real life

8.3K 602 8
                                    

<Unicode>
"ဒယ်ဒီကြီး ကျနော့်ကိုခေါ်တယ်ဆို"

"အေး ထိုင်ပါအုံး"

"ဟုတ်"

"တခြားတော့မဟုတ်ပါဘူး မင်းလဲအိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပီလေ အဲ့တော့ငါမင်းကိုယုယုနဲ့နေရာချထားပေးချင်လို့"

"ကျနော်လက်မခံပါဘူး ဒယ်ဒီကြီး!"

"ဘာလို့လဲ ယုယုကလှပပီးမိန်းကလေးပီသတဲ့သူတစ်ယောက်ပဲအိမ်ထောင့်တာဝန်လဲထမ်းဆောင်နိုင်တယ် မင်းကဘာလို့လက်မခံနိုင်ရတာလဲ"

"ကျနော့်မှာချစ်ရမယ့်သူရှိတယ်"

"ယုယုကမင်းကိုချစ်တယ်"

"ဒယ်ဒီကြီးလဲနှင်းယုကိုချစ်တာပဲမဟုတ်လား"

"......"

"ကျနော်သိပါတယ် နှင်းယုကိုစိတ်ချမ်းသာစေချင်လို့ကျနော့်လက်ထဲရင်နာနာနဲ့ထည့်ပေးနေတယ်ဆိုတာ ကျနော်သူ့ကိုမချစ်ဘူး ဒယ်ဒီကြီး ကျနော်ချစ်တာအသက်ကို ဘာတေဘယ်လိုပဲဖြစ်လာပါစေကျနော်အသက်ရဲ့လက်ကိုပဲတွဲမှာ နှင်းယုကိုကျနော် ညီမလေးတစ်ယောက်ထက်မပိုဘူး ဒယ်ဒီကြီးအတင်းကျပ်စီစဉ်ဖို့မကြိုးစားပါနဲ့ အဲ့တာကဘယ်သူ့အတွက်မှအကျိုးမရှိဘူး ကျနော်တို့သုံးယောက်လုံးနာကျင်ရမှာ နှင်းယုကိုဒယ်ဒီကြီးလောက်ဘယ်သူမှမချစ်ပေးနိုင်ဘူး"

"ဟူးး ငါ့လိုလူကိုယုယုကလက်ခံမယ်မင်းထင်နေတာလား မင်းလက်မခံရင်ငါအတင်းကြပ်မစီစဉ်ပါဘူး ငါကယုယုကိုပျော်စေချင်ရုံပါ အဲ့တာကြောင့်ငါတတ်နိုင်သလောက်လေးလုပ်ပေးချင်တာပါ"

စကားဝိုင်းဟာတိတ်ဆိတ်သွားပီးဒယ်ဒီကြီးဟာတိတ်တဆိတ်ဝမ်းနည်းနေခဲ့တယ်။လူကြမ်းကြီးကမျက်ရည်ကျတယ်ဆိုတာနည်းနည်းတော့ရှက်စရာကောင်းနေတယ်မလား။ဒါပေမယ့် လူကြမ်းတေကလဲအသွေးသားနဲ့ဖွဲ့စည်းထားတာလေ ချစ်တတ်တာပေါ့ ခံစားတတ်တာပေါ့ တသက်လုံးဘယ်သူ့ကိုမှမချစ်ဖူးပဲ ဒုစရိုက်လောကမှာ သာကျင်လည်နေခဲ့တဲ့သူကအသက်40ရောက်မှ ကိုယ့်ထက်10နှစ်ကျော်ငယ်တဲ့သူကိုချစ်မိသွားမယ်လို့မထင်ခဲ့။ဒါပေမယ့် ကိုယ့်ကြောင့်တော့ သူလေးရဲ့တောက်ပတဲ့အနာဂတ်ကိုမပျက်စီးစေချင်ပါ တစ်သက်လုံးတစ်ယောက်ထဲနေခဲ့တဲ့သူက ကျန်ရှိနေတဲ့ကာလမှာတစ်ယောက်ထဲပဲနေဖို့ဆိုတာအရမ်းကြီးလဲခက်ခဲလောက်မှာမဟုတ်ပါဘူး။

Love System (Completed)Where stories live. Discover now