အပိုင်း ၂၆

279 42 2
                                    

ခုဆို ဆေးရုံကနေ လူကြီးကဂျီကကြောင်တိုက်လွန်းလို့ ပြန်ဆင်း လာတာ ၁ပက်တောင်ရှိလေပြီ။

ဆန်ပြုတ် ​ပန်းကန်ကိုင်ရင်းဝင်လာတာ​မြင်တော့ ကုတင်ပေါ်က လူကြီးက ထထိုင်လေသည်။

"ဖြေးဖြေးထဦး..ချုပ်ရိုးတွေ ကွဲကုန်ဦးမယ်..ခေါင်းရော ကိုက်သေးလား”

"တချက်တလေ မူးရုံကလွဲရင် မဖြစ်တော့ပါဘူး..”

"ဒါနဲ့..ဒီရက်ပိုင်း နေမကောင်းလို့ထင်တယ်..လူကြီးက အရင်ကလောက်တောင် မပြုံးမရယ်တော့ဘူးရယ်။”

"ဟင် အရင်က ကိုယ်က ပြုံးရယ်နေလို့လား”

လူကြီးစကားကြောင့် မြတ်သော တခန စဥ်းစား နေဟန်နဲ့ ငြိမ်ကြသွားပြီး

"သူများတွေနဲ့တော့ သိပ်မရယ်မပြုံးပြ တတ်ပေမဲ့..မြတ်သောနဲ့ဆို အမြဲ နီးပါး ပြုံးပြနေတတ်သလိုပဲဟာ..ခုသိပ်မပြုံးပြတော့ စိတ်ထဲ တမျိုးပဲ..ဘာလို့လဲ မြတ်သောကြောင့်ဒဏ်ရာ ရရတယ်ဆိုပြီး စိတ်ခုနေတာလားဟင်”

မြတ်သော စကားကြောင့် ဒိုက် ရယ်လိုက်ရင်း

"နေမကောင်းတော့ နည်းနည်းစိတ်မကြည်တာနေမှာ..စိတ်ထဲထားမနေပါနဲ့ မြတ်သောရယ်..မင်းကို စိတ်ခုစရာလား..”

ဒေါက်ဒေါက်...။

"အယ်..ဘယ်သူပါလိမ့်..ရော့..အကို သောက်နှင့်ဦး..ကျွန်တော်တံခါးသွားဖွင့်လိုက်ဦးမယ်”

ဒိုက်လက်ထဲ ဆန်ပြုတ် ပန်းကန် လွှဲပေး ပြီး တံခါး သွားဖွင့်လိုက်တော့..
တခါမှ မမြင်ဖူးတဲ့ လူစိမ်းတဦး..။

အနောက်တိုင်းဝတ်စုံပြည့်နဲ့ ထိုလူက ရုပ်သာချောတာ ကြည့်တာနဲ့ ခက်ထန်သော ဥပတိရုပ် ပိုင်ရှင်မို့ မြတ်သော နည်းနည်းတော့တွန့်သွားသည်။မျက်နှာပေါက်
အရဆို ဒီနိုင်ငံသား ဟုတ်ပုံမရ.. ။

ဘုရား...ငါပြင်သစ်စကားတွေ စပိန်စကားတွေ မတတ်ဖူးနော်။

"ဒီမှာ..ကျွန်တော် အာရှာ ဂျော်နသန် ကိုလာတွေ့တာပါ..ခနလောက် ဝင်ခွင့်ရမလား..”

အာ..အာရှာဂျော်နသန် က ဘယ်သူတုန်း ။

"ဟို အိမ်မှားလာတယ်ထင်တယ်အကိုရဲ့..”

နှောင်တွယ်ရစ်ငင် Where stories live. Discover now