မိုးဒီပ(Arc -7.3)

9.2K 765 4
                                    

<Unicode>
"ကိုယ်သွားပီ​နော် အသက် တစ်ခုခုလိုတာရှိရင်ဖုန်းဆက်လိုက်သိလား"

"အင်းပါ သွားသွား အော် ဒါနဲ့ နေ့လည်စာလာပို့ပေးမယ်"

"ရပါတယ်ကွာ အပင်ပန်းမခံပါနဲ့"

"အဲ့လိုတော့လဲဘယ်ဟုတ်မလဲ ကျနော်လက်ရာလေးစားစေချင်လို့ပါ နော် လာပို့မယ်နော်"

"ဟုတ်ပါပီကွာ သဘောပါ"

"သွားတော့လေ တာ့တာ"

"အဟင်း တာ့တာပါဗျာ"

........

ရှိုင်းကုမ္မဏီမှာနိုင်ငံခြားဧည့်သည်နဲ့meetingထိုင်နေတာအတော်ကြာနေပီ။အခုလောက်ဆိုဒီပကရောက်နေလောက်ပီ သို့သော် သိပ်တော့စိန်ပူစရာမရှိ။ဘာလို့ဆိုကောင်တာကမိန်းကလေးတေကိုဒီပနာမည်နဲ့လာရင်သူ့အခန်းကိုလွှတ်လိုက်ဖို့ကြိုပြောထားတာကြောင့်သူ့လေးညောင်းနေမှာမပူရတော့ သူ့အခန်းမှာသက်တောင့်သက်သာနေနိုင်မည်လေ။

meetingပီးတော့၁၂ခွဲနေပီမို့သူ့ရုံးခန်းကိုအမြန်သွားလိုက်သည် မဟုတ်ရင်သူ့အသက်လေးစောင့်နေရတော့မှာလေ။

"ပီးပီလား"

"အင်း စောင့်နေရတာကြာသွားလား"

"သိပ်မကြာသေးပါဘူး လာ ထိုင် ကျနော်ထမင်းပွဲပင်ထားပေးတယ်"

စားပွဲပေါ်တွင်ပန်းကန်ပြားလေးနဲ့ကျကျနနတည်ခင်းထားတဲ့ထမင်းဝိုင်းလေးကိုကြည့်ပီးရှိုင်းရင်ထဲနွေးထွေးသွားသည်။

"ဒါလေးကပုဇွန်ဆီပြန်လေး ပီးတော့ ဒါက ချဉ်ပေါင်ရွက်အချဉ်ဟင်း အော် ဒါလေးအရင်စားကြည့်ကြည့် ကျနော်ပထမဆုံးလုပ်ထားတာ"

ဒီပကရှိုင်းပန်းကန်ထဲကိုအရွက်သုပ်တမျိုးထည့်ပေးလေသည်။

"ကောင်းလား"

"အင်း ကောင်းတယ် ချဉ်ချဉ်နဲ့စူးစူးလေး ဘာအရွက်လဲဟင်"

"သရက်ရွက်"

"ဟင်! သရက်ရွက်?"

"ဟုတ်တယ် မနက်ကသရက်သီးသုပ်လေးထည့်ပေးချင်လို့ ခြံထဲကသရက်ပင်ကိုသွားကြည့်တာအသီးတစ်လုံးမှမတွေ့လို့ သရက်ရွက်အနုလေးတေခူးပီးသုပ်ထားတာ ကောင်းလား ကျနော်စမ်းကြည့်ချင်တာကြာပီအခုမှလုပ်ရတာ"

Love System (Completed)Where stories live. Discover now