မိုးဒီပ(Arc -7.8)(end)

9.8K 766 10
                                    

<Unicode>
(bunny ငါပြောထားတာရပီလား)

(အဆင်သင့်ပဲ host)

ရုတ်တရက်မှောင်ကျသွားပီးပရိုဂျက်တာမှအလင်းများထွက်ပေါ်လာတော့ အားလုံးကပရိုဂျက်တာဆီအာရုံစိုက်လာကြသည်။ဖလင်ပြားတွင်ပေါ်လာတဲ့ပုံရိပ်ကြောင့်နန်းမြင့်မိုနဲ့ရန်နိုင်ဟာမျက်နှာများပျက်ယွင်းလာသည်။

/မောင် အဲ့တောသားကိုရအောင်ကွာမယ် ပီးရင်မနဲ့လက်ထပ်မယ်/

/နေအုံးမောင် မကွာသေးနဲ့အုံး သူ့ကိုမတို့အသုံးချလို့ရတယ်/

/ဘယ်လိုလဲ မ/

/ပရောဂျက်ကိစ္စကိုသူ့ကိုအသုံးချပီး မိုးထက်ရှိုင်းလက်ခံလာအောင်လုပ်ရမယ် ဒီပကိုမောင်နည်းနည်းလှည့်လိုက် မပြောတာနားလည်လား/

/မောင်သိပီ စိတ်ချ အဲ့ကောင်ကမောင်နည်းနည်းလောက်ခြွေလိုက်ရင်ရပီ သူကနုံတယ်ဘာမှမသိဘူး/

ထို့နောက် နောက်ထပ်ဖလင်တစ်ခုကိုပြောင်းသွားသည်။

/ကိုယ်စိတ်လွတ်သွားမိတာပါ ကိုယ်တကယ်ချစ်တာဒီပကိုပါ အဲ့တာကြောင့်မိုးထက်ရှိုင်းကိုကူပြောပေးနော်/

/တကယ်လို့ဒီပရောဂျက်သာအောင်မြင်သွားရင် ကိုယ်တို့ရွာပြန်ကြမယ် ပီးတော့အတူတူနေကြမယ်/

/ကတိနော်/

/ယောက်ျားကတိ/

/ဒီပ ချစ်တယ်နော်/

ပရိုဂျက်တာလဲပိတ်သွားရောအားလုံးရဲ့အကြည့်တေကနန်းမြင့်မိုနဲ့ရန်နိုင်ဆီရောက်သွားကြတော့သည်။နန်းမြင့်မိုတို့မှာရှက်ရှက်နဲ့ဘာလုပ်ရမလဲမသိပဲဒီတိုင်းသာတောင့်တောင့်ကြီးရပ်နေမိတော့သည်။

"အို ဒါကဘယ်လိုဖြစ်တာလဲ သူများယောက်ျားကိုမျက်နှာပြောင်တိုက်ပီးယူထားတာလား"1

"ဟုတ်ပဟယ် အရှက်မရှိလိုက်တာ သူများယောက်ျားကိုလုထားတာအားမရလို့ ပရောဂျက်အတွက်တောင်အသုံးချလိုက်သေးတယ်"2

"ဒီအောင်မြင်မှုကသူ့ကြောင့်မဟုတ်ဘူး ဘယ်လိုတောင်အရှက်မရှိတာလဲ ငါတော့ဟိုကောင်လေးကိုသနားလိုက်တာ"3

Love System (Completed)Where stories live. Discover now