မိုးဒီပ(Arc -7.1)

9.4K 699 2
                                    

<Unicode>
"အာ ချစ်လှစွာသောယောက်ျားရောက်ပီလား!"

"မိုး မိုးဒီပ!!"

"ဟုတ်တယ် ငါပဲ!"

ဒီပကလက်ထဲကခရီးဆောင်အိတ်တေကိုကြမ်းပြင်ပေါ်ပစ်ချကာအသံကျယ်ကျယ်လေးပြောလိုက်သည်။တမင်အရှက်ခွဲချင်လို့တည်းခိုခန်းတောင်အရင်မရှာပဲသူ့ရုံးကိုလာကာအထုတ်တေကိုပါတစ်ခါထဲသယ်လာခဲ့ခြင်းပင်။

လမ်းလယ်ခေါင်မှာအထုတ်တေချကာဖရိုဖရဲဖြစ်နေတဲ့ဒီပပုံစံကြောင့်ရုံးဝန်ထမ်းတေရော နိုင်ငံခြားဧည့်သည်တေပါကွက်ကြည့်ကွက်ကြည့်လုပ်နေကျသည်။ရန်နိုင် ဒီပနားအမြန်လျှောက်သွားကာ...

"မင်းဒီကိုဘာလာလုပ်တာလဲ!"

"ဘာလဲ ကိုယ့်လင်ဆီကိုလာတာ အကြောင်းပြချက်ပေးနေရမှာလား!"

"မင်းတိုးတိုးပြောစမ်း!!"

"မပြောနိုင်ပါဘူး ဘာလို့ပြောရမှာလဲ ကိုယ့်လင်မို့ကိုယ့်လင်လို့ပြောတာလေ ခဗျားနဲ့ကျုပ်ယူထားတာငါးလတောင်ရှိပီကို!"

"တောက်စ် လာစမ်း!"

"အ့ လက်နာတယ်!"

ရန်နိုင်ဒီပလက်ကိုဆွဲကာအပြင်ကိုခေါ်ထုတ်ရန်ကြိုးစားနေတာကြောင့် ဒီပကကြမ်းပြင်ပေါ်ထိုင်ချပစ်ကာ...

"မသွားဘူး ဖောက်ပြန်တဲ့ယောက်ျား!ခဗျားကကျုပ်ကိုရွာမှာထားခဲ့ပီး ဒီကဟာမနဲ့ယူမယ်ပေါ့လေ!!"

"မင်းတော်တော့!"

"မတော်နိုင်ပါဘူး!"

"ဘာဖြစ်နေကျတာလဲ"

"မ!"

"မောင် ဘာဖြစ်နေတာလဲ"

"ဆိုတော့ ဒါခဗျားယူမယ့်သူပေါ့"

"မင်းကဘယ်သူလဲကောင်လေး"

"ခဗျား မောင်လို့ခေါ်နေတဲ့သူရဲ့ယောက်ျား တစ်နည်းပြောရရင်လင်ကြီးပေါ့"

"မိုးဒီပ!!"

"ဘာလဲ ရန်နိုင်!!"

"ဒီကမောင်လေးက မောင့်ရဲ့ခင်ပွန်းဆိုတော့ ဒီမှာပဲတစ်ခါတည်းပြောလိုက်ပါမယ် မောင်နဲ့ကွာရှင်းပေးပါ မင်းလိုချင်သလောက်တောင်းနိုင်တယ် နစ်နာကျေးအနေနဲ့ပေါ့"

Love System (Completed)Where stories live. Discover now