အလင်း(Arc -1.1)

13.1K 972 5
                                    

<Unicode>
"လင်း လာလေ"

ထိုလူ့အသံကြားမှအလင်းသတိပြန်ဝင်ကာထိုနေရာသို့လျှောက်သွာလိုက်ပီးထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

"လင်း အဆင်ပြေရဲ့လားဟင် သူတို့ကဝိုင်းဆူလိုက်ကြသေးလား ကိုကို့ကိုပြပါအုံးဘယ်နေရာတေအရိုက်ခံလိုက်ရသေးလဲ $#%$&#%$"

အလင်းရဲ့လက်နှစ်ဖက်ကိုအုပ်ကိုင်ကာစကားတေတောက်လျှောက်ပြောနေတဲ့ထိုလူကအလင်းရဲ့အာရုံကိုထပ်မံဖမ်းစားလိုက်ပြန်သည်။သွယ်လျှတဲ့မျက်နှာလေးတွင်မျက်ခုံးထူထူနှာတံသွယ်သွယ်လေးနဲ့ကြည်လဲ့တဲ့မျက်ဝန်းလေးကနေရာယူထားသည်။ထို့နောက်သွယ်လျှတဲ့နှုတ်ခမ်းလေးနဲ့ပါးထက်ကပါးချိုင့်လေးနှစ်ခုကပြီးပြည့်စုံလွန်းသည်ထက်ကိုပိုနေသည်။စိုးရိမ်တကြီးမေးမြန်းနေတဲ့စစ်သွေးကတိတ်ဆိတ်နေတဲ့အလင်းကြောင့်စိုးရိမ်စိတ်ကမြင့်တင်လာသည်။

"လင်း ကိုကို့ကိုစကားပြန်ပြောပါအုံး အဲ့လောက်တောင်အခြေနေဆိုးသွားတာလားဟင် လင်းအဲ့အိမ်မှာမနေချင်တော့ရင်ကိုကို့ဆီလာနေလို့ရတယ် ကိုကိုလင်းကိုစောင့်ရှောက်ပေးမယ် ကိုကို့အမှားမှန်းကိုကိုသိတယ် ဒါပေမယ့်ကိုကိုမတောင်းပန်နိုင်ဘူး လင်းကိုချစ်လွန်းလို့ပိုင်ဆိုင်ချင်မိတာ အခုလိုမြန်မြန်ဖွင့်ပြောခိုင်းလိုက်ရလို့လင်းမိသားစုကလက်မခံရင်တောင် ကိုကိုလင်းကိုလက်မလွှတ်နိုင်ဘူး မြန်မြန်ဖွင့်ပြောခိုင်းမိတဲ့အတွက်ကိုကိုမှားမှန်းသိပေမယ့်ကိုကိုမတောင်းပန်နိုင်ဘူး  ကိုကိုမင်းကိုပိုင်ဆိုင်ချင်တယ် မင်းကကို့ကို့အပိုင်ပဲ"

"ပြောလို့ပီးပီလား ပီးရင်ကျနော်ပြောမယ် မေမေတို့ကမကန့်ကွက်ဘူးလက်ခံတယ်တဲ့ သားချစ်သူကိုအိမ်ခေါ်လာခဲ့လို့တောင်ပြောတယ်"

"ဟင်!တကယ်လား လင်းတကယ်ပြောနေတာလား"

"အင်းဆို"

"ဝမ်းသာလိုက်တာလင်းရယ် ကိုကိုအရမ်းပျော်တာပဲ လင်းရောမပျော်ဘူးလား"

"ပျော်ပါတယ်"

"အလင်း မင်းလေးကကိုယ့်ရဲ့အသက်ပါပဲကွာ ဒီနေ့ကစပီးမင်းလေးကိုအသက်လို့ပဲခေါ်တော့မယ် နော် အသက်"

Love System (Completed)Where stories live. Discover now