အိုလီဗာ(Arc -3.6)

10.7K 843 4
                                    

<Unicode>
"ကံကောင်းချင်တော့ကိုယ်ကအသက်ရှင်ကျန်ခဲ့တယ်အဲ့တာကြောင့်ကိုယ့်ကိုသူကမွေးစားခဲ့တာ သူ့ထိန်းချုပ်မှုအောက်မှာနေပီးသူ့ရဲ့ရုပ်သေးရုပ်ဖြစ်အောင်ပေါ့ ကိုယ်ကလဲသူ့သဘောကျနေပေးခဲ့တယ် တဖက်လက်နဲ့လဲသူကိုယ့်မိဘတေကိုလုပ်ကြံထားတဲ့သက်သေကိုစုနေတာပေါ့ ဦးလေးအကြောင်းသိတဲ့အဖေကကိုယ်အသက်ပြည့်တော့အမွေလွှဲပြောင်းဖို့အတွက်သေတမ်းစာကိုကြိုစီစဉ်ထားခဲ့တယ် အဲ့ထဲမှာအမွေကိုကိုယ်ကလွဲရင်ဘယ်သူ့ကိုမှမလွှဲပြောင်းရဘူး ကိုယ်ကအမွေကိုမလိုချင်ရင်လဲတခြားသူကိုမလွှဲပြောင်းပဲအကုန်လှူပစ်လို့ရေးထားခဲ့တာ ဒါပေမယ့်ကိုယ်ကလွှဲပြောင်းယူလိုက်ရင်တော့ကိုယ်နဲ့လက်ထပ်မယ့်ဇနီးသည်ကိုတဝက်ခွဲပေးခွင့်ရှိတယ်တဲ့ အဲ့မှာပဲဦးလေးကကိုယ့်ကိုကလိုဝီနဲ့လက်ထက်ဖို့ပြောတော့တာပဲ ကလိုဝီကသူ့မယားပါသမီးမှန်းကိုယ်စုံစမ်းပီးသိလိုက်ရတယ် ကိုယ့်မိဘတေအတွက်သက်သေစုဖို့ကလဲအချိန်လိုနေသေးတော့ အချိန်ဆွဲလို့ရအောင်ကိုယ်ဟန်ဆောင်နေခဲ့တာ အခုတော့ဆက်ပီးဟန်ဆောင်စရာမလိုတော့ဘူး ကိုယ့်မှာသက်သေအားလုံးပြည့်စံသွားပီ"

ထို့နောက်အတော်ကြာသည်အထိတစ်ယောက်နဲ့တစ်ယောက်ဘာမှမပြောဖြစ်ကြပေ။အဲဗရက်ကအိုလီဗာအားရေချိုးပေးခြင်းကိုလက်စသတ်ကာအချစ်အမှတ်များနဲ့ပြည့်နေတဲ့လည်တိုင်လေးကိုတဖန်စုပ်နမ်းလိုက်သည်။

"မလုပ်နဲ့တော့ အရာတေအများကြီးဖြစ်နေပီ"

"အင်း မလုပ်တော့ဘူး"

"ကိုကို့ဘာသာဆက်ချိုးတော့နော် ကျနော်မနက်စာသွားပြင်ပေးမယ်"

"အင်း"

"မွ အကြာကြီးလုပ်မနေနဲ့အုံး"

"ဟုတ်ပါပီဗျာ"

.......

အိုလီဗာအဝတ်စားလဲပီးအောက်ထပ်သို့ဆင်းလာကာမနက်စာလုပ်နေလိုက်သည်။အဲဗရက်ကကော်ဖီအရမ်းကြိုက်တာမို့သူ့အတွက်ကော်ဖီစေ့ကိုစက်နဲ့ကြိတ်ကာဖျော်လိုက်သည်။

တီ တောင်..

ထိုအချိန်ဘဲလ်သံကြားတာကြောင့်ထွက်ဖွင့်ကြည့်လိုက်တော့..

Love System (Completed)Where stories live. Discover now