Zawgi 20

151 7 0
                                    

ဟမ်..။

နိုးတဝက်နဲ့ မျက်စိမဖွင့်ပဲ ထဖို့ပြင်တော့ ရင်ဘက်ပေါ်က လေးလေးလံလံ အရာကြောင့် အလန့်တကြားမျက်စိ ဖွင့်ကြည့်မိတော့ အနီးကပ် မြင်လိုက်ရတာက ခပ်ထူထူနှုတ်ခမ်းပါး တခုရယ်..။မေးရိုးဘေးကျနေတဲ့ ငွေမှင်ရောင် ဆံပင်ရှည်တွေက နှုတ်ခမ်းပိုင်ရှင်က ဘယ်သူပါ ဆိုတာမေးစရာမလိုတော့အောင် ဖော်ပြနေသည်။တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ခုန်သံ နဲ့ မရဲတရဲ မျက်စိလှန်ကြည့်မိတော့ တဖက်သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရသည်။အသာလေး ထဖို့ ကြိုးစား မိကာမှ ရင်ဘက်က လက်က ခါးဆီရွေ့လာပြီး ခုနကထက် ပိုတောင်တင်းတင်းကြပ်ကြပ် ဖက်လာတာမို့..သူ့မှာ လှုပ်တောင်မလှုပ်ရဲတော့..။

အင်း...။

အိပ်ပျော်နေသူက သူ့ကိုသူ ဖက်လုံး ဖက်နေသည်ဟု ထင်မှတ်နေဟန်တူသည်။ည ည်းသံ တချက်နဲ့
သူ့ခေါင်းကို အတင်းပွေ့ပြီး ရင်ခွင်ထဲ ဆွဲ ယူ ပြန်သည်။

မြတ်သော...ရင် ခုန်ရ လွန်းလို့ အသက်တောင်ရှုနေမိရဲလား မသေချာ။လန့်လန့်နဲ့ ငြိမ်နေမိလိုက်တာ ဘယ်အချိန်က ပြန်အိပ်ပျော်သွားမှန်းပင်မသိတော့..။

....................................
အ...။

နိုးနိုးချင်း ကုတင်ကိုလက်ထောက်ပြီး ထမိတော့..လက်ဖဝါးက ဒဏ်ရာ တချို့ကြောင့် နာသွားသည်။

"ဖြေးဖြေး...ဖြေးဖြေး...ကိုယ့်ကို လှမ်းခေါ်လိုက်တာ မဟုတ်ဖူး...

ဒိုက်ကပြောပြောဆိုဆိုနဲ့ အပြေး အနားရောက်လာကာ ဘေးစားပွဲပေါ် ယူလာတဲ့ ဘန်းချလိုက်ပြီး သူ့ကို ပွေ့ထူပေးသည်။

ဒိုက် မျက်နှာကို မြင်ကာ မှ ညက ကိစ္စကိုတွေးမိသွားပြီး စိတ်အိုက်လာတာမို့ အာရုံပြောင်းနိုင်အောင် သူ့ဘက်ကပဲ စ စကားပြောလိုက်မိတယ်။

"အဟမ်း...ဒဏ်ရာတွေ အကို ဆေးထည့်ပေးထားတာလား..

"အာ...ဟုတ်တယ် မြတ်သော။မနေ့က ညနေက မုန်တိုင်းကျနေတော့လေ..အပြင်ထွက်ရ မလွယ်တာရယ် ကိုယ်ကလဲ ဆေးရုံ လမ်း မသိတာနဲ့ ။ဟို..ဆေးရုံ မပို့ပေးလို့စိတ်မခုပါနဲ့နော်..မနေ့က မင်းလေး
က အရမ်းအဖျားတတ်နေတော့လေ..ကိုယ်က

နှောင်တွယ်ရစ်ငင် Where stories live. Discover now