အပိုင်း၃၅

182 18 0
                                    

အဲလစ်..အကို့ မျက်နှာကို ကြည့်ရင်း...ဒူးများပင် မခိုင်ချင်ချင်ဖြစ်လာရသည်။မနက်ထဲက အရေးကြီးကိစ္စရှိလို့ အကို့ကို လာခေါ်လိုက်ရပေမဲ့..အကိုက လိုက်ချင်ခဲ့တာမဟုတ်..။တမနက်လုံးသုံမှုန်နေခဲ့ ပြီး...နာရီသာတကြည့်ကြည့်လုပ်နေခဲ့ သည်။ခုလဲ..အချိန်ပြည့်တာနဲ့ မြတ်သောရဲ့ ရူတင်ဆီ အပြေးအလွှာ လိုက်ပို့ ရသည်။ဟော...မြတ်သောရှိရာ
ရောက်လာပြန်တော့ ​ခပ်လှမ်းလှမ်းမှာ ရယ်မောနေသည့် ​မြတ်သောကို ပေါက်ထွက်မတတ် စိုက်ကြည့်နေတာ... မိနစ်၂၀ လောက်ပင် ရှိနေပြီ
.။တော်တော် ဆိုးဝါးနေတဲ့ အငွေ့အသက်တို့ကြောင့် သူလဲ..အကို့ကို စကားပင်မပြောရဲပဲ ငြိမ်နေရတော့တယ်...။

ကျေးဇူး ပြုပြီးအကိုရေ...ကျွန်တော့်ကို လန့်သေအောင်သတ်နေတာလားလို့....။😣😣😣

.................................................။

တောက်....ဒါကြောင့်မနက်ထဲက သူ ဒီကိုလိုက်လာချင်နေတာ..။အခုတော့ သူခနလေး လစ်လိုက်တာနဲ့  ဟိုကောင်က ကလေးငယ် နဲ့ အကြည် ဆိုက်နေပြီ...။မြတ်သောကလဲ..ဘာလို့ အဲ့လောက်တောင် ရယ်ပြနေတာလဲ...။

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့အတွက်တော့ တော်တော်အဆင်မပြေလှ....။ ခုံချင်းကပ် လျှက် ထမင်းစားနေကျရင်း..မြတ်သောက ဘာတွေသဘောကျနေသည်မသိ.။ဘေးက ဟိုလူကို ပြုံးပြနေတာများ....ကျွတ်။

တွေးရင်းတွေးရင်းထွက်လာတဲ့ ဒေါသတို့က ထိန်းမရ ဖြစ်လာကာ အသက်ရူသံတွေပင်တရှူးရှူး နဲ့ ကျယ်လောင်လာတော့သည်။ ထိုနေရာဆီကို ကမူးရှူးထိုး ပြေးသွားဖို့ ခြေလှမ်းပြီးကာမှ တစုံတခု ကို တွေးမိသွားရကာ ​ခြေလှမ်းကို အရှိန်ကမှန်းကတမ်းပြန်ရပ်လိုက်ရတယ််။

လက်သီးကို ကြစ်ကြစ်ဆုပ်ရင်းခနမျှ ငြိမ်သက်နေပြီးနောက်..မျက်လုံးထဲ မှာ တချက်လင်းလက်သွားတော့သည်။ထို့နောက်...
၂ချက်လောက် အသက်ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီး...အနည်းငယ် တည်ငြိမ်သွားဟန်နဲ့

နှောင်တွယ်ရစ်ငင် Where stories live. Discover now