အပိုင်း ၂၃

251 32 4
                                    

'တူတူတူ...'

'ဟယ်လို...ရှင်..ကိုကို ဆေးရုံမှာဟုတ်လား...ဟုတ် ညီမ အခုလာခဲ့ပါမယ်ရှင့်....'

မြတ်သော ရှိုး လျှောက်နေတာ ကြည့်နေစဥ် ဖုန်းဝင်လာလို့ကိုင်မိတော့  ကြားလိုက်ရတာ က ကိုကိုဆေးရုံမှာတဲ့...။ သစ္စာ စိုးရိမ်စွာ နဲ့ လှမ်းကြည့်မိတော့ ရှိုးက ခုထိ မပြီးသေး...။

ကျွတ် စိတ်ညစ်ပါတယ်..။ ဒုက္ခပဲ...မတတ်နိုင်ဘူး.. ဆေးရုံ ခနပြေးလွှားပြီး ​အခြေအနေ ကြည့်ပြီးမှ မြတ်သောကို ပြန်လာ ခေါ်တော့မယ်.. ။ရှိုးပြီးဖို့က.. ၃ နာရီလောက်လိုနေသေးတာမို့ ပြသနာတော့သိပ်မရှိ..။

ဆုံးဖြတ်ချက်နဲ့အတူ အသဲ အသန် တက္ကစီ ငှားပြေး ရတာ အကိုရှိရာ ဆေးရုံ ဆီသို့..။ ပြန်လာ မခေါ် ဖြစ်ရင်တောင် မြတ်သောမှာကားပါလို့ ပြသနာတော့သိပ်မရှိလှ။

..................
"တူတူတူ...”

"ဟယ်လို မြတ်သော ပွဲ ပြီးသွားပြီလား...။အေးဟယ်..ငါဒီမှာလေ..ပြသနာလေး နည်းနည်းအရေးကြီးနေလို့..နင်..အိမ်ကိုယ့်ဘာသာ ပြန်လိုက်ပါလားဟင်....”

"ဘာဖြစ်လို့လဲ..နင့်အသံ နားထောင်ရတာ ထိတ်ထိတ်ပြာပြာ နဲ့..တခုခုဖြစ်နေတာလား..ငါလာခဲ့ရမလား..နင်ဘယ်မှာလဲ..”

"ရတယ်..ရတယ်..အချိန်က ည ၁၂ တောင်ကျော်နေပြီ..နင်မြန်မြန်ပြန်လိုက်တော့နော်..ကားလဲ ဖြေးဖြေးမောင်းဦး..အာ..ငါနင့်ကို စိတ်မချဘူးရယ်...”

"ဟင်..ငါ့ မိတ်ကပ်တွေကရော...”

"အယ်...ဟုတ်သားပဲ..”

သစ္စာသူ့နှဖူး သူ ရိုက်မိသွားသည်။ဟုတ်သား..သူပဲ မိတ်ကပ်ပြင်ပေး သူပဲ မိတ်ကပ် ​ဖျက်ပေးနေကြဟာကို..အကို့ကိစ္စကြောင့် လောနေတာနဲ့ မေးပြီးပြန်လာလိုက်မိတာ..ဘယ်ဝန်ထမ်းကိုမှ လဲ မပြောလိုက်မိ..။

"မြတ်သော အနားမှာ..ငါ့အလုပ်သမ လေးတွေ ရှိသေးလားဟင်..”

"မရှိတော့ဘူးလေ..ငါနင့်ကို ပက်ရှာနေတာနဲ့ အကုန်ပြန်ကုန်ပြီ..အခု ​ကားစီရောက်တော့လဲ နင်က မရှိတော့မှ..ဖုန်းခေါ်လိုက်ရတာ..”

"အေး..တောင်းပန်ပါတယ်သူငယ်ချင်းရယ်..နင် အိမ်ရောက်မှ မျက်နှာ သစ်လိုက်ပါတော့ဟာ..နော်...ဒါမှမဟုတ် အနားက တည်းခိုခန်းတခုခုမှာအိပ်လိုက်ပါလား.”

နှောင်တွယ်ရစ်ငင် Wo Geschichten leben. Entdecke jetzt