ယွီအာ(Arc -2)

12.8K 992 44
                                    

<Unicode>
(mission ကအသက်မသေစေရန်နဲ့ဇာတ်လိုက်မအကြောင်းဖော်ထုတ်ရန်ပါ)

(အခုကဘယ်အချိန်ရှိပီလဲ)

(ဇာတ်လိုက်မကနန်းတွင်းထဲရောက်နေပါပီ)

*ယွီအာလို့ပဲသုံးပါတော့မယ်*

"တစ်ယောက်ယောက်လာစမ်း!"

"ဘာလိုအလိုရှိပါလဲမိဖုရား"

"ကိုယ်လုပ်တော်ဖန်ဆီသွားကြမယ် အော် ပီးတော့ အကောင်းစားချည်ထည်လေးနှစ်ထည်သုံးထည်လောက်ပါယူလာခဲ့"

"ဟုတ်ကဲ့ပါ မိဖုရား"

........

"မိဖုရားယွီကြွလာပါတယ်!"

"ဟမ်!"

ခြေထောက်အနှိပ်ခံနေတဲ့ဖန်ချင်ဟာအစေခံမလေးရဲ့စကားကြောင့်ကောက်ကျစ်စွာပြုံးလိုက်သည်။မိဖုရားကိုယ်တိုင်ကလာတွေ့တာဆိုတော့သူ့ကိုမကျေနပ်လို့ပဲဖြစ်နိုင်သည်။သူကနဲနဲလေးထပ်ဆွပေးလိုက်ရင်မိဖုရားကသူ့ကိုတစ်ခုခုလုပ်မယ်အဲ့အခုကျရင်သူကကြာပန်းဖြူယောင်ဆောင်လိုက်မည်လေ။

*အဟင်း တွေ့ကြပီပေါ့*

"မိဖုရားကိုဂါရဝပြုပါတယ်"

"နေကောင်းပါရဲ့လား ကိုယ်လုပ်တော်ဖန်"

"မိဖုရားရဲ့မေတ္တာတေကြောင့်ကျန်းမာပါတယ် ဒါနဲ့ဘာကိစ္စများရှိလို့ပါလဲ"

"အော် ဘာရယ်မဟုတ်ပါဘူး နန်းတော်ထဲဝင်တဲ့နေ့ကနှုတ်မဆက်လိုက်ရလို့ အခုလာနှုတ်ဆက်တာပါ ပီးတော့လက်ဆောင်လဲယူလာတယ်"

ချည်ထည်များကိုဖန်ချင်လက်ထဲကိုယ်တိုင်ထည့်ပေးကာပြုံးပြလိုက်တာကြောင့်ဖန်ချင်မှာကြောင်ကနဲဖြစ်သွားသည်။

"နောက်များအားရင်လေ အဆောင်ကိုလာလည်လို့ရတယ်သိလား အဲ့အခုကျရင်လက်ဖက်ရည်နဲ့ဧည့်ခံမယ်"

"ဟုတ်ကဲ့ပါမိဖုရား"

"အော် လက်ဆောင်ကိုကြိုက်ရဲ့လား အဲ့တာအကောင်းစားချည်တေနဲ့ရက်လုပ်ထားတာလေ ဝတ်တော့ဝတ်ဖူးတယ်မလား"

"ဝတ် ဝတ်ဖူးပါတယ်"

"တော်သေးတာပေါ့ အကောင်းစားချည်ဆိုတော့လေမဝတ်ဖူးတဲ့သူတေဝတ်ရင်ဝဲပေါက်တတ်လို့လေ ကိုယ်လုပ်တော်ဖန်ကဝတ်ဖူးတော့ကောင်းတာပေါ့"

Love System (Completed)Where stories live. Discover now