ဟွာယောင်း(Arc -4.6)

10.4K 805 4
                                    

<Unicode>
"အားး!!!!!!"

"ဘာလဲ ဘယ်သူလဲ အ့!"

နားထဲစူးခနဲအော်သံကြောင့်လန့်နိုးလာတဲ့ဟွာယောက်းကအမှတ်တမဲ့ထထိုင်လိုက်မိတော့အောက်ပိုင်းကဆစ်ခနဲနာကျင်သွားရသည်။

"အား!အား!အားး!!!"

"နာရာ ဘာဖြစ်တာလဲ!"

တခါးဝတွင်နာရာကသူ့အားကြည့်ကာအသံဝင်သည်အထိကုန်းအော်နေတာကြောင့်အောက်ထပ်ကဂျီမင်းပါအပေါ်ထပ်သို့ပြေးတက်လာရသည်။

"အား!!! ဟွာယောင်း!နင် အခြောက်ကောင် ငါ့သားကိုဘာလုပ်လိုက်တာလဲ အားး"

သူပြောမှပြန်သတိထားမိသည်။သူကအိပ်ရာပေါ်မှာအဝတ်ဗလာနဲ့ဖြစ်နေပီးအကာရံဆိုလို့ခြုံထားတဲ့စောင်လေးတစ်ထည်သာရှိလေသည်။ဂွမ်ဝူကတော့ဘောင်းဘီတထည်ဝတ်ထားပီးအပေါ်ပိုင်းဗလာနဲ့ထိုင်နေသည်။ဟွာယောင်းဂွမ်ဝူအားကြည့်လိုက်ပေမယ့်သူကတော့ဘာမှမဖြစ်သလိုကုတက်တိုင်ကိုမှီကာထိုင်နေသည်။

သူလိုချင်သည်ကဒါပဲလေ။တမင်တကာမာမီတို့မြင်အောင်တံခါးလော့မချပဲထားထားတာ။လာမကြည့်မှာဆိုးလို့အအေးလာပို့ပါလို့တောင်အကူအဒေါ်ကြီးနဲ့တဆင့်ပြောခိုင်းလိုက်ရတာလေ။

"အား!ဟွာယောင်း နင့်ကိုရဲတိုင်မယ် ထောင်ချမယ် ငါ့သားလေးတော့ကုန်ပါပီ"

"ယောင်းလေး ဒါကဘယ်လိုတေဖြစ်ကြတာလဲ"

"ဘယ်လိုဖြစ်တယ်ထင်လဲ ဒယ်ဒီ အခုသေချာကြည့်လေအားလုံးကအရှင်းကြီးနဲ့ ကျနော်တို့နှစ်ယောက်ကအိပ်ပီးသွားပီ"

"တောက်စ်!ပိုင်လုံးကောင်နင်ငါ့ယောက်ျားကိုမရတော့ငါ့သားကိုဖျက်စီးတယ်ပေါ့လေ ဟမ်! အပျက်ကောင်!"

သူ့ဆီလှမ်းလာကာပါးရိုက်ဖို့ရွယ်လိုက်တာကြောင့်မျက်စိကိုမှိတ်ချလိုက်မိတော့..

"မာမီ! အသက်ကိုထိစရာမလိုဘူး!"

ဂွမ်ဝူကသူ့အားဆွဲဖက်ထားလိုက်ကာပြောလာသည်။

"နင်ဝင်မပါနဲ့!နင့်ကိုဖျက်စီးတဲ့ကောင်ကိုနင်ကကာကွယ်ချင်နေတာလား!"

"အသက်ကကျုပ်ကိုဖျက်စီးတာမဟုတ်ဘူး ကျုပ်ကအသက်ကိုအရယူလိုက်တာ"

Love System (Completed)Where stories live. Discover now