System Space

11K 762 3
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -60

တတ်မြောက်မှုပညာ -အဆိပ်ပညာပါ၊သူနာပြု၊၊တူရိယာ

(နောက်ကမ္ဘာအတွက်သင်ရမှာက အတိုက်ခိုက်ပါ)

8နှစ်ခန့်ကြာသော်....

(ပြန်လည်ကြိုဆိုပါတယ် နောက်ကမ္ဘာပို့ပေးရတော့မလား)

(အင်း)

စတင်ပို့ဆောင်နေပါပီ 3.2.1

"အားး!!!"

"အား! ဘာလဲဟ!"

"ပြေး ပြေး!"

"ပြေးရမယ် ဘယ်ကိုလဲ!"

ဂီးး ဂါးး

"WT* ဘာကြီးလဲဟ!"

ကြောက်စရာကောင်းတဲ့အကောင်ကြီးကတဂီးဂီးအော်ကာလူတေကိုလိုက်ကိုက်နေလေသည်။အကိုက်ခံလိုက်ရတဲ့လူတေကလဲခနတွင်းပဲအကြောကပ်သလိုဆန့်ငင်ဆန့်ငင်ဖြစ်လာကာထိုအကောင်ကြီးတေရဲ့အသွင်ပြင်တိုင်းဖြစ်သွားပီးတခြားသူများကိုလိုက်ကိုက်ပြန်သည်။

"ချီးပဲ! zombieတေဟ! ပါးပါးရေ!!"

zombieတစ်ကောင်ကသူ့ဆီအတင်းပြေးလာတာကြောင့်ဘေးကခုံနဲ့လွှဲရိုက်လိုက်ပီးထိုနေရာမှပြေးထွက်လာလိုက်သည်။သူအခုရောက်နေတဲ့အဆောက်ဦးကရုံးတစ်ခုဖြစ်ပုံရသည်။ဘာမှသိပ်တွေးမနေတော့ပဲပြေးသွားရင်းဓာတ်လှေကားတွေ့တာကြောင့်ထိုသို့ပြေးသွားရန်အလုပ်တံခါးပွင့်လာကာထွက်လာတဲ့zombieတေကြောင့်ဘေးကအခန်းထဲဝင်ပြေးရတော့သည်။အခန်းတံခါးကိုလော့ခ်ချလိုက်ကာမိတ္တူစက်ကြီးနောက်တွင်ဝင်ပုန်းလိုက်သည်။

(ဟောဟဲ!မောလိုက်တာ bunny!!!!!)

(ခင်ညာ)

(ငါဒီကလွတ်တာနဲ့မင်းကိုစွပ်ပြုတ်လုပ်သောက်ပစ်မယ်!)

(အူးးဝါးး ကျနော်ဘာမှမသိပါဘူး ကျနော်ကပို့ပဲပို့ပေးရတာပါ ဗြဲ... ကျနော့်အသားကမချိုပါဘူး)

(တိတ်စမ်း!နားညီးတယ် ဇာတ်ကြောင်းပြော)

(ဟုတ် ဟင့်)

ဇာတ်ကြောင်းက....

ဇာတ်လိုက်နာမည်ကခွန်းထစ်၊ဇာတ်လိုက်မကလူမီနာ၊သူကရှားမစ်။ဇာတ်လိုက်ကXကုမ္မဏီကCEOဖြစ်ပီးတော့သူနဲ့ဇာတ်လိုက်မကဝန်ထမ်းတေ။တစ်ရက်သူတို့ရှုံးချိန်မှာအလုပ်လုပ်နေတုန်းမြို့ထဲမှာvairsတစ်ခုပြန့်နှံ့သွားပီးလူတေအကုန်zombieတေဖြစ်ကုန်တယ်။နောက်တော့သူတို့ရှုံးထဲကိုပါ zombieတေဝင်လာတာမို့ထွက်ပြေးတမ်းရှောင်ရင်းဇာတ်လိုက်တို့နဲ့လူတစ်ချို့သာလွတ်မြောက်နေခဲ့သည်။နောက်တော့လွတ်မြောက်နေတဲ့သူတေအားလုံးဆုံမိသွားကြပီးရှုံးထဲကလူတစ်ဝက်ကျော်လောက်ကzombieအဖြစ်ပြောင်းသွားကြပီမို့လို့ရှုံးထဲမှာနေဖို့အဆက်မပြေတော့တာကြောင့်ကယ်ဆယ်ရေးအားအကူညီတောင်းပီးခေါင်မိုးထပ်သို့တက်ရန်အားလုံးဆုံးဖြတ်လိုက်ကြသည်။

Love System (Completed)Where stories live. Discover now