အုိလီဗာ(Arc -3.3)

11.2K 906 12
                                    

<Unicode>
"ဟေး အဲဗရက်နေကောင်းတယ်နော်"

"ကောင်းပါတယ် ဦးလေးလူဝိ့စ်"

"အေးကွာ ငါလဲမအားတာနဲ့လာမလည်ဖြစ်တာ မင်းအေးဆေးနားသိလား ကုမ္မဏီကိုလဲစိတ်မပူနဲ့ဦးလေးကြည့်ထားပေးတယ် စိတ်ချထားလိုက်"

"ကျေးဇူးပါဦးလေး"

"မလိုပါဘူးကွာ မင်းပစ္စည်းကလဲငါ့ပစ္စည်းပေါ့ကွာ အ ဟား ဟား"

"အဟက် ဟုတ်မှာပါ"

"ဒါနဲ့မင်းအတွက်ကလိုဝီကသူနာပြုငှါးထားကေးတယ်ဆိုအဆင်ပြေရဲ့လား"

"ပြေပါတယ်"

"အေး ကလိုဝီကမင်းကိုအရမ်းစိတ်ပူနေရှာတာ သူကိုယ်တိုင်ပြုစုပေးချင်ပေမယ့်မအားတော့သူ့ခမျာစိတ်မကောင်းဖြစ်နေတာ"

[ကလပ်ရောက်နေသောကလိုဝီ ဘီလိုက်😌🤔]

"ဒါနဲ့မင်းရဲ့သူနာပြုလေးရော"

"မီးဖိုချောင်ထဲမှာ"

"အော် ဦးလေးtolietခနသွားအုံးမယ်"

လူဝိ့စ်ဟာဧည့်ခန်းမှထလာပီးဦးတည်သွားသည်ကtolietမဟုတ်ပဲမီးဖိုချောင်ဘက်ကိုသာဖြစ်သည်။

"အိုလီဗာလေး.."

အသီးလှီးနေတဲ့အိုလီဗာကနောက်ကအသံကြောင့်လှည့်ကြည့်လိုက်တော့လူဝိ့်စ်ဖြစ်နေသည်။သူ့မျက်လုံးကလဲအိုလီဗာမျက်နှာတွင်မရှိအောက်ပိုင်းကိုသာသွားရည်အမြားမြားနဲ့ကြည့်နေသည်။

*ချီးပဲ လန့်တာ တနှာရူးကောင်!*

"အဟမ်! မျက်နှာကအပေါ်မှာ"

"အော် အဟင်း အိုလီဗာလေး ဘာလုပ်နေတာလဲ"

"မျက်လုံးနဲ့ကြည့် ဘာလုပ်နေတာမြင်လဲ"

"အဟက် စွာလိုက်တာကွာ ဦးကလဲအဲ့တာမျိုးမှကြိုက်တာ"

ဒုန်းး...

လျှာသပ်ကာအနားတိုးလာတဲ့လူဝိ့်စ်ကြောင့်အိုလီဗာဟာလက်ထဲကကိုင်ထားတဲ့ဓားဖြင့်ဘေးကငှက်ပျောသီးကိုယူကာအားပါပါခုတ်ချပြစ်လိုက်သည်။

"အာ ဓားလေးကထက်လိုက်တာ ထိလိုက်ရုံနဲ့ပြတ်ထွက်သွားနိုင်လောက်တယ် ဟုတ်မလား ဦးလေး"

Love System (Completed)Where stories live. Discover now