အပိုင်း ၂၁

478 43 8
                                    

"ဟာ...မလုပ်ပါနဲ့ အကိုရာ..မြတ်သော ဘာသာဆေး ပါ့မယ်ဆိုနေ”

ခုဆို ဒဏ်ရာ ရနေတာ ၁၀ ရက်လောက်ရှိပြီ..။ ဒီရက်ပိုင်း နေရတာ အဆင်ပြေ လားမေးရင် မပြေဘူးး။

နည်းနည်း မှကို အဆင်ပြေမနေဘူးနော်။

ဘယ်သွားသွား အပွေ့ခံနေရတာ ကြီးက မြတ်သော အတွက်တော့ တော်တော် စိတ်ကသိကအောက် ဖြစ်ရသည်။ ဒီကြားထဲ ဆေးထည့်ရင် တားမရဆီးမရ ခြေဖဝါးက
အနာတွေကို ရေဘက်ဝတ်နဲ့ ခပ်ဖွဖွသုပ်ပေးနေသူကြီးကတမှောင့် ။

သူတော့ဘယ်လိုနေမှန်းမသိ..မြတ်သောတော့ အပွေ့ခံရချိန်တွေတိုင်း ခြေဖဝါးကို လာထိ ကိုင်ခံရတဲ့ အချိန်တိုင်း လူက ချွေးတွေ ပျံပြီးကတုန်ကယင် ဖြစ်နေရသည်။

"ရပါတယ်ဆိုကွာ..မင်းလေးက ကိုယ့်ကိုကယ်ရင်း ဒဏ်ရာ ရလာတာလေ..ကိုယ့်တာဝန်မကင်းဘူးလေ ချာတိတ် ရယ်”

ပြောရင်း ​​ခြေဖဝါးထဲ ဆေးထည့်ပေးရင်း ပြန် ပက်တီးစည်းပေးနေပြန်သည်။

ဒေါက်..ဒေါက်..။

"ဟင်..ဘယ်သူပါလိမ့်..”

"နေနေ ကိုယ်သွားဖွင့်လိုက်မယ်..”

အိမ်ရှေ့ အပြေးအလွှာ ထွက်ပြီး ​မှန်ပြတင်း ကနေ လှမ်းကြည့်လိုက်တော့ မြတ်သော သူငယ်ချင်းမလေး ဖြစ်နေတာမို့ တံခါးဖွင့်ပေးလိုက်သည်။

"ဟေ့လူကြီး...ခင်များက ဒီက မသွားသေးဘူးလား...”

"သစ္စာရေ..ငါဒီမှာ.. ဝင်လာခဲ့..”

ဒိုက်ဘာမှ ပြန်မပြောရသေးခင်
အခန်းထဲက မြတ်သောအသံထွက်လာသည်။

"ဟယ်...နင်..ဘာတွေ ဖြစ်တာလဲ..ကြည့်စမ်း...ပက်တီးတွေ ဒူးမှာရော ခြေဖဝါးတွေ မှာရော...နင် accdient ဖြစ်တာလား...ဒါမှ..မဟုတ် ဒိုက်လုပ်တာလား..”

"ဟာ...မဟုတ်တာ..ထင်ရာတွေ လျှောက်ပြောနေပြန်ပြီ နင်ကတော့..ငါတောလည်သွားရင်း ဖြစ်တာပါဟ..ကြည့်ရတာ ခရီးသွားတွေများတော့လည်လာတာလားမသိပါဘူး.. သားကောင်ဖမ်းဖို့ ​ကျွင်းတူးပြီးသစ်ရွက်တွေ ဖုံးထားတာကွာ..အဲ့တာမမြင်ပဲ နင်းမိလို့ ကျသွားတာ”

နှောင်တွယ်ရစ်ငင် Where stories live. Discover now