အပိုင်း ၂၂

314 40 7
                                    

"ဟို..တမျိုးတော့မထင်ပါနဲ့နော်..ဒိုက်ဆီမှာ ချစ်သူ မရှိဘူးမှတ်လားဟင်...”

အနားကပ်ပြီး တိုးတိုးမေးလာတဲ့ စကားကြောင့် မြတ်သော မျက်ခုံးတန်းလေးတွေ အလိုမကျခြင်းများစွာနဲ့ ကွေးကျလာသည်။

ရှိတယ်ဖြေလိုက်ရင် ကောင်းမလားလို့တွေးလိုက်တုန်း ရှိသေး...မီးဖို ခန်းကနေ ပြေးထွက်လာသံနဲ့ ငိုသံပြဲ ကြီးကြောင့် မြတ်သော ပါးစပ်က ဘာစကားမှ မထွက်လာတော့ပဲ နှုတ်ခမ်းတို့က ခပ်ဟ ဟ အနေ အထားနဲ့ ရပ်တန့်သွားသည်။

"ဟမ်းးးးးး နာတယ်....ဟမ်း...ပူတယ်”

နောက်ဖေးက ပြေးထွက်လာသည်..ထို ကြီးကောင်ကြီးမား ချောကလက် တောင့်ကြီးက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေရင်း မြက်သော မျက်နှာရှေ့ သူ့လက်ခုံ ကြီး အတင်းထိုးပြလေသည်။

မီးဖိုခန်းထဲ ဝင်အသွားတုန်းက တည်ကြည်ခန့်ညားလှတဲ့ အမျိုးကောင်းသား ကြီးက ခု..ပြန်ထွက်လာတော့ ကိုယို့ ကားယားခွေးပေါက်လေး လို ဖြစ်နေတာကို မုဒါခင်မျာ ယင်ကောင်တင်မက ဌက်ပါ ဝင်ဥလို့ ရလောက်တဲ့ ပါးစပ်ကြီးအဟောင်းသားနဲ့ ကြောင်ငေးကြည့် ေနလေသည်။

"ဟုတ်လား...ကျွတ်..သတိထားမှပေါ့ လူကြီးရာ..လာလာ မြတ်သော ဆေးထည့်ပေးမယ်နော်...

မြတ်သော.. မုဒါရဲ့ မျက်လုံးပြူး ပါးစပ်အဟောင်းသားကြီးကို ကြည့်ပြီး တဖက်လှည့်ကာ ကြိတ်ရယ်မိတယ်။

ကောင်းတယ်..တိုင်ပင်က လုံးဝ အကိုက်ပဲ.ဟဟား။

မုဒါကို ဂရုစိုက်မနေ ပဲ လက်ကို ဆေးယူ ထည့်ပေးရင် တဖူးဖူးနဲ့ မှုတ်ပေးလိုက်တော့ လူကြီးက အငိုတိတ်သွားလေ ပြီ..။

မုဒါက ခုထိ ဘာသံ မှ ထွက်မလာသေးပဲ..မြတ်သောလုပ်သမျှကို ကြောင်အအ နဲ့ လိုက်ကြည့်နေသေးတယ်..။တအောင့်ကြာမှ သတိဝင်လာဟန်နဲ့...

"အ..အကို..မြတ်သော.. ဒါက ဘယ်လို...”

မုဒါအမေးကြောင့် ​သူ့မျက်လုံးတွေလူကြီးဆီရောက်သွားတော့ လူကြီးက အပြင်ကို ငေးနေချိန်မို့ အလျင်အမြန်ပင် မုဒါဘက် လှည့်ပြီး.သူ့နာထင် သူ လက်ညိုးထိုးပြလိုက်သည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now