အပိုင်း၁၈

378 50 2
                                    

ဒိုက်...ကျွင်းပေါ် ရောက်ရောက်ချင်း အပေါ်ပိုင်း ဗလာနဲ့ လှဲလျောင်း နေသူကြောင့်...စိုးရိမ်စိတ်တို့က တနင့်တပိုး...။

အပြေးအလွှာ သွားထူရင်း..နာမည်ခေါ် ကြည့်တော့ မရမကဖွင့်ထားရဟန်တူတဲ့ မျက်ဝန်းတွေနဲ့ ကောင်လေးက ခပ်ယဲ့ယဲ့ ပြုံးပြရှာတယ်။သဘောက သူအဆင်ပြေပါတယ်ပေါ့..။

ကျွတ်...ဒီကောင်လေးကွာ..

ဒီလောက်ဖြစ်နေတာတောင်..သူတပါးအတွက် ငဲ့ညှာပေးနေသူလေးကြောင့် ဒိုက် ရင်ထဲ မပြောပြတတ်တဲ့ ခံစားမှု့တွေနဲ့ မချင့်မရဲ..။

အိမ်ပြန်ပြေးဖို့ ပွေ့လိုက်မိတော့..သေးသွယ်ပြေပြစ်လွန်းတဲ့ ဖြူလွှလွှကိုယ်လုံးလေးက လက်ထဲ ဆွေ့ခနဲ။မိုးက ကြာလေ သည်း လေမို့ အမြန်ပြန်ချင်နေတာသာ သိတာ..ပြန်မဲ့ လမ်းကျတော့ စဥ်းစားလို့ က မရ။သိသူက လဲ သတိမေ့နေတာမို့..သူ့ဘာသာပဲ လမ်းရှာဖို့ လုပ်ရတော့သည်။

လမ်းမတွေ့ရင်တောင်...မိုးခို စကာ တနေရာရာရှာတွေ့ တန်ကောင်းပါရဲ့ ။

လာခဲ့တဲ့ လမ်းလို့ထင်ရတဲ့ဘက်ကိုလျှောက်လာရင်း မှတ်မိသလိုလို ရှိလာတာမို့ ဒိုက်အားတတ်သွားမိသည်။သူထင်တဲ့ အတိုင်း ရွာ လမ်းမဆီ ပြန်ရောက်လာသည့်အခါ မှ စိတ်အေးနိုင်တော့တယ်။လမ်းမှန်ပြီဆိုတာသိတာနဲ့ တချိုးထဲ ပြေးရတေယ့တာ..အိမ်ရောက်သည်အထိ တချက်မှ မနားရဲ။တဝုန်းဝုန်းနဲ့ ရွာနေတဲ့ မိုးနှင့်အပြိုင် လက်ထဲက ကြိုးကြာဖြူလေးခမျာလဲ တုန်ခိုက်နေလေပြီ။

အိမ်ထဲ ရောက်ရောက်ချင်း ကိုယ့်အဝတ် ကိုယ်မလဲ အားသေးဘဲ..မြတ်သော ကို ကုတင်ပေါ် ချပေးလိုက်ပြီး အဝတ်အစားအသစ်တစုံနဲ့ သဘက် ပြေးယူ ရတယ်။ချမ်းလွန်းရော့ထင့်..တဆက်ဆက်တုန်ခါနေတဲ့ ကိုယ်လေးကို အသာပွေ့ချီပြီး ရေ သုတ်ပေးတော့..ရုတ်တရက် ညည်းသံတချက်ပြုရင်း ခါးကို တင်းတင်းဖက်ခံ လိုက်ရတာ မို့ ဒိုက် တောင့်တင်းသွားပြီး အသက်ပင့်အောင့်လိုက်မိသည်။

ကဆုန်ပေါက်နေတဲ့ ရင်ခုန်သံနဲ့အတူ ငုံ ကြည့်မိကာမှ လူးလဲ ထလာပြီး ရင်ခွင်ထဲ ပါ တိုးဝင်လာသူကြောင့် ဒိုက်မျက်နှာတခုလုံးရေနွေးပူနဲ့ ပက်ခံလိုက်ရသယောင် နွေးခနဲ။

နှောင်တွယ်ရစ်ငင် Where stories live. Discover now