အိုလီဗာ(Arc -3.1)

11K 886 6
                                    

<Unicode>
"ဒါဆို ကလိုဝီပြန်တော့မယ်နော် သူ့ကိုလစာမပေးလဲရတယ် နေစရာနဲ့စားစရာပေးရင်ပဲရပီ"

*ငါ့ကိုဘယ်အဆင့်ထိပို့နေတာလဲ ပုန်းရည်ကြီးမရဲ့*

ကလိုဝီကထွက်သွားတော့အခန်းထဲတွင်သူတို့နှစ်ယောက်သာကျန်နေခဲ့တော့သည်။

"ကိုယ့်နာမည် အဲဗရက်"

"အိုလီဗာပါ"

"ချစ်စရာလေးပဲ"

"ဗျာ"

"အော် နာမည်လေ ချစ်စရာလေးလို့"

"ကျေးဇူးပါ ဒါနဲ့လေ ကျနော်ဘယ်မှာနေရမှာလဲ"

"ကိုယ့်အခန်းမှာပဲနေရမယ် အဲ့ဒါမှတစ်ခုခုဆိုအဆင်ပြေမှာလေ"

"အင်း"

"ကိုယ်ရေချိုးချင်တယ်"

"ဟုတ် ကျနော်လုပ်ပေးပါ့မယ်"

အရင်ဆုံးရေချိုးခန်းထဲဝင်ကာbathtubeထဲသို့ရေဖြည့်လိုက်ပီးဆပ်ပြာမြှူပ်များထည့်ဖျော်လိုက်သည်။ထို့နောက်ပြန်ထွက်ကာဝှီးချဲလ်ကိုရေချိုးခန်းထဲသို့တွန်းလာပီးbathtubeဘေးမှရပ်လိုက်သည်။

"ဟို အင်္ကျီချွတ်မယ်နော်"

"အင်း"

ကြယ်သီးများကိုတစ်လုံးချင်းဖြုတ်ကာချွတ်ပေးလိုက်တော့ပေါ်လာတဲ့ရင်အုပ်ကျယ်ကြီးနဲ့အဖုအထစ်တေကြောင့်အိုလီဗာနှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။အကျင်္ီချွတ်ပီးသွားပေမယ့်ဘောင်းဘီကိုချွတ်ဖို့လက်လှမ်းရန်တွန့်ဆုတ်နေသည်။

"ဟိတ် ဘောင်းဘီပါချွတ်ပေးလေ"

"အင်းပါ"

ခါးပတ်ကိုဖြုတ်လိုက်ကာဘောင်းဘီဇစ်ကိုဆွဲချလိုက်တော့ရုတ်တရက်ဘောင်းဘီအောက်တွင်မူမမှန်လာတာကိုသတိထားလိုက်မိတော့မျက်နှာဟာဖြန်းခနဲနီသွားကာ...

"ခ ခဗျား အောက်က"

"ကိုယ့်အောက်ကဘာဖြစ်လို့လဲ"

"ခဗျားကြည့်လေ"

"ကိုယ်မှမမြင်ရတာ"

"ဟုတ်သားပဲ ခါတိုင်းခဗျားဘယ်လိုရေချိုးလဲ"

"ဒီတိုင်းကိုယ့်ဘာသာလုပ်ရတာပေါ့"

"အ အခုလဲကိုယ့်ဘာသာပဲလုပ်လိုက်ပါလား"

Love System (Completed)Where stories live. Discover now