ယွီအာ(Arc -2.1)

12.3K 994 1
                                    

<Unicode>
"ငါမဆင်းတတ်တော့ဘူး!"

"ရှင်!မိဖုရား မဆင်းတတ်ဘူးလား ဒုက္ခပါပဲ"

တက်တုန်းကလွယ်သလောက်ဆင်းရန်ငုံ့ကြည့်လေပိုမြင့်လာလေခံစားရတာကြောင့်သစ်ပင်ကွကြားတွင်သာခွထိုင်၍ငိုမဲ့မဲ့ဖြစ်နေသည်။

"ဟင့် ပါးပါးရေ သားကိုကယ်ပါအုံး"

"မိဖုရား အဲ့အတိုင်းပဲနေနော် ရှီးအာအကူညီသွားတောင်းလိုက်မယ် မလုှပ်နဲ့နော်အဲ့တိုင်းလေးနေ"

ရှီးအာကကြောင်ကိုကိုင်ကာပြေးသွားပီးယွီအာတစ်ယောက်သာအပင်ပေါ်တွင်ကျန်နေခဲ့သည်။

"ပါးပါးရေ ပါးပါးရဲ့ သားအဖြစ်ကိုလာကြည့်ပါအုံး တစ်ယောက်ယောက်ကယ်ကြပါအုံး!"

ထိုအချိန်အပင်အောက်တွင်လူရိပ်လေးမြင်လိုက်ရတာကြောင့်...

"အောက်ကလူ အောက်ကလူ ကျနော့်ကိုကူညီပါအုံး ဒီမှာပြန်မဆင်းတတ်လို့"

ထိုလူကသူ့အသံကြောင့်မော့ကြည့်လာသည်။

"ကြားလားလို့ ကူညီပါအုံးနော် ဟင့် ဒီပေါ်မှာကြောက်စရာကြီး"

"မငိုနဲ့ ကိုယ်ကူညီပေးမယ် အရင်ဆုံးအတည့်ထိုင်လိုက်"

"အင်း"

"ပီးရင်ခုန်ချလိုက်"

"ဟမ်!ရူးနေလား မခုန်ချပါဘူး"

"ဘာမှမဖြစ်ဘူး ကိုယ့်ကိုယုံ ကိုယ်ဖမ်းထားပေးမယ်"

"ဟင့်အင်း"

"ဟင်!ယွီအာ!ငြိမ်ငြိမ်နေ မလှုပ်နဲ့"

"ဘာ ဘာဖြစ်လို့လဲ"

"မလှုပ်နဲ့ နောက်ကိုလဲလှည့်မကြည့်နဲ့"

"ဘာ ဘာဖြစ်လို့လဲလို့"

"အနောက်မှာမြွေ"

"ဟမ်!မြွေ!အားး ကြောက်တယ်"

ကြောက်ကြောက်လန့်လန်နဲ့ခုန်ချလိုက်တော့ထိုလူကလှမ်းဖမ်းပေမယ့်ဟန်ချက်ပျက်ကာသူပါလဲကျသွားသည်။ယွီအာအကြောက်လွန်ကာမျက်လုံးမဖွင့်နိုင်သေးပေ။ခနနေတော့မှသူ့အခြေနေကိုကြည့်တော့ဟိုလူကအောက်မှာလဲနေပီးအပေါ်ကသူ့ကိုလက်နှစ်ဖက်ဖြင့်တင်းတင်းဖက်ထားသည်။ထိုလူရဲ့တောင့်တင်းရဲ့ရင်အုပ်ကြွက်သားတေကအဝတ်စားပေါ်ကနေသိသိသာသာပြည့်ထွက်နေကာယွီအာရဲ့မျက်နှာနဲ့ထိကပ်နေသည်။

Love System (Completed)Where stories live. Discover now