အခိရာ(Arc -6.6)

9.8K 759 2
                                    

<Unicode>
အခိရာအစာစားထားတာကြောင့်ဗိုက်လေးနေတာမို့ကိုကို့အားခွင့်တောင်းပီးခြံထဲမှာလမ်းဆင်းလျှောက်နေသည်။ကိုကိုတော့သူ့အလုပ်ခန်းထဲမှာလက်ပ်တော့တစ်လုံးနဲ့အလုပ်ရှုပ်လို့နေသည်။

"ဟက် ပျော့ဖတ်ဖတ်နဲ့ကောင်"

အနောက်မှအသံကြားတာကြောင့်လှည့်ုကြည့်လိုက်တော့မီချီကိုပင်..

"အခုချိန်ပဲပျော့တာပါ ချစ်ရည်လူးတဲ့အချိန်ဆိုမာတောင်နေတာပဲ"

"နင်!နင်!"

"ငါ ငါ ဘာဖြစ်လဲပြော"

"ဟက် ရိုးသလိုလိုနဲ့နောက်ဆုံးတော့လဲဟန်ဆောင်ကောင်းတာပဲ"

"ငါကဟန်ပဲဆောင်တတ်တာ တချို့တေကမွေးရာပါကောက်ကျစ်တတ်တာ"

"နင် ဒါလင်ဆီကဘာလိုချင်လို့လဲ ပိုက်ဆံလား လိုသလောက်ပြောငါပေးမယ် ပီးရင်ဒီကထွက်သွား"

"စိန်တုံးကြီးကိုတောင်ရထားတာ အပိုင်းအစလေးတေဘာလို့လိုက်ကောက်နေရမှာလဲ ထွက်သွားရမှာကမင်း!"

"ငါကဒါလင်နဲ့စေ့စပ်ထားတဲ့သူ မကြာခင်မှာလက်ထပ်ရတော့မှာနင်သာအရှက်မရှိသူများလူကိုချူစားနေတာ!"

"ငါက..."

အခိရာကသူတို့ဆီကိုလျှောက်လာတဲ့မိုရုကိုမြင်တော့မဲ့ပြုံးလိုက်ကာ...

"အဟင့် အဲ့လိုမဟုတ်ရပါဘူး ဟင့် အခိရာက ကိုကို့ကိုချစ်မိသွားလို့ပါ"

"ဘာတေလာသရုပ်ဆောင်နေတာလဲ!"

မီချီကိုကကျောပေးထားတာမို့မိုရုကိုမတွေ့ပေ...။

"အီးဟီး အခိရာကိုကိုက်မစားပါနဲ့ ကြောက်ပါတယ် ဟင့် အခိရာကိုကို့ကိုချစ်လို့ပါ ထွက်မသွားပါရစေနဲ့ အီးး"

"အသက်!"

"အင့် ကိုကိုအသက်ကိုလာကယ်ပါအုံး"

"အသက် ဘာဖြစ်သွားသေးလဲ ဘာလို့ငိုနေတာလဲ!"

"ကိုကို ဟင့် သူကလေအသက်ကိုကို့ကို့နားကထွက်သွားခိုင်းနေတယ် အင့် ပီးတော့လေအသက်ကိုအရှက်မရှိဘူးတဲ့ သူများလူကိုချူစားနေတာတဲ့ အီးဟီး အသက်ကအဲ့လိုမဟုတ်ပါဘူးနော် ဟင့် ဟင့် အသက်က အသက်က.. အူးဝါးး"

Love System (Completed)Where stories live. Discover now