အပိုင်း ၁၀

544 61 5
                                    

"ဟဲ့..ငါပြောပြမယ်ဟယ်..လူဆိုတာ အိပ်ငွေ့ချရင်တော့ ဘဝ အကြောင်းတစေ့ တစောင်းထွက်လာတာပဲ..ခု နင့်လူကြီးက အိပ်ငွေ့ချချိန်မှာတောင်..မယ်တော်တွေ အကိုတော်တွေနဲ့..ကြည့်လဲ လုပ်ပါ ဟာ...တော်ကြာ အတိတ်မေ့နေတာ မဟုတ်ပဲနဲ့..အသွေးထဲ အသားထဲ က ကို အော်ရီဂျင်နယ်ရူး နေတာ ဖြစ်နေပါဦးမယ်ဟဲ့..”

သူ့စကားကို မြတ်သော က ပြုံးပြုံးလေးသာ နားထောင်နေလေ တယ်။လက်တဖက်ကတော့ သူ့ပေါင်ပေါ် ခေါင်းအုံးအိပ်နေတဲ့ ဟိုလူ့ကို ပွတ်ပေးလို့...။ သူ့အသံ နည်းနည်း ကျယ်သွားတော့.. တိတ်တိတ်နေရန် နှုတ်ခမ်းနား လက်ညိုး ကပ် ပြကာ အခန်းပြင် ဖက်ကို ထိုးပြ ပြန်တယ်။ အပြင်ထွက်ပြီး ဆက်ပြောမယ်ဆိုတဲ့ သဘော...။

မြတ်သော ဆိုတာ အဲ့လိုလူမျိုး..။ အမြဲ တမ်း တဖက်သားကို ကြင်နာတတ် ယုံကြည်ပေးတတ်လွန်းတယ်..။အနားမှာ သူတို့မောင်နှမရယ် ဝနတို့ ညီကိုရယ် သာ မရှိရင်..ဒီမျက်နှာ လှလှလေးနဲ့ ဘယ်လောက်တောင် အန္တရာယ် များလိမ့်မလဲ..။

သူလဲ..ပိုရန်ကော ဆိုတဲ့ သဘောနဲ့ မဲ့ပြကာ မျက်စောင်းပိတ်ထိုးလိုက်တော့ မြတ်သောက အသံ မထွက်ပဲ ရယ်လေတယ်။

"ကဲပါသစ္စာရယ်..နင်မမောဘူးလား..ဆေးရုံက ပြန်လာ ထဲက တဖျစ်တောက်တောက်နဲ့..တကယ်ပါပဲ..ဆရာဝန်ဆီ ဖုန်းခေါ်လိုက်ဦးမယ်..”

တီ..တီ..တီ..

"ဟယ်လို..ပြောပါ.
ဒေါက်တာ သက်ဝေ ဖုန်းပြောနေပါတယ်”

"အာ.. ဟုတ်ကဲ့..ကျွန်တော်တို့ ညနေက အိပ်ငွေ့ချကုထုံးယူသွားတဲ့ လူတွေပါ..”

"သြော်..ကိုမုန်းမာန်ရဲ့ ညီလေး ဆိုတာလား..။ဟုတ်ဟုတ် ကျွန်တော်မှတ်မိပါပြီ...”

"ဟုတ်ကဲ့ဒေါက်တာ..လူနာ ရဲ့ အခြေအနေ ကို သိချင်လို့ လှမ်းမေးတာပါ”

"အေးဗျ...ကျွန်တော် ဒီလို case မျိုးမမြင် ဖူးဘူးဗျ...သူ့ပုံစံကလဲ..ရူးနေတဲ့ လူ ကို အိပ်မွေ့ချရသလိုမျိုးလဲ မဟုတ်ဖူး...လူကောင်းကို အိပ်မွေ့ချရသလိုပဲ..လွယ်လွယ် ကူကူပါပဲအေးဗျာ...ခက်တာက...သူပြောတဲ့ စကားတွေက နည်းနည်း တမျိုးကြီး..ဟိုး​ခေတ်တုန်းကလိုလို ဖြစ်နေတာက ပြသနာပဲ။ဘယ်လိုနားလည်ရမလဲ..မပြောတတ်တော့ပါဘူးဗျာ...ကျွန်တော့် မှတ်ချက်ကတော့ အဲ့ လူက..ရူးနေတာတော့ မဟုတ်ဖူးထင်ရတယ်။အာရုံကြောဆရာဝန်ကရေးပေးတဲ့စာအရဆို..သူက အာရုံကြော တွေ ရှုပ်ထွေး နေတယ်ဆိုတော့...ခနလောက် ပုံမှန်အတိုင်းဖြစ်ဖို့ ပြန်စောင့်ကြည့်ရတော့မှာပဲ..”

"ဟူး.. ဒါဆို..ကျွန်တော်တို့က သူ့အာရုံကြောတွေ မယောင်ယမ်းတော့တဲ့ အထိ ခနစောင့်ကြည့်ပြီးမှ ရူးမရူး ပြန်စစ်ရတော့ မှာပေါ့..”

"အာ..ဟုတ်ပါတယ်ဗျာ့..”

"ဟုတ်ကဲ့ဒေါက်တာ..ခုလို အချိန်သက်သက်ပေးတာကျေးဇူးပါနော်”

မြတ်သော..ဖုန်းချလိုက်ပြီးပြီးချင်းပင်

"ကဲ..နင်ဘယ်လိုလုပ်မှာလဲ..ဆေးရုံ တင်ထားဖို့က မလွယ်ဘူးနော်..စရိတ်အရမ်းထောင်းတာ..ပြီးတော့ တခါတခါ ဓာတ်မှန်ရိုက်ရင်
တောင် စရိတ်က ချောင်တာမဟုတ်ဖူး..”

သစ္စာ စကားကို မြတ်သောက ခေါင်း ဖွဖွ ငြိမ့်ရင်း...

"အင်း...ဟိုမှာပဲ..ငါနဲ့ ခနခေါ်ထားလိုက်တော့မယ်ဟာ..ငါလဲ ကျောင်း ပိတ်နေတာပဲကို...”

"ဘယ်လို ဟဲ့..နင်ကလဲ..မဟုတ်တာတွေ...မသင့်တော်ဘူးလေဟဲ့..”

"အွန်..ငါက လဲ ယောကျာ်းလေးပါဟာ..ဘာက မသင့်တော်ရမှာလဲ”

ကျွတ်...ပြောခက်လိုက်တာ။နင့်ကို ဒီတိုင်းပဲ  ခနလေးစကားပြောဖူးတာနဲ့တင် ငါ့အကိုရော..ဝန အကိုရော ကြွေကုန် ကွေးကုန်ကျတာ မဟုတ်ဖူးလား။တအိမ်ထဲသာ နေမယ်ဆို...ကျွတ်..ငါရင်လေးတယ်

"ဒါဆို..ငါလဲလာနေမယ်..။”

"ဘာ..နင်က မိန်းကလေးလေ..။အခုပြောနေတာ အဓိပ္ပါယ်ရှိတယ်ထင်နေလား။ကိုယ့်အိမ်မှာ ကိုယ်နေ..လာမရှုပ်စမ်းပါနဲ့..နင်လာရဲ လာကြည့်..ငါ ကတ်သလောက် မရုိက်ပေးတော့ဘူး..”

"နင်..ဒါက...ကျွတ်..ဟာ”

တကယ်တော့ သစ္စာတို့က ဆွေဇင်မျိုးဆက်ချမ်းသာလာတာပင်..။ပြီးတော့..သစ္စာကလဲ Bနိုင်ငံက နာမည်အကြီးဆုံး ဒီဇိုင်နာ ကျောင်းက လက်မှတ်ရပြီးသားပင်။အခု ကျောင်းပြီးလို့ ကိုယ့်နိုင်ငံ ကိုယ်ပြန်လာပြီး ခြေကုပ်ယူဖို့လုပ်နေတာပင်..။

မြတ်သော ဝနနဲ့ သစ္စာ တို့က ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေသာ..။သူငယ်ချင်း တွေ ၁၀တန်းရောက်လို့ စာစုကျက်ကာ မှ မုန်းမာန်နဲ့ ​ခန့်မြဲ က မြတ်သောကို မြင်ဖူးသွားပြီး ကြွေ ကုန်ကျတာပင်..။

နှောင်တွယ်ရစ်ငင် Where stories live. Discover now