real life

8.1K 616 1
                                    

<Unicode>
wedding day.....

"ပါးပါး အသက်ကမပီးသေးဘူးလားဟင်"

"ခုမှဝင်သွားတာလေ သားရာဇာရဲ့ စိတ်ရှည်မှပေါ့"

"အသက်ကမပြင်လဲလှပီးသားကိုဗျာ ကျနော်တွေ့ချင်လှပီ"

"ခုမှ8နာရီပဲရှိပါသေးတယ် ပွဲက11နာရီမှစမှာလေ သွား သွားအောက်မှာအဆာပြေတစ်ခုခုသွားစားနှင့် ပွဲရောက်ရင်ဘာမှစားလို့ရမှာမဟုတ်တော့ဘူး"

"ကျနော်မစားတော့ပါဘူး အသက်အတွက်သွားယူပေးလိုက်ပါ့မယ် သူလဲဗိုက်ဆာနေမှာ"

"အေး အေး သားလေး"

ရာဇာ မီးဖိုခန်းထဲဝင်ကာလွမ်းသွေးအတွက်နွားနို့နဲ့ကိတ်မုန့်များပြင်ဆင်နေတုန်း...

ring ring...

"ဟယ်လို"

"ရာဇာ ဒီကိုမြန်မြန်လာပါအုံး! တဖက်ဂိုဏ်းကလူတေငါတို့ကိုအလစ်ဝင်တိုက်နေပီ!!!"

ဒိုင်း....ဒိုင်း...

သေနတ်သံတေနဲ့ဆူညံနေတာကြောင့်နှင်းယုကစကားကိုအော်ပြောနေရသည်။ထိုအချိန်...

ဒိုင်း...

"ဒယ်ဒီကြီး!!ရာဇာ အမြန်လာပါတော့!"

တီ တီ

"ဟယ်လို ဟယ်လို! ဟာ!တောက်စ်! ဒီလိုနေ့မျိုးမှာမှကွာ"

"သားရာဇာ ဘာဖြစ်တာလဲ"

"ပါးပါး ကျနော်အိမ်ကိုပြန်မှရမယ် ဒီမှာအသက်အတွက်မနက်စာ ပါးပါးပဲကျွေးလိုက်ပါနော် ကျနော်ချက်ချင်းပြန်လာခဲ့မယ်"

"ဂရုစိုက်သွားနော်"

အကြောင်းရင်းကိုမသိတဲ့လွမ်းကတော့ဂရုစိုက်ဖို့သာမှာလိုက်သည်။ရာဇာကားသော့ဆွဲကာတဟုန်ထိုးမောင်းနှင်လာသည်။

တဖက်၌....

"ဒယ်ဒီကြီး!!"

"ယုယု နောက်ဆုတ်နေ! ဒယ်ဒီဘာမှမဖြစ်ဘူး"

"ဒယ်ဒီကြီး လက်မောင်းမှာ..."

လက်မောင်းထဲစိုက်ဝင်နေတဲ့ကျည်ဆံကြောင့်သွေးများစီးကျနေလေသည်။

"ကိုယ်ဘာမှမဖြစ်ဘူး ယုယု ကိုယ့်စာကြည့်ခန်းကိုသွား ဗီဒိုနောက်ကခလုတ်ကိုဆွဲလိုက်ရင်မြေအောက်ခန်းတံခါးပွင့်လာလိမ့်မယ် အဲ့လမ်းကိုသုံးပီးယုယုလွတ်အောင်ပြေး ကြားလား"

Love System (Completed)Where stories live. Discover now