ယွီအာ(Arc -2.4)

12.2K 946 20
                                    

<Unicode>
"ငါကိုယ်တော်ကတော့ဘာသွေးမှမမြင်ပါဘူး"

"ရှင်!"

"ဟင်!"

ဖန်ချင်နဲ့ယီအာအပါဝင်အနားမှာရှိတဲ့စေခံတေကပါဘုရင့်စကားကြောင့်ပါးစပ်အဟောင်းသားပင်။ဒီလောက်ဖန်ချင်ရဲ့မျက်နှာဟာသွေးတေရဲနေတာကိုဘာမှမမြင်ပါဘူးဆိုတော့အားလုံးအံ့သြနေတာမဆန်းပါဘူး။

"မင်း မင်းကြီး ဒီမှာလေ ဖန်ချင်နှခေါင်းကနေသွေးတေကျနေတာ ဒီမှာလေ"

ဖန်ချင်ကသူ့ရဲ့သွေးစွန်းနေတဲ့လက်ကိုလုဟန်ရှေ့ထုတ်ပြကာဆိုတာသည်။

"ကိုယ်လုပ်တော်ဖန်ကနှခေါင်းထိတာမဟုတ်ပဲမျက်လုံထိသွားတာလား ငါကိုယ်တော်ကတော့ဘာသွေးမှမတွေ့ပါဘူး ကုန်းကုန်း!"

"ဗျာ ဗျာ"

"ခဗျားရော သွေးတေတွေ့လား"

မျက်လုံးကိုမှေးကျဉ်းကာဘေးမှရပ်နေသည့်ကုန်းကုန်းအားမေးလာတာကြောင့်ကုန်းကုန်းမှာသတွေးမြိုချကာ..

"တွေ့ အဟင်း မတွေ့ မတွေ့ပါဘူးမင်းကြီး"

"ကျန်တဲ့သူတေကောတွေ့ကြလား"

"မတွေ့ပါဘူးမင်းကြီး!"

"တွေ့လား ဘယ်သူမှမတွေ့ကြဘူးတဲ့ ကိုယ်လုပ်တော်ဖန်ကနေမကောင်းဘူးထင်တယ် အဆောင်မှာပြန်နားနေလိုက်ပါ မိဖုရားယွီကငါကိုယ်တော်အဆောင်ကိုခနလိုက်ခဲ့"

"ဟို.."

စကားမဆုံးသေးခင်လုဟန်ကလက်ကိုဆွဲကာခေါ်သွားတော့သည်။ဖန်ချင်ကတော့သူ့နှာခေါင်းကိုကိုင်ကာရပ်ကျန်ရစ်ခဲ့စည်။အစေခံများကလဲဘုရင့်ရဲ့ထူးဆန်းတဲ့အပြုမူကိုနားမလည်နိုင်ဖြစ်နေသည်။အားလုံးရဲ့ခေါင်းထဲမှာအတွေးတစ်ခုသာရှိသည်။အဲ့ဒါက....

*ငါတို့ရဲ့တရားမျှတတဲ့ဘုရင်ကဘာဖြစ်သွားတာလဲ*

..........

"မင်းကြီး"

"ကိုကိုလို့မခေါ်တော့ဘူးလား"

"ဟင်"

"မနေ့ကတော့ကိုကိုဆို"

"ကိုကို ခုနကလေ"

"ကိုယ်သိတယ်အသက် အသက်အမှားမဟုတ်ဘူး အသက်ကသူ့ကိုသတ်လိုက်ရင်တောင်ကိစ္စမရှိဘူး အသက်ဘာလုပ်လုပ်မှန်တယ်"

Love System (Completed)Where stories live. Discover now