အပိုင်း၃၀

228 20 2
                                    

"ဒါ ကျွန်တော့်ရဲ့လိပ်စာကဒ်ပါ.."

တဖက်ကလှမ်းပေးလာတဲ့ လိပ်စာ ကဒ်ကို ယူရင်း သစ္စာ အံသြနေမိသည်။ ကြားဖူးတာတော့..ဘုန်းမြတ်နေယံ ဆိုတာ ငယ်ငယ်နဲ့ ထူးချွန်အောင်မြင်သလောက် အရမ်းမောက်မာသည်ဟုသာ..။ဘယ်သူ့ကို မှ လူမထင်တဲ့ မျက်နှာ ဘေး ပိုင်ရှင်တဲ့..။ခု သူတို့ရှေ့က ဘုန်းမြတ်နေယံ ကတော့ ဖော်ရွေ ခင်မင်တတ်သယောင် ထင်နေရတယ်..မ ဟုတ်မှ...။

တစုံတခုကို တွေးမိသွားတော့ မသိစိတ်နဲ့ မြတ်သော ဘက် ခေါင်းလှည့်ကြည့်မိသည်။အဲ့ဒိနောက်.
..မြတ်သောနဲ့ စကားပြောနေတဲ့ ဘုန်းမြတ်နေယံ ရဲ့ မျက်ဝန်းတွေဆီသို့...။

ဒါပေါ့..ဒီမျက်လုံးတွေ သစ္စာကောင်းကောင်းသိတာပေါ့..။
သူ့အကို က မြတ်သောကို ကြည့်တဲ့ မျက်ဝန်းမျိုး...။အကိုမုန်းမာန် က မြတ်သောကို ကြည့်တဲ့ မျက်ဝန်းမျိုး..။အချစ်တွေနဲ့ နှုးညံ့ပျော်ဝင်နေတဲ့ အကြည့်တွေလေ..။

မြတ်သောရေ..နင့်ရဲ့ သံလိုက်ဆွဲအားကြီးက ကြောက်ခမန်းလိလိပါလား..။သစ္စာ အတွေးနဲ့ အတူ သက်ပြင်းသာ ချမိတော့သည်။သူ့အကို ဘဝက လဲ ပြိုင်ဘက်တွေ များလိုက်တာနော်..။

"သစ္စာရေ...နင်ဘယ်လိုသဘောရလဲဟင်"

"ဟင်...ဟမ်.."

အတွေးလွန်နေစဥ် မြတ်သော တို့ဘာပြောလိုက်မှန်းမသိလိုက်သဖြင့် ယောင်တောင်ပေါင်တောင်နဲ့ ပြန်မေးမိသည်။

"ဟာ..နင်ကလဲ..ဘာတွေတွေးနေတာလဲ..ဒီမှာ ကိုဘုန်းမြတ်က ပြောနေတာ..သူတို့ အလှကုန်ကုမ္ပဏီ အတွက် ပိုစတာ ရိုက်ဖို့ကို အဝတ်အစား ဒီဇိုင်းနဲ့ မော်ဒယ် အဖြစ် ငါတို့ ၂ယောက်ကို လုပ်စေချင်လို့တဲ့..."

"အယ်။"

ရုတ်တရက်မို့ သစ္စာ ဇဝေဇဝါ ဖြစ်သွားတာ အမှန်ပင်..သူမက အလုပ်ကို အရေးပေး လေးစားပေ မဲ့..သူ့အကို ရဲ့ ပြိုင်ဘက်နဲ့ လက်တွဲ ဖိက ဖြစ်ပါ့မလားလို့ တွေးမိပြန်သည်။
ဇဝေဇဝါ နဲ့ ဝေခွဲမရတဲ့ အဆုံး

"ဦးဘုန်းမြတ် ခနလေးပါနော်"

ခွင့်တောင်းပြီးတာနဲ့ မြတ်သောကို ဆွဲခေါ်လာကာ ခပ်လှမ်းလှမ်းရောက်မှ

နှောင်တွယ်ရစ်ငင် Where stories live. Discover now