာ...

"မြတ်သော ...သွားစရာရှိတယ်ထင်တယ်..ကျွန်တော်ဝင်ပို့ပေးခဲ့မယ်လေ..ဒီမှာ အကိုကလဲ နည်းနည်းပြောရခက်နေတော့.....”

"နေပါစေ..မြတ်သော ကို..သစ္စာလာခေါ်မှာပါ...လူကြီး...လိမ္မာတယ်လေ..ဒါက လူကြီးနေမြန်မြန်ပြန်ကောင်းလာဖို့ပဲဟာ...လိုက်သွားလိုက်နော်...”

လူကြီးက သူ့စကားကို သိပ်လက်ခံချင်ပုံမရပေမဲ့...မျက်မှောင်ကုတ်နေလျှက်နဲ့ပဲ...ခေါင်းညိတ်ပြလာတယ်။

"ဒါဆို..ကျွန်တော်တို့ သွားလိုက်ပါဦးမယ်...”

မြင်ကွင်းထဲက...လူကြီးရဲ့ကျောပြင်ပျောက်ကွယ်သွားတာနဲ့...မြတ်သော ဆိုဖာပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိတယ်။

ခွဲခွာဖို့ ကြိုးစားတာက တကယ်မလွယ်ကူ ဘူးပ​ဲ

နှောင်တွယ်ရစ်ငင် Where stories live. Discover now