real life

9.5K 741 42
                                    

<Unicode>
ပါးပါးဆီမှတရားဝင်ခွင့်ပြုချက်ရပီးနောက်ရာဇာဟာလွမ်းသွေးတို့အိမ်ကိုချောင်းပေါက်မတက်ဝင်ထွက်နေတော့သည်။ဒယ်ဒီဆီမှခွင့်ပြုချက်ရရေးအတွက်ပါးပါးကိုမုန့်တေနဲ့လဲလာဘ်ထိုးတတ်သေးသည်။ဘာဆိုင်လဲမမေးနဲ့ ဒယ်ဒီကပါးပါးစကားပဲလူရာဝင်တယ်ထင်တာ။

"ပါးပါး နေကောင်းတယ်နော်"

"အင်း ကောင်းပါတယ် သွေးကအပေါ်ထပ်မှာ"

"ဟုတ် ကျနော်သွားလိုက်မယ်နော် ဒီမှာပါးပါးအတွက်မုန့်တေဝယ်လာတယ်"

"ဒုက္ခရှာလို့ မလိုပါဘူး"

"ယူပါ ပါးပါးရယ် ပါးပါးကအသက်ကိုမွေးပေးခဲ့တာနဲ့တင်ကျနော့်ရဲ့အဖိုးဖြတ်မရတဲ့ဖခင်တစ်ယောက်ဖြစ်နေပါပီ ပါးပါးကစိတ်ထားလေးကလဲဖြူစင်လူလေးကလဲချောလိုက်တာမှနတ်သားလေးကျနေတာပဲ"

"ဟိုကောင်!ငါ့ယောက်ျားကိုဘာမှလိုက်ဖားမနေနဲ့ အခုချက်ချင်းငါ့အရုပ်လေးနားကခွာစမ်း!"

လှေကားပေါ်ကဆင်လာတဲ့ရောင်နီကလူအရင်မရောက်သေးအသံကအရင်ရောက်နေပီ။

"မောင်ကလဲ ကလေးကို"

"ဘာကလေးလဲ အဲ့ရုပ်ကကလေးလား အဲ့ကလေးကောင်ကကိုယ်တို့သားကိုတက်အုပ်ဖို့ချောင်းနေတာ"

"မောင်!"

"ဒါကတော့ဗျာ တဏှာမျက်လုံးနဲ့ကြည့်ရင်တဏှာပုံရိပ်ပဲပေါ်မှာပေါ့"

"ဒီကောင်!!!"

ထိုးရန်လက်ရွယ်လာတဲ့ရောင်နီကြောင့်လွမ်းအမြန်ဆွဲလိုက်ကာ..

"မောင်!မလုပ်ပါနဲ့ သားရာဇာအပေါ်တက်တော့"

"ဟုတ်ပါးပါး"

"အရုပ်လေး မောင့်ကိုလွှတ် အဲ့ကောင်ကိုအမွှေးနှုတ်ပစ်မယ်!"

"နောက်မှနှုတ်ပါမောင်ရယ် လာပါ လွမ်းဗိုက်ဆာပီ"

"ဟင့် အရုပ်လေးမျက်နှာကြောင့်သာကြည့်နေတာ တစ်စက်မှအချိုးမပြေဘူး"

"စိတ်လျှော့ပါမောင်ရယ်"

လွမ်းချော့မော့ပြောတော့မှစိတ်လျှော့လိုက်တဲ့မောင်ကတချက်ချက်နှုတ်ခမ်းကစူထွက်လာသေးသည်။

Love System (Completed)Where stories live. Discover now