real life

9.5K 734 6
                                    

<Unicode>
"ဆေးလိပ်ကကိုယ့်ကိုအဖော်ပြုပေးတဲ့တစ်ခုထဲသောအရာလေ"

ထိုလူ့ခေါင်းမှာလဲသူ့လိုပတ်တီးကြီးနဲ့မို့....

"ခဗျားကဒီကလူနာလား"

"ဆိုပါတော့ ဖူးး"

"အဟွတ် အဟွတ်"

လွမ်းသွေးငယ်ရဲ့မျက်နှာတည့်တည့်ကိုဆေးလိပ်ငွေ့များမှုတ်ထုတ်လိုက်တာကြောင့်ချောင်းတဟွတ်ဟွတ်ဆိုးကုန်သည်။

"ခဗျား!!"

လွမ်းသွေးစိတ်တိုကာထိုလူ့လက်ထဲကဆေးလိပ်ကိုလုလိုက်ပီးခြေထောက်နဲ့တက်နင်းလိုက်တော့သည်။လွမ်းသွေးလုပ်ရပ်ကြောင့်ထိုလူကမျက်မှောင်ကျုံ့ကာသူ့အားစိုက်ကြည့်ပီးတဖြည်းဖြည်းအနားကပ်လာတာကြောင့်လန့်သွားသည်။

"ခ ခဗျားဘာလုပ်မလို့လဲ!"

ထိုလူကလွမ်းမျက်နှာကိုသာစိုက်ကြည့်နေပီးလက်ကမျက်နှာရှေ့ရောက်လာတာကြောင့်သူ့ကိုရိုက်တော့မယ်ထင်ပီးမျက်လုံးကိုမှိတ်ချလိုက်မိတော့သည်။

"အဟင်း"

ရယ်သံသဲ့သဲ့လေးနဲ့အတူနှာခေါင်းထိပ်လေးသို့ကျရောက်လာတဲ့အထိတွေ့လေးကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့သူ့နှာခေါင်းကိုလက်ညှိုးလေးနဲ့တို့နေတဲ့ထိုလူ။

ဒုတ် ဒုတ်

*ကိုကိုလား!! ကိုကိုဟုတ်တယ်မလား!*

ထိုလူကသူ့အားဆွဲငင်စွာကြည့်နေပီးသူ့အကြည့်တေကအဓိပ္ပါယ်ဖော်ဖို့ခက်ခဲလှသည်။လေတစ်ချက်တိုးဝှေ့သွားတော့လွမ်းသွေးရဲ့မျက်နှာရှေ့ဝဲကျလာတဲ့ဆံပင်လေးအားထိုလူကသပ်တင်ပေးကာနှဖူးကပတ်တီးကိုဖွဖွလေးကိုင်ပီး...

"နာလား"

"နည်းနည်း"

ထိုလူကပတ်တီးအားထိရုံလောက်သာနမ်းလိုက်သည်။

"ရာဇာ!ရက်ရာဇာ!! နင်ဘာလုပ်..."

အဲ့အချိန်မှာပဲ မိန်းကလေးတစ်ယောက်က ရောက်လာပီးသူတို့နှစ်ယောက်ကို ထူးဆန်းသလိုကြောင်ကြည့်နေသည်။

"ဘာကိစ္စလဲ"

"ဟို ဆရာဝန်roundလှည့်မှာ အဲ့တာနင့်ကိုလာခေါ်တာ"

Love System (Completed)Where stories live. Discover now